နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာများ ၁၈ ရာစုမတိုင်မှီ ကတည်းက ရှိခဲ့ကြောင်း ဦးရွှေမောင်မှ မီဒီယာများကိုပြော


RB News 
10.3.2013 

ရန်ကုန် ။ ။ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ လူမျိုးများသည် ၁၈ ရာစုမတိုင်မှီကတည်းက ရှိ ခဲ့ ကြောင်းကို ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦး ရွှေမောင် မှ နိုင်ငံခြားသတင်းဌာ နနှစ်ခုနှင့်တွေ့ဆုံ၍ ရန်ကုန်မြို့ရှိ ၎င်း၏ ရုံးခန်းတွင်  ပြောကြား ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

ယမန်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ကျင်းပသော ရခိုင်သမိုင်း ဆိုင်ရာဆွေးနွေးပွဲ တစ်ရပ်တွင် ရခိုင်သမိုင်း ပညာရှင် တစ်ဦးဖြစ်သည့် ဒေါက်တာအေးချမ်းမှ သမိုင်း သုတေသီ ဦးဌေးလွင်ဦး၏ မေးခွန်း တစ်ရပ်ကို ရယ်မောဖွယ်ရာ သဖွယ်ဖြေ ကြားခဲ့သည်။ ၁၇၉၉ တွင်မှတ်တမ်း ပြုစုခဲ့သည့် Francis Buchanan-Hamilton ၏ မှတ်တမ်းတွင် အာရ်ကာန်ဒေသ တွင်နေထိုင်သော မဟာမေဒင် (Mohammedans) များသည် ရိုအင်ဂါများ ဖြစ်သည်ဟု ရေးသားထားသည်ကို ဒေါက်တာအေးချမ်းမှ ရခိုင်များကို ရည်ညွန်း၍ ရေးသား ထားကြောင်း ဦးဌေးလွင်ဦးအား ဖြေကြားခဲ့သည်။ မဟာမေဒင်များ သည် ဗုဒ္ဓဘာသာဝင်များ မဟုတ်သည်ကို မေးခွန်း ထုတ်ရန် မလိုသည့်အပြင် Buchanan ၏ မှတ်တမ်း တွင် မှတ်တမ်း တင်ထားသည့် ဘာသာ စကားမှာလည်း ယနေ့ ရိုဟင်ဂျာ လူမျိုးများပြော ဆိုနေသည့်ဘာ သာ စကား သာဖြစ် ပါသည်။ 

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်မှ စင်ကာပူနိုင်ငံတွင် အခြေစိုက်သည့် ကမ္ဘာ့နာမည်ကြီး သတင်း ဌာနတစ်ခု ဖြစ်သည့် The Economist မှ အရှေ့တောင် အာရှသတင်းထောက် Dr. Richard Cockett နှင့်ယနေ့ နှစ်နာရီကြာ အင်တာဗျူးတွင် အာရ်ကာန်ဒေသ၏  မဟာမင်းကြီး တစ်ဦး  ဖြစ်ခဲ့သည့် Mr Chales Paton ၏ ၁၈၂၆ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ တွင်ရေးသားခဲ့ သည့်မှတ်တမ်း၌ အာရ်ကာန်ဒေ သ တွင် မော့ဂ် (ရခိုင်) ၆၀၀၀၀၊ မွတ်စလင် (ရိုဟင်ဂျာ) ၃၀၀၀၀ နှင့်မြန်မာလူမျိုး ၁၀၀၀၀ တို့ ဗြိတိသျှ ကိုလိုနီ မတိုင်မှီရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေဆိုင်ရာကိစ္စများ၊ ရခိုင်ပြည်နယ် တွင်ဖြစ်ပွား ခဲ့သည့် အကြမ်း ဖက်မှုများနှင့် ရိုဟင်ဂျာသမိုင်း ဆိုင်ရာများကို အကျယ်တ၀န့် ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။ 

ထို့အပြင် ဟောင်ကောင်နိုင်ငံ အခြေစိုက် သြစတြီးယားနိုင်ငံ သတင်းဌာန တစ်ခုဖြစ်သည့် The Vienna Daily မှ အရှေ့တောင်အာရှ သတင်းထောက် Mr Patrick Boehler နှင့်လည်း တစ်နာရီခွဲကြာ အင်တာ ဗျူးတွင် ရခိုင်ပြည်နယ် တွင်း အကြမ်းဖက် မှုများ၊မြန်မာ နိုင်ငံပြုပြင်ပြောင်းလဲနေမှု အခြေအနေ တို့ ကို ပြော ကြား ခဲ့ကြောင်း ၎င်း၏ ကိုယ်ပိုင်ဖေ့ဘုတ် စာမျက်နှာတွင် ရေးသားထားပါသည်။

Comment ရေးရန်

Rohingya Exodus