နောက်ဆုံးသတင်း/ဆောင်းပါးများ

အောက်စဖို့ဒ် တက္ကသိုလ် ဆွေးနွေး ပွဲတွင် ဒေါ်စုအား ပြင်းထန်စွာ ဝေဖန် လိုက်ကြ


မဇ္ဈိမ
18.3.2013

လက်ပံတောင်း အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း ရက်အနည်းငယ်သည် အတိုက် အ ခံ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် အတွက် ခက်ခဲ၍ အရေးကြီးသော သီတင်းပတ် ဖြစ်သည်ဟု အချို့ က ဆိုကြသည်။

မီဒီယာများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများ၊ ယခင်က ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံခဲ့သူများ သာမက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ သည်ပင်လျှင် လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သတ်၍ ဒေါ်အောင် ဆန်းစုကြည် ခေါင်းဆောင် ခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ရပ်တည်ချက် အပေါ် ပြင်းထန်စွာ ဝေဖန်စရာများ ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် သူ ငယ်ရွယ်စဉ်က ပညာ ဆည်းပူး ခဲ့ဖူးသည့် အောက်စဖို့ဒ် တက္ကသိုလ်၌ ၂၀၁၂ခုနှစ်၊ ဇွန်လ၂၀ ရက်နေ့က မိန့်ခွန်းပြောကြားခဲ့ရာ တွင်မြန်မာနိုင်ငံ အနေဖြင့် အနာ ဂတ် အောင်မြင်နိုင်ရေး လမ်း ခရီးကို ဖြတ်သန်း ရာတွင် လွယ်ကူ လိမ့်မည် မဟုတ်ဟု ဆို ခဲ့ဖူးသည်။ 

ယခု အခါတွင်မူ ဒေါ်အောင်ဆန်းစုကြည် ပညာ ဆည်းပူးခဲ့သည့် ကျောင်းတော်ဟောင်း အောက်စဖို့ဒ် တက္ကသိုလ်မှ ပညာရှင်များ ကလည်း လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သတ်၍ ဒေါ်အောင် ဆန်း စုကြည် ဦးဆောင်သည့် ကော်မရှင်၏ ရပ်တည်ချက် အပေါ် ဝေဖန်လာကြသည်။ 

မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့ အထိ အောက်စဖို့ဒ် တက္ကသိုလ်တွင် ကျင်းပခဲ့သည့်ဒုတိယအကြိမ်မြောက် အရှေ့တောင် အာရှ လေ့လာရေး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ပတ်သတ်သည့် အကြောင်း အရာများက လွှမ်းမိုးခဲ့သည်ဟု Oxford Student အစီရင်ခံစာ တစောင်က ဆိုသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အပေါ် အပြုသဘောဆောင်သည့် မီဒီယာ ဖော်ပြမှုများ ရှိသော် လည်း မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုး တိုးတက်မှုများနှင့် ပတ်သတ်၍ သံသယဖြင့်သာ ရှုမြင်သင့်ကာ စစ် မှန်သော အပြောင်းအလဲ ပေါ်ပေါက်ရေးအတွက် အခွင့်အလမ်း လွဲချော်နေဆဲ ဖြစ်သည်ဟု အရှေ့တောင်အာရှ သမိုင်းဆိုင်ရာ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ် Dr. Peter Carey က ပြောဆိုခဲ့သည်ဟု သတင်းများက ဆိုကြသည်။ 

အစိုးရက ကချင် လက်နက်ကိုင် အဖွဲ့ကို တိုက်ခိုက်နေခဲ့သည့် ကိစ္စတွင် ဒေါ်အောင်ဆန်း စုကြည် က တောက်လျှောက်   နှုတ်ဆိတ် နေခဲ့ခြင်းအပေါ် အထူးဝေဖန် ခဲ့ကြ သည်ဟု Oxford Student အစီရင် ခံစာ က ဆိုသည်။ ထို့ပြင် လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ်များအပေါ် မဝေဖန်ခဲ့သောကြောင့် စိတ်ပိုင်း ဆိုင်ရာ သြဇာညောင်းမှုကို ဆုံးရှုံးနေသည် ဟုလည်း ဆိုခဲ့သည်။ 

“မျှော်လင့်ချက်တွေဟာ နည်းပါးနေပါတယ်။ နောက်ပြီး ဒေါ်စုဟာ လည်း ပြောသင့် တာတွေ ကို ပြောဖို့ လို အပ်ပါတယ်” ဟု Dr. Carey က ဆိုသည်။ 

မြန်မာနိုင်ငံ အတွင်း ပြုပြင်ပြောင်းလဲမှုများသည် အမှန်တကယ် သဘာဝကျကျ တိုးတက်နေခြင်း ရှိမရှိ ကိုလည်း ဆွေးနွေးပွဲ တက်ရောက်သူများကို Oxford Student အဖွဲ့က မေးခွန်း ထုတ်ခဲ့သေးသည်။ Burma Campaign (UK) မှ အလုပ်အမှုဆောင် ဒါရိုက်တာ Anna Robert က “ရည်ရွယ်ချက်တွေဟာ ဒီမိုကရေစီ နည်းကျ ဦးတည် မောင်းနှင်ထားတာ မဟုတ်ပါဘူး” ဟု ဆိုခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တိုင် ဖိတ်ကြားချက် အရ ယခုလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ သီ တင်း နှစ်ပတ်ကြာ သွားရောက်လည်ပတ်ရန် ရွေးချယ်ခြင်း ခံထားရသည့် အောက်စဖို့ဒ် ကျောင်းသား ကိုယ်စားလှယ် အဖွဲ့က ထိုဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus