သမ္မတကို သြစ တြေးလျ ရောက် တိုင်းရင်း သားများ ဆန္ဒပြ
ကင်ဘာရာမြို့တွင် သမ္မတဦးသိန်းစိန်ကို ဆန္ဒပြနေသည့် ရိုဟင်ဂျာများ (ဓါတ်ပုံ - AP) |
Radio Australia
19.3.2013
မြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သြစ တြေးလျ နိုင်ငံ မြို့တော် ကင်ဘာရာမှာ ရောက်ရှိ နေစဉ်မှာပဲ မဲလ်ဘဲန်းမြို့၊ ကင်ဘာ ရာမြို့နဲ့ ဆီဒနီ မြို့မှာ နေထိုင် ကြတဲ့ မွန်၊ ကချင်၊ ကရင်နဲ့ ချင်း တိုင်းရင်း သားတွေ အပါ အဝင် ရိုဟင်ဂျာ တွေလည်း ကင်ဘာရာမြို့ ကို လာရောက် ဆန္ဒပြခဲ့ ကြပါတယ်။
ကင်ဘာ ရာမြို့မှာ ရှိတဲ့ သြစ တြေးလျ ဘုရင်ခံချုပ်ရဲ့ အိမ်ရှေ့နဲ့ သြစ တြေးလျ နိုင်ငံ ပါလီမန် အဆောက် အဦးရှေ့မှာ ဆန့်ကျင် ဆန္ဒပြမှု တွေပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့တို့ကို သြစတြေးလျ ဘုရင်ခံချုပ်က နေ့လည်စာ တည်ခင်း ဧည့်ခံပြီး ပါလီမန် ရှေ့မှာရှိတဲ့ ဝန်ကြီး ချုပ်ရုံး မှာ တွေ့ဆုံ မှုတွေ လုပ်ခဲ့တဲ့ အတွက် အဲဒီနေရာ တွေမှာ ဆန္ဒပြ ခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြ သူတွေက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အလို မရှိတဲ့ အကြောင်း၊ နိုင်ငံရေး အ ကျဉ်းသား တွေကို လွတ်ပေးဖို့ အကြောင်း၊ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ ထိုးစစ်ဆင်မှုတွေကို ရပ်တန့်ပေးရေး၊ လူမျိုးတုံး သတ်ဖြတ်မှုတွေ ရပ်တန့်ရေး၊ လူမျိုး ဘာသာ ခွဲခြားမှုတွေ ရပ်တန့် ရေးတွေကို အဓိကထား တောင်းဆို ခဲ့ကြတာ ဖြစ်ပါတယ်။
သြစတြေးလျ နိုင်ငံ မြို့တော် ကင်ဘာရာမှာ သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြကြတဲ့ တိုင်းရင်းသားများ (ဓါတ်ပုံ - ABC) |
မဲလ်ဘဲန်း မြို့က ဦးပဉ္ဇင်း ဦးတေဇော ဘာသကလည်း လူ့အခွင့် အရေး ချိုးဖောက် မှုတွေ သံ ဃာ တွေခံစား ခဲ့ရတာတွေနဲ့ ပတ် သက်ပြီး သမ္မတ ကိုတွေ့ဆုံ တင်ပြ လိုတာကြောင့် ကင်ဘာ ရာမြို့ကို လာပြီး ဆန္ဒပြ တာဖြစ် တဲ့ အကြောင်း၊ ကချင် တိုင်းရင်းသား တွေရဲ့ အကြီး အကဲဖြစ် သူ ဒေါ်ပေါက်နန် ကလည်း ကချင် ပြည်နယ်မှာ ဖြစ်နေတဲ့ လူ့အခွင့် အရေး ချိုးဖောက် မှုတွေကို ရပ်တန့်ဖို့ စစ်အင်အား တိုးချက် မှုတွေ ရပ်တန့် ဖို့နဲ့ စစ်ဘေး ဒုက္ခ သည်တွေကို အကူ အညီပေး ဖို့ တောင်းဆို လိုတဲ့ အကြောင်း ပြောသွား ခဲ့ပါတယ်။
သြစ တြေးလျ နိုင်ငံ ကရင် အဖွဲ့ အစည်းရဲ့ တွဲဖက် ဥက္ကဌ ဦးမန်း အောင်လန်းဒို ကလည်း မြန်မာ နိုင်ငံ သမ္မတ အနေနဲ့ သြစ တြေးလျ နိုင်ငံကို လာရောက် တဲ့အခါ ကြိုဆို လိုပေမယ့် လည်း မြန်မာ နိုင်ငံမှာ ဆင်းရဲ မွဲတေမှု တွေ၊ ထိုးစစ် ဆင်မှု တွေ၊ သံဃာ တော်တွေ အပေါ် နှိမ်နှင်း မှုတွေ၊ အပစ် အခတ် ရပ်စဲရေး ကို အကြောင်း ပြပြီးတော့ တိုင်းရင်း သားဒေသ တွေမှာ တပ်အင်အား တိုးချဲ့မှုတွေ ဆက်လုပ် နေ တာကြောင့် ကြိုဆိုမှု တွေမလုပ်ပဲ ဆန့်ကျင် ရတာဖြစ်တယ် လို့ဆိုပါတယ်။
အဲဒါ အပြင် ဆန္ဒ ပြပွဲမှာ ပါဝင်တဲ့ ရိုဟင်ဂျာ အဖွဲ့ရဲ့ဥက္ကဌ မိုဟာမတ် အဏ္ဏဝါ ခေါ် ကိုဇော်နိုင် က လည်း မြန်မာ အစိုးရ အနေနဲ့ ရိုဟင်ဂျာ တွေရဲ့ နိုင်ငံသား အခွင့်အရေး ပြန်လည် ပေးဖို့နဲ့ လူမျိုး ဘာသာ ခွဲခြားမှု တွေရပ်တန့်ဖို့ အဓိက တောင်းဆို သွားခဲ့ပါတယ်။
ဒီကနေ့ မှာတော့ သမ္မတ ဦးသိန်းစိန် နဲ့အဖွဲ့ဟာ ဆီဒနီမြို့ကိုရောက် ရှိ နေပြီးတော့ သြစ တြေးလျ နိုင်ငံစီးပွား ရှင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ညနေပိုင်း မှာတော့ သြစတြေးလျ နိုင်ငံ တိုင်းရင်းသား အတိုက် အ ခံ ခေါင်းဆောင် တွေနဲ့ တွေ့ဆုံမယ် လို့လည်း သတင်းတွေ ရရှိထား ပါတယ်။