နောက်ဆုံးသတင်း/ဆောင်းပါးများ

စိတ်မနှံ့သည့် ကလေး ငယ်အား ဖမ်းဆီး၍ ငွေညှစ်နေ


RB News 
31.3.2013 

မောင်တော ။ ။ မောင်တော မြို့နယ်၊ အလယ် သံကျော် တိုက်နယ်၊ ၀ါရှာ အရှေ့ရွာမှ အသက် ၁၅ နှစ် အရွယ် ကလေး တစ်ဦးကို နစက နယ်မြေ (၇) မှ မတ်လ (၁၂) ရက်နေ့တွင် ဖမ်းဆီး သွားပြီး ပြန်လည် လွှတ်ပေးရန် ငွေကြေး အမြောက် အမြား တောင်းခံလျက် ရှိကြောင်း သိရှိ ရပါသည်။ 

“ဦးအုမ်ဇုလ် ဟောက်ရဲ့ သား အာစ်မတ် သုလ္လာက စိတ်မနှံ့တဲ့ ကလေးပါ။ အသက် ၁၅ နှစ် လောက်ရှိ ပါပြီ။ ၁၂ ရက်နေ့က နစက နယ်မြေ (၇) ကနေ ဖမ်းသွားတယ်။ မိဘတွေက ငွေကြေး မတတ်နိုင်တော့ ပြန်လွှတ် မပေးဘူး။ အဲဒီ ကလေးက ပြစ်မှု ကျူးလွန် ထားတာလည်း မရှိဘူး။ ဒီလိုဘဲ ဖမ်းပြီး ငွေညှစ် နေကျ ဆိုတော့ အဲဒီ ကလေးကို ငွေညှစ်ဖို့ ဖမ်းသွားတာ” ဟု ဒေသခံ တစ်ဦးမှ RB News သို့ ပြောသည်။ 

နစက နယ်မြေ (၇) ၏ နယ်မြေမှူးမှာ ဗိုလ်မှူး အောင်နိုင်ဦး ဖြစ်ပြီး ယခုကဲ့သို့ အပြစ်မဲ့ များကို ဖမ်းဆီး ၍ ငွေညှစ် နေခြင်းကို ၎င်းနယ်မြေရှိ ရိုဟင်ဂျာများ လူးလိမ့်စွာ ခံစား နေရသည်။ ထို့အပြင် ဆာရေ ကုန်းဘောင်ရွာမှ အသက် (၂၅) နှစ် အရွယ် လူငယ် တစ်ဦး ကိုလည်း ဘင်္ဂလား ဒေ့ရှ်မှ SIM ကဒ်ဖြင့် လက်ကိုင် ဖုန်း အသုံးပြု နေသည်ဟု စွပ်စွဲ၍ ဖမ်းဆီး သွားကြောင်း သိရသည်။ 

“ကြာသပ တေးနေ့ (မတ်လ ၂၈ ရက်နေ့) ညက ဦးရာဘီ အုလ္လာရဲ့သား ဇာဗသ် အုလ္လာကို ဘင်္ဂလား ဖုန်းသုံးနေ တယ်ဆိုပြီး နယ်မြေ (၇) စခန်း (၁၄) ကလာဖမ်း သွားတယ်။ ဒီလိုဘဲ စွပ်စွဲပြီး ဖမ်းနေ ကျပါ။ စခန်းမှူး တောင်းတဲ့ ငွေပမာဏ များတော့ မိသားစုဝင် တွေလည်း မတတ်နိုင်ဘူး ဖြစ်နေတယ်။ အဲ ဒါကြောင့် အခုထိ ပြန်လွှတ် မပေးသေးဘူး” ဟု မောင်တောမြို့ ဒေသခံ တစ်ဦးမှ ပြောပါသည်။ 

နစက စခန်းများမှ စွပ်စွဲချက်များ ပေါင်းစုံဖြင့် ဖမ်းဆီးပြီး ရက်ပိုင်း ချုပ်နှောင် ထားပြီးနောက် ၎င်းတို့ တောင်း ခံသည့် ငွေကြေး ရလျှင် ပြန်လည် လွှတ်ပေး သော်လည်း အထက်ပါ စိတ်မနှံ့သည့် ကလေးနှင့် လူငယ် တို့ ကို တောင်းခံသည့် ငွေကြေး ရသည့် အထိဖမ်းဆီး ထားမည်ဟု ယုံကြည်ရ သည်။ 

ဒေသခံ ရိုဟင်ဂျာ များမှ နစက၏ ညှင်းပန်း နှိပ်စက် ငွေညှစ်မှု များအပြင် နယ်မြေခံ ထောက်လှမ်းရေး များ ပေးသော ဒုက္ခများ ကိုလည်း ခံစားနေ ရသည်။ အလယ် သံကျော် တိုက်နယ် စစစ ထောက်လှမ်း ရေး တာဝန်ခံ ဦးအောင် ကျော်သိန်း သည် မတ်လ (၂၈) ရက်နေ့တွင် ဦးနူရ် အဟမတ်၏ သားဖြစ်သူ ကေဖိုင် သုလ္လာ (အသက် ၂၆ နှစ်) အားဖမ်းဆီး ရိုက်နှက်၍ ခေါ်ဆောင် သွားခဲ့သည်။ 

“ကေဖိုင် သုလ္လာကို အလယ် သံကျော် ဈေးမှာ ၂၀၁၂ ဇွန်လ အရေး အခင်းမှာ ပါခဲ့တယ် ဆိုပြီး ဖမ်းတယ်။ အဲဒီ နေရာမှာဘဲ ရိုက်ပြီး ထောက်လှမ်း ရေးစခန်းမှာ ချုပ်ထားတယ်။ စခန်း ရောက်တော့ လည်း ထပ် ရိုက် လို့ သိရတယ်။ ပြီးတော့ ဖမ်းသွားတဲ့ ဦးအောင် ကျော်သိန်းက မိသားစုတွေ ဆီက ငွေ ၅ သိန်း တောင်း တယ်။ နောက်တစ် ရက်မှာ ငွေ ၄ သိန်းနဲ့ အဆင်ပြေသွား ပြီးတော့ ပြန်လွှတ် ပေးလိုက် တယ်” 

“ဒီအမှု မတိုင်ခင် ရက်ပိုင်းလေး မှာဘဲ သောင်းပညာ ရွာမှာ နေတဲ့ ကေဖိုင် သုလ္လာရဲ့ အစ်ကိုကြီး မိုဟာမတ် ဇူဘိုက် ကိုလည်း ဖမ်းသွား သေးတယ်။ သူ့ကိုလည်း အဲလို ရိုက်နှက်ပြီး ငွေ ၄ သိန်းယူပြီး ပြန် လွှတ် ပေး လိုက်တယ်။” ဟု ဒေသခံ ရိုဟင်ဂျာ တစ်ဦးမှ RB News သို့ပြော ပါသည်။

Comment ရေးရန်

Rohingya Exodus