ရိုဟင်ဂျာ ဒုက္ခသည် များကို ထိုင်း စစ်တပ်က လူကုန်ကူးသူများ ထံရောင်းချကြောင်းပြောဆို
Radio Australia
13.3.2013
13.3.2013
ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခကြောင့် ရိုဟင်ဂျာတွေ အများအပြား အိမ်နီးချင်းနိုင်ငံကို ထွက်ပြေး တိမ်းရှောင် နေကြပြီး အဲဒီထဲက ထိုင်းနိုင်ငံကို ရောက်ရှိသူ တချို့ကို ထိုင်းစစ်တပ်တွေက လူကုန်ကူး ပွဲစားတွေရဲ့ လက်ထဲ ရောင်းစား အပ်နှံတာတွေ လုပ်နေတယ်ဆိုတဲ့ ပြောဆိုသံတွေ ထွက်ပေါ် နေပါတယ်။
ရောင်းစားခံ ရသူတွေဟာ အလုပ်ကြမ်းတွေ လုပ်ရပြီး ထွက်ပြေးလို့ ဖမ်းမိ ရင်လည်း နှိပ်စက် ခံနေ ရတယ် လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က စုံစမ်း စစ်ဆေးရေးတစ်ရပ် ပြုလုပ်ခဲ့ပေမယ့် ထိုင်းအာဏာ ပိုင်တွေ အနေနဲ့ ရိုဟင်ဂျာတွေကို လူကုန်ကူးသူတွေဆီ ရောင်းစားတာတွေ လုပ်ခဲ့တယ်ဆိုတာ မတွေ့ခဲ့ ရဘူး လို့ ပြောပါတယ်။
တချိန်တည်းမှာပဲ လှေနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာတွေကို ထိုင်းအာဏာပိုင်က သေနတ်နဲ့ ပစ်ခတ် ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် ရင်လတ် ရှင်နာဝ က ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကတ်မြို့မြောက်ပိုင်း ပင်လယ်ပြင်မှာ ရိုဟင်ဂျာနှစ်ဦး ရဲ့ ရုပ်အလောင်းကို မကယ် ထုတ် ခင် သေနတ်သံတွေ ကြားခဲ့ ရတယ်လို့ ထိုင်း ရွာသားတွေက အေဘီစီကို ပြီးခဲ့တဲ့ တပတ်က ပြောပြ ပါတယ်။
ထိုင်းရွာသားတွေ ကယ်တင်ထားတဲ့ တခြား ရိုဟင်ဂျာတွေရဲ့ အဆိုအရ သူတို့ကို ထိုင်းအာဏာပိုင်တွေ က လှေပေါ်ကနေ ဆွဲချခဲ့တဲ့ အကြောင်း ထွက်ပြေးတဲ့အခါ သေနတ်နဲ့ လှမ်းပစ်ခတ် ခဲ့တယ်လို့ ထွက်ဆိုခဲ့ ပါတယ်။ ဒါပေမယ့် ထိုင်း အာဏာပိုင်တွေ ကတော့ သေဆုံးသူတွေဟာ ရေနစ်ပြီး သေဆုံးတဲ့ အကြောင်း ထိုင်း အာဏာပိုင်တွေ အနေနဲ့ ထိုင်းနိုင်ငံထဲ ဝင်မလာဖို့ သတိပေးတဲ့ အနေနဲ့ သေနတ်ပစ်တာ မှန်ပေ မယ့် လှေပြေးဒုက္ခ သည်တွေကို ချိန်ပြီး ပစ်ခတ်တာတွေ မလုပ်ရ ဘူးလို့ ပြောပါတယ်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝကတော့ ထိုင်းအစိုးရအနေနဲ့ အကြမ်းဖက်မှုတွေကို အားမပေးတဲ့ အတွက် ဒီဖြစ်စဉ်ကို စုံစမ်းသွားမယ်လို့ ပြောခဲ့ပါတယ်။
ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်တွေ ခံစားရတဲ့ အကြောင်းတွေကို အေဘီစီ ကိုပြောပြတဲ့ ရိုဟင်ဂျာ တစ် ဦး လည်း ပျောက်ဆုံးနေ တဲ့အတွက် စိုးရိမ်မကင်း ဖြစ်နေ ရတယ်လို့ ဒီသတင်းကို ပေးပို့တဲ့ အရှေ့ တောင် အာရှ ဆိုင်ရာ အေဘီစီ သတင်းထောက် Zoe Daniel က သတင်းပေးပို့ခဲ့ပါတယ်။
မလေးရှားရေပိုင်နက်ထဲ ဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာတွေကို မလေးရှားကယ်တင်
ရိုဟင်ဂျာတွေလို့ ယူဆရသူလူပေါင်း၁၃၆ ယောက်ကိုမလေးရှားအာဏာပိုင်တွေကကယ်တင်ထားကြောင်း သိ ရပါတယ်။
အဲဒီလူပေါင်း ၁၃၆ ယောက်က သူတို့အနေနဲ့ ပင်လယ်ထဲ မျောနေတာ ၂၅ ရက် ရှိပြီလို့ ပြောပြခဲ့ကြပြီး မလေးရှား အာဏာပိုင်တွေ ကလည်း လှေငယ်လေးမှာ လူတွေ မတန်တဆ များပြားတာကို တွေ့ရတဲ့ အကြောင်း၊ လှေက ပေါက်နေပြီး လှေပေါ်မှာ အစားအစာနဲ့ သောက်ရေတွေ ပါမလာ ကြတာကို လည်း တွေ့ ရ တဲ့အကြောင်းတွေ ပြောပြခဲ့ပါတယ်။
မလေးရှားနိုင်ငံ မြောက်ပိုင်း ပီနန် ပြည်နယ်နားမှာ လှေကို တွေ့ခဲ့တာဖြစ်ပြီး လှေပေါ်မှာ အနည်းဆုံး လူ ကြီး ၉၆ ယောက် နဲ့ ကလေးငယ်အယောက် ၄၀ ပါဝင်တယ်လို့ သိရပါတယ်။ လှေပေါ် ပါလာသူ အား လုံးကို မလေးရှားနိုင်ငံ လူဝင်မှု ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းမှာဖြစ်ပါတယ်။