နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့ တောင်ပိုင်းရှိ ရိုဟင်ဂျာ ရွာများတွင် လုယက် ခံနေရ


M.S. Anwar 
RB News 
20.3.2013 

မောင်တော ။ ။ မောင်တောမြို့ တောင်ပိုင်း ကွန်ခါရာ ဖာရာ (ပဒင်) ကျေးရွာ အုပ်စုရှိ ရွာအချို့တွင် နစက နယ်မြေ (၇) လက်အောက်ခံ စခန်း အမှတ် (၁၄) ၏ လက်ရှိ တာဝန်ခံ ဖြစ်သူ ကိုထွေးမှ လုယက်မှု များပြုလုပ်နေ ကြောင်း သတင်း ရရှိပါသည်။ အဆိုပါ စခန်း၏ စခန်းမှူး ဖြစ်သူ ဗိုလ်ကြီး မျိုး ထိုက်အောင်အား ရခိုင် ပြည်နယ် အမ်းမြို့ရှိ စစ်ရုံးချုပ်တွင် စစ်ဆေးမှုများ ပြုလုပ်ရန် ခေါ်ဆောင် သွား ကြောင်း သိရပါသည်။ စခန်းမှူး မရှိသည့် အချိန်တွင် လက်ထောက် ဖြစ်သည့် ရခိုင် အစွန်းရောက် ကိုထွေးမှ အထက်ပါ ရွာများတွင် လုယက်မှုများ ကျူးလွန်နေ ခြင်းဖြစ်သည်။ 

“ဗိုလ်ကြီး မျိုးထိုက်အောင် ကိုအမ်းမြို့မှာ ရှိတဲ့ စစ်ရုံးချုပ်မှာ စစ်ဆေးဖို့ ခေါ်သွားတယ်လို့ သိရတယ်။ အဲဒီ ဗိုလ်ကြီးကို ဇန်န ၀ါရီလ (၂၈) ရက်နေ့က ဘဂုံးနားမှာ ရိုဟင်ဂျာ တစ်ယောက်ကို သတ်လိုက်တဲ့ စစ်တပ် အရာထမ်း တစ်ယောက်က တိုင်လိုက် တယ်လို့ သိရတယ်။ ဗိုလ်ကြီး မျိုးထိုက်အောင်က အဲဒီတုန်းက အလောင်းကို ဖျောက်ပစ်ဖို့ မပေးဘဲ ဆေးရုံကို ခွဲစိတ်ဖို့ အတွက် ပို့ခဲ့တယ်။ အဲဒါကြောင့် လူသတ်တဲ့ သတင်းက ပေါက်ကြား လာတယ်။ အဲဒါနဲ့ ပတ်သက်ပြီး လူသတ်မှု ကျုးလွန်ခဲ့တဲ့ စစ်တပ် အရာထမ်းက ဗိုလ်ကြီး မျိုးထိုက်အောင်ကို ကုလားတွေကို ထောက်ခံ အားပေး နေတယ်လို့ စွပ်စွဲ ပါတယ်။ 

အခု ဗိုလ်ကြီး မျိုးထိုက်အောင် မရှိတော့ သူ့ရဲ့ လက်ထောက် ရခိုင် အစွန်းရောက် တစ်ယောက် ဖြစ်တဲ့ ကိုထွေးက ပဒင် ကျေးရွာ အုပ်စုမှာ ရှိတဲ့ ရွာတွေမှာ လုယက်မှု တွေကို ကျူးလွန်နေ ပါတယ်။ ရိုဟင် ဂျာ တွေဆီက လုယက်တယ်။ ဘာအကြောင်း ပြချက်မှ မရှိဘဲ ဖမ်းဆီးတယ်၊ ရိုက်နှက် ညှင်းပန်း နှိပ်စက် နေတယ်။ မတ်လ ၁၇ ရက် နေ့မှာ ရိုဟင်ဂျာ တစ်ဦး ဖြစ်တဲ့ ဦးရရှစ် အဟမတ်ကို နေအိမ် ပြင် ဆင်နေတယ် ဆိုပြီး ဖမ်းဆီး ရိုက်နှက် နှိပ်စက်လို့ နံရိုးတွေ ကျိုးသွားခဲ့တယ်။ ဦးရရှစ် အဟမတ်က သူ့ အိမ်ကို နစက ကနေ ခွင့်ပြုချက် ယူပြီး ပြင်နေ ပေမယ့်လည်း နောက်ဆုံးတော့ ငွေ ၆ သိန်း ရအောင် ယူပြီးမှ ပြန်လွှတ် ပေးခဲ့တယ်။ သူကတော့ အရိုင်း အစိုင်း တစ်ယောက်လို ဖြစ်သွား ပြီးတော့ ရွာတွေ မှာရှိတဲ့ ရိုဟင်ဂျာ တိုင်းလိုလိုကို ဖမ်းဆီး ရိုက်နှက် နှိပ်စက်ပြီး လုယက် တာတွေ လုပ်နေတယ်” ဟု ဒေသခံ တစ်ဦးမှ ပြောပါသည်။ 

“ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ထိခိုက် ကြေကွဲ ဖွယ်ရာ သတင်းကို အဆင့်မြင့် အာဏာ ပိုင်တွေနဲ့ မြန်မာ နိုင်ငံ ဗဟို အစိုးရကို သတင်း ဌာနတွေ ကနေ တဆင့် အသိပေး ချင်ပါတယ်။ ကိုထွေးရဲ့ လုယက်မှု တွေကို ရပ်တန့် စေဖို့ အတွက် အစိုးရက အမြန်ဆုံး အရေယူ ဆောင်ရွက် ပေးပါ လို့ ကျွန်တော်တို့ အသနားခံ ပါတယ်” ဟု အဆိုပါ ဒေသခံမှ ဆက်လက် ပြောပါသည်။

Comment ရေးရန်

Rohingya Exodus