နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်တော်မှ ဘူးသီးတောင်သို့ ခိုလှုံလာခဲ့သော ရိုဟင်ဂျာဒုက္ခသည်များကို ထောင်ဒဏ်ချမှတ်


မာတလိ 
RB News 
4.3.2013 

ဘူးသီးတောင် ။ ။ ဇန်န၀ါရီလ ဆန်းပိုင်းတွင် ကျောက်တော်မြို့နယ်မှ ဘူးသီးတောင်မြို့နယ်သို့ ထွက်ပြေး တိမ်းရှောင်လာသော ရိုဟင်ဂျာ ဒုက္ခသည် ၁၅ ဦးကို နယ်မြေကျော်လွန်မှုဖြင့် တရားစွဲဆို၍ ဖေဖော်ဝါရီ လ (၂၈) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တရားရုံးမှ မတရားသဖြင့် ထောင်ဒဏ်တစ်နှစ်စီ ချမှတ်  လိုက် ကြောင်း သတင်းရရှိပါသည်။ 

“ဇန်န၀ါရီလ (၂) ရက်နေ့က ကျောက်တော်မြို့နယ် အပေါက်ဝ ကျွန်းကနေ ရခိုင်အစွန်း ရောက်တွေနဲ့ ဖက် ဆစ် အာဏာပိုင်တွေရဲ့ ၀ိုင်းရံပိတ်ဆို့ ညှင်းပန်းနှိပ်စက်တဲ့ ဒဏ်ကို မခံနိုင်တော့လို့ စိုင်းတင်တောင် တန်း တွေကို သက်စွန့်ဆံဖျားဖြတ်ကျော်ပြီးတော့ ဘူးသီးတောင်မြို့နယ်မှာလာရောက် ခိုလှုံတာပါ။ လူကြီး (၁၅) ယောက်နဲ့ ကလေး (၆) ယောက် - အားလုံး (၂၁) ယောက်ပါ။ အခုထောင်ချခံ လိုက်ရတဲ့ (၁၅) ယောက်ထဲမှာ အမျိုးသား (၁၁) ယောက်နဲ့အမျိုးသမီး (၄) ယောက် - အဲဒီထဲ မှာ မွေး ရက်စေ့တော့ မယ့် အမျိုးသမီးတစ်ယောက်လည်းပါတယ်။ 

လူကြီးတွေကို ဖမ်းသွားပြီးတော့ ကလေးတွေကို လူစိတ်မရှိတဲ့ အာဏာပိုင်တွေက လမ်းပေါ်မှာ ပစ်သွား တယ်။ တရားစွဲဆိုတဲ့ အမှုကတော့ နယ်ကျော်လို့ပါ။ အခုလို အရေးယူဆောင်ရွက်ဖို့ ရခိုင်ပြည်နယ် အစိုးရ ကညွန်ကြားခဲ့တယ်လို့သိရပါတယ်။” ဟုဘူးသီးတောင်မြို့နယ်ဒေသခံတစ်ဦးမှ RB News သို့ပြောပါ သည်။ 

အဆိုပါ ဒုက္ခသည် များသည် ၎င်းတို့၏ ကျေးရွာတွင် စားဝတ်နေရေး လွန်စွာ အခက်အခဲရောက်ခဲ့ပြီး၊ ရခိုင် အစွန်းရောက်များ၏ နေ့စဉ် ဒုက္ခပေးမှုများကို ရှောင်ရှားနိုင်ရန်အတွက် မိမိတို့၏ ပြည်နယ်အတွင်း နီးစပ်ရာ မြို့နယ်တစ်ခုသို့ ၀င်ရောက်ခိုလှုံ ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးတစ်မျိုးကို သာ ဘက် ပေါင်းစုံမှ ကန့်သတ် ပိတ်ပင်ထားပြီး အသက် အန္တရာယ်ကို ကာကွယ်ရန် ကြိုးစားခြင်းကို ရာဇ၀တ်မှု အဖြစ် သတ်မှတ် ကာထောင်ဒဏ် ချမှတ်ခဲ့သည်။

Comment ရေးရန်

Rohingya Exodus