နောက်ဆုံးသတင်း/ဆောင်းပါးများ

စုံစမ်း စစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ တင်သွင်းရက် ထပ်မံရွှေ့ဆိုင်း


RB News
1.4.2013

ရခိုင် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင် ခံစာကို မတ်လ (၃၁) ရက်နေ့တွင် တင်သွင်းရန် ရက်သတ်မှတ် ခဲ့သော်လည်း ယခုအခါ ဧပြီလ (၂၃) ရက်နေ့သို့ ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိ ရှိရသည်။ 

အဆိုပါ စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို အဖွဲ့ဝင် ၂၇ ဦး ဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ တွင် နိုင် ငံတော် သမ္မတရုံးမှ ဖွဲ့စည်း ပေးခဲ့ခြင်း ဖြစ်သည်။ 

မူလ အစီအစဉ် အရ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတထံသို့ တိုက်ရိုက် အစီရင်ခံ ရမည်ဟု သတ်မှတ်ခဲ့ သော်လည်း အကြောင်း အမျိုးမျိုး ပြ၍ ၂၀၁၃ ခုနှစ် မတ်လ (၃၁) ရက်နေ့ ထိ ရွှေ့ဆိုင်း ခဲ့သည်။ ယခု တစ်ဖန် မတ်လ (၃၁) ရက်နေ့တွင် တင်သွင်း ရမည်ကို ဧပြီလ ၂၃ ရက်နေ့တွင် တင်သွင်းမည်ဟု ထပ်မံ၍ ၂၃ ရက် ရွှေ့ဆိုင်း လိုက်ခြင်း ဖြစ်သည်။ 

ကော်မရှင် ဖွဲ့စည်း ခဲ့ချိန်တွင် အဖွဲ့ဝင် ၂၇ ဦး ပါဝင်ခဲ့ သော်လည်း အဖွဲ့ဝင် နှစ်ဦး ဖြစ်သည့် ဦးတင်မောင် သန်းနှင့် ဦးညွန့်မောင်သျှိန် တို့ကို ခိုင်မာသည့် အကြောင်း ပြချက် မပေးဘဲ၊ ကော်မရှင် အဖွဲ့ဝင်များ အဖြစ်မှ ရပ်စဲခဲ့သည်။ ထိုကဲ့သို့ တာဝန်မှ ရပ်စဲခြင်းကို ကော်မရှင်ကို တရားဝင် ဖွဲ့စည်း ပေးခဲ့သော နိုင်ငံတော် သ မ္မတ ရုံး မှလည်း သတင်း ထုတ်ပြန်ခြင်း တစ်စုံတစ်ရာ မရှိခဲ့ပေ။ 

စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို သီးခြား လွတ်လပ်သော ကော်မရှင်ဟု အမည်တပ်၍ ဖွဲ့စည်း ပေးခဲ့သော် လည်း ရခိုင် ပြည်နယ်ရှိ အဓိက လူမျိုးစု နှစ်စု ဖြစ်သည့် ရခိုင်နှင့် ရိုဟင်ဂျာ တို့ နှစ်ဖက်လုံးမှ အဖွဲ့ဝင်များ အဖြစ် ပါဝင်သင့် သော်လည်း ရိုဟင်ဂျာ လူမျိုးစုဖက်မှ အဖွဲ့ဝင် တစ်ဦးမှ ထည့်သွင်း ပေးခြင်း မရှိခဲ့ပေ။ ထို့ အပြင် ရိုဟင်ဂျာ လူမျိုးများကို လိုအပ်လျှင် တပ်မတော် အင်အား သုံး၍ ဖြိုခွင်းမည်ဟု ကြွေးကြော်ခဲ့သူ ဦးကိုကိုကြီး၊ ရိုဟင်ဂျာများကို နယ်မြေ ခွဲခြား၍ သီးခြားထား ရမည်ဟု အကြမ်းဖက်မှုများ စတင်သည့် အချိန်မှစ၍ ပြောကြားလာခဲ့သူ ဒေါက်တာအေးမောင် တို့ကော်မရှင် တွင်ပါဝင် နေခြင်းကြောင့် ကော်မရှင်မှ ထွက်လာမည့် အစီရင်ခံစာသည် တစ်ဖက် သတ်သာ ဖြစ်မည်ဟု ရိုဟင်ဂျာ လူမျိုးများမှ မျှော်လင့်ထား ကြသည်။

၂၀၁၂ ခုနှစ် ဇွန်လ (၃) ရက်နေ့တွင် အကြမ်းဖက် သမား ၃၀၀ ကျော်မှ မြန်မာ မွတ်စလင် ၁၀ ဦး လမ်းပေါ် တွင် လူမဆန်စွာ သတ်ဖြတ်ပြီးနောက် စုံစမ်းရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းပေးခဲ့ပြီး တရားခံ များကို ဖမ်းဆီးမည်ဟု ကြေညာ ခဲ့သော်လည်း ထိရောက်စွာ အရေးယူခြင်း တစ်စုံတစ်ရာ မရှိခဲ့ဘဲ၊ အဖြစ်မှန် ကို ပြည်သူ တစ်ရပ်လုံး သိရှိအောင် ကြေညာခြင်း မျိုးလည်း မပြုလုပ်ခဲ့ပေ။ 

Comment ရေးရန်

Rohingya Exodus