နောက်ဆုံးသတင်း/ဆောင်းပါးများ

ယူအေအီးမှ ရခိုင်ပြည်နယ်ဒုက္ခသည်များအတွက် အစားအစာများထောက်ပံ့


RB News 
4.3.2013 

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံ သမ္မတ တည်ထောင် ထားသော ခလီဖာဖောင်ဒေး ရှင်း မှ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ မွတ်စလင် ဒုက္ခသည်များအတွက် တန်ချိန် ၂၆၀၀ ရှိ အစားအစာများ ကို ပို့ဆောင်ထောက်ပံ့ ခဲ့ကြောင်းသိ ရှိရပါသည်။ 

ယခု အကြိမ်ပေးပို့ခဲ့ သည့်တန်ချိန် ၂၆၀၀ မှာ တတိယအကြိမ်ဖြစ်ပြီး၊ အရေးပေါ် ကယ်ဆယ်ရေး စီမံကိန်း ၏ နောက်ဆုံး အသုတ်ဖြစ်သည်။ ခလီဖာဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ်ရှိ မွတ်စလင် ဒုက္ခသည်များအ တွက် ယခုအချိန်ထိ တန်ချိန် ၅၂၀၀ ရှိ ကယ်ဆယ်ရေး ပစ္စည်းများထောက်ပံ့ ပေးပြီးဖြစ်သည်။ အဆိုပါ အထောက်အပံ့များကို လူပေါင်း ၈၅၀၀၀၀ ခန့်အား အကျိုးဖြစ်ထွန်းစေ ခဲ့ကြောင်း ယူအေအီးနိုင်ငံထုတ် The National တွင်ရေးသားဖော်ပြထားသည်။ 

အဆိုပါ ကယ်ဆယ်ရေး စီမံကိန်းကို ယူအေအီးနိုင်ငံသမ္မတ Sheikh Khalifa မှ မြန်မာနိုင်ငံတွင် တရားမျှ တမှုကင်းမဲ့မှု ကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ် ခဲ့ရသော ရိုဟင်ဂျာ မွတ်စလင်များ အတွက် အရေး ပေါ်အထောက် အပံ့ များပေးအပ်ရန် ညွန်ကြားခဲ့ခြင်းကြောင့် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ 

အထောက်အပံ့များကို ယူအေအီးနိုင်ငံ ပြည်တွင်းဈေးကွက်မှ ၀ယ်ယူ၍ ရခိုင်ပြည်နယ်သို့ သင်္ဘောဖြင့် ပို့ ဆောင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကယ်ဆယ်ရေး ပစ္စည်းများတွင် အခြေခံ စားကုန်များ၊ အမျိုးသား၊ အမျိုး သမီးများနှင့် ကလေးများအတွက် အ၀တ်အထည်များ ပါဝင်သည်။

Comment ရေးရန်

Rohingya Exodus