April 16, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ကြားဖြတ်သတင်း - မောင်တောမြို့တွင် ရိုဟင်ဂျာ အိမ်နှစ်အိမ် လုယက်ခံရ


M.S. Anwar 
RB News 
10.3.2013 

မောင်တော ။ ။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၂ နာရီခန့်တွင် နစက တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ် တပ်နှင့် ရခိုင် အစွန်းရောက် အချို့ ပူးပေါင်း၍  မောင်တောမြို့ နယ်၊ ရွှေဇားရွာရှိ ရိုဟင်ဂျာ လူမျိုးများ ၏ နေအိမ်နှစ် အိမ်ကို ၀င်ရောက် စီးနင်း  ခဲ့ကြောင်း သတင်း ရရှိပါ သည်။ ထို့အပြင် ၀င်ရောက် စီးနင်း၍ လုယက် ခံ ရသော မိသား စုနှစ်စု မှ ပထမ မိသားစု အား ဖမ်းဆီး၍ နစကနယ်မြေ(၆) လက်အောက်ခံ စခန်းအမှတ်(၁၄) တွင် ချုပ်နှောင် ထားကြောင်း သိရှိရ ပါသည်။ 

“ဒီနေ့နံနက် ၂ နာရီလောက်မှာ၊ နစက၊ ရဲနဲ့ စစ်တပ်က ရခိုင်အစွန်းရောက်တွေနဲ့ ပူးပေါင်း ပြီးတော့ ရွှေဇား ကျေးရွာအုပ်စု၊ ဂူးနားဖာရာရွာမှာ ရှိတဲ့ ဦးအဘူရှာဒါ (အသက် ၆၀ နှစ်ခန့်) နဲ့ သူရဲ့ ယောက်ဖ ဦးရမ်ဇမ် အလီ (အသက် ၃၆ နှစ်) တို့ရဲ့ အိမ်တွေကို ဖောက်ပြီး ၀င်တယ်။ ပထမ အိမ်မှာ ဦးအဘူရှာဒါနဲ့ သူ့ရဲ့ မိန်းမ၊ သမီးတို့ကို အော်ပြီး ပတ်ဝန်းကျင်ကို အကူအညီ တောင်းဖို့ ကြိုးစားတော့ ဦးအဘူရှာဒါ ရဲ့ နောက်ကျောကို ဓါးနဲ့ ထိုးတယ်။ ပြီးတော့ သူ့ရဲ့မိန်းမနဲ့ သမီးရဲ့ ခေါင်းကို ဓါးနဲ့ထိုးလိုက်တော့ သွေးထွက်ရင်း တန်းလန်းနဲ့ သ တိ လစ်သွား ကြတယ်။ 

အဲဒီနောက် ငွေကျပ် ၁၀ သိန်းနဲ့ရွှေ ၁၅ ကျပ်သားလောက်လု ယူသွားခဲ့တယ်။ အဲဒီ မိသားစုမှာ အားလုံး ၁၁ ယောက်ရှိ တယ်။ အားလုံးကို အကြောင်းပြချက်ဘာမှ မပေးဘဲ ဖမ်းသွားပြီးတော့ အခု နစကနယ်မြေ (၆) လက်အောက်ခံ စခန်း အမှတ် (၁၄) မှာချုပ်ထားတယ်။ တချိန်ထဲမှာဘဲ ဦးအဘူရှာဒါ ရဲ့ယောက် ဖ ဖြစ်တဲ့ ဦးရမ်ဇမ်အလီရဲ့ အိမ်ကိုလည်း ၀င်ပြီး ငွေကျပ် ၅ သိန်းနဲ့ ငွေ ၇ ကျပ်သားလောက်လု ယူသွားခဲ့ တယ်” ဟုဒေသခံ ရိုဟင်ဂျာ တစ်ဦးမှ ပြောပါသည်။ 

“ကျွန်တော်တို့ ရဲ့  နေအိမ်တွေကို ရခိုင်အစွန်းရောက် တွေက သြဇာ အာဏာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ လာ ပြီး လုယက်ရင် ဘာမှလုပ် လို့မရဘူး။ ကျွန်တော်တို့ရဲ့ အသက်၊ သိက္ခာနဲ့ ပိုင်ဆိုင်မှုတွေကို မကာကွယ်နိုင် ဘူး။ လူပုံသဏ္ဍန်နဲ့ လူယုတ်မာတွေရဲ့ လက်ထဲမှာ ကျွန်တော်တို့ရဲ့ အနာဂတ်က ဘယ်လိုဖြစ် မယ်ဆိုတာ ကျွန်တော်တို့ မသိဘူး” ဟုအဆိုပါ ဒေသခံ မှပြောပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus