နောက်ဆုံးသတင်း/ဆောင်းပါးများ

မိတ္တီလာ မြို့တွင် ဗလီ ၈ လုံးနှင့် နေအိမ်များ ဖျက်ဆီး ခံရ

ဓါတ်ပုံ - Eleven Media Group
RB News 
21.3.2013 

မိတ္တီလာ ။ ။ မိတ္တီလာ မြို့တွင် ယမန်နေ့ နံနက် ပိုင်းတွင် စတင် ခဲ့သည့် ပဋိ ပက္ခသည် ည ၁၀ နာရီ ခန့်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန် လိုက်သော်လည်း အခြေ အနေမှာ တည်ငြိမ် အေးချမ်း မသွားဘဲ အစ္စလာမ် ဘာသာ ၀င်များ အထွဋ် အထိပ် ထားရာ ဗလီ ၀တ်ကျောင်းတော် (၈) လုံး မီးရှို့ ဖျက်ဆီး ခံရကြောင်း သိရှိ ရ ပါသည်။ ထို့အပြင် အစ္စလာမ် ဘာသာဝင် များ၏ နေအိမ် များလည်း မီးရှို့ ဖျက်ဆီး ခံရကြောင်း သတင်း ရရှိပါသည်။ 

မီးရှို့ ဖျက်ဆီး ခံရသော ဗလီများမှာ -- 

(၁) မင်္ဂလာ ဇေယျုံ့ ဗလီနှင့် ကျောင်း 
(၂) မြို့ဦး ဗလီ 
(၃) ပါကစ္စတန် ဗလီ 
(၄) မှန်လုံ ဗလီ 
(၅) ဈေး အနောက်ဘက် ဂျာမေ ဗလီ 
(၆) ငြိမ်းချမ်းရေး ဗလီ 
(၇) ပြည် သာယာ မြောက် ဗလီ 
(၈) သီရိ မင်္ဂလာ ဗလီ -- တို့ဖြစ် ပါသည်။ 

ယခု အချိန်ထိ မွတ်စလင် (၁၅) ဦးခန့် ဆေးရုံသို့ ဒဏ်ရာ များဖြင့် ရောက်ရှိ နေကြောင်း သိရှိရပြီး (၃) ဦး သေဆုံး ခဲ့ကြောင်း သိရှိ ရပါသည်။ ဗလီ ၀တ်ကျောင်း တော်အတွင်း မီးရှို့နေရာမှ ပိတ်မိပြီး သံ ဃာတော် တစ်ပါး ဆေးရုံသို့ ရောက်ပြီး နောက် ပျံလွန် တော်မူသည် ဟုသတင်း ရရှိပါသည်။ 

သေဆုံးသူ (၃) ဦးထဲတွင် မြို့ဦးဗလီ ၀တ်ကျောင်းတော်၏ ရှေ့ဆောင်ဆရာ လည်းတစ်ဦး အပါအ ၀င် ဖြစ် သည်။ 

အကြမ်းဖက် မှုများ အားလုံးသည် လုံခြုံရေး တပ်ဖွဲ့ဝင်များ ရှိနေသည့် ကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး နောက်ပိုင်း တွင်လည်း သုံးဘီးကားများ၊ ထော်လာဂျီ များဖြင့် မြို့အနှံ့အပြား တွင် ဆူညံအော်ဟစ်၍ နေအိမ်များ ဖျက်ဆီးခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

မြို့တစ်မြို့လုံးအား လျှပ်စစ်မီးများဖြတ်တောက် ထားသော်လည်း မီးလောင်နေသည့် မီးများကြောင့် တစ်မြို့လုံး ထိန်လင်း နေသည်ဟု ဒေသခံများ ပြောကြား ချက်အရ သိရပါသည်။ တယ်လီဖုန်း အများစု မှာလည်း ဆက်သွယ်၍ မရနိုင်အောင် ဖြတ်တောက် ထားသောကြောင့်ဆက်သွယ်ရန်မလွယ်ကူ တော့ပေ။ 

ဖြစ်ပွား နေသော အကြမ်း ဖက်မှု များကို ထိန်းသိမ်းရန် အတွက် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးမင်းကိုနိုင် ခေါင်းဆောင်၍ ယမန်နေ့ ည ၁၁ နာရီ ကျော်တွင် ရန်ကုန်မြို့မှထွက်ခွာသွားပြီး၊ နေပြည်တော် မှ မိတ္တီလာ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန် (အမျိုးသား ဒီမို က ရေစီ အဖွဲ့ချုပ်) နှင့် မန္တလေးတိုင်း ၀န်ကြီးချုပ် တို့လည်း မိတ္တီလာမြို့သို့ ထွက်ခွာ သွားကြောင်း သိရှိရ ပါသည်။ 

ဖြစ်စဉ် များသည် လွန်ခဲ့သည့်နှစ် ရခိုင် ပြည်နယ်တွင် ဖြစ်ပွား ခဲ့သော ဖြစ်စဉ် များနှင့် ဆင်တူ နေသည် ကိုတွေ့ ရ ပါသည်။ လုံခြုံရေး တပ်ဖွဲ့ဝင် များရှိလျက် အကြမ်းဖက် နိုင်ခြင်းသည် လုံခြုံရေး တပ်ဖွဲ့ဝင် များ အလိုတူ သောကြောင့် သာဖြစ်သည်။ ဒေသခံ များ၏ ပြောကြားချက် အရ လုံခြုံရေး တာဝန်ယူ ထားသူ များနှင့် အကြမ်းဖက် သူများ ရင်းနှီးစွာ ပြောဆို ဖေးမ နေသည်ကို သိရှိ ရပါသည်။ ဒေသခံ မွတ်စလင် အများစုမှာ တိမ်းရှောင် ထွက်ပြေး နေရပြီ ၎င်းတို့၏ လုံခြုံရေးမှာ လွန်စွာ စိုးရိမ် ဖွယ်ရာ အနေ အထားတွင် ရှိပါသည်။ 

ကိုးကား - Kay Te Zat O

  1. ဖျက်ချင်သလောက်ဖျက် . ရှို့ချင်သလောက်ရှို့ အစိုးရကတာဝန်ခံရမှာဖြစ်ပါတယ် ဘာလိုလဲဆိုတော့ အစိုးရဟာ ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ် ... အစိုးရက မူလအခြေအနေအတိုင်းပြန်ဖြစ်အောင်ပြန်လုပ်ပေးရမှာဖြစ်ပါတယ် ... အစိုးရကိုယ်တိုင်က ရိုးသားလို့ အဲဒီလို တာဝန်ယူမှုရှိလာတဲ့တစ်နေ့မှာ ဒီနိုင်ငံမှာ ပြသနာတွေအားလုံး အေးငြိမ်းသွားမှာဖြစ်ပါတယ် ...အစိုးရကိုယ်တိုင်က ရိုးသားမှုမရှိသေးသ၍ ဘယ်တော့မှုအေးချမ်းသာယာမှုမရနိုင်တဲ့အပြင် ဆိုးရွားတဲ့အကျိုးဆက်များကို မြင်တွေ့လာကြရမှာပါ... နိုင်ငံအတွက် အဓိကမေးခွန်းက အစိုးရကိုယ်တိုင်ရိုးသားမျှတမှုရှိပါရဲ့လား ဆိုတာပါပဲ

  2. အစိုးရကဖေါ်ထုတ်အရေးယူဖို့ပျက်ကွက်နေပြီး ပြစ်မှုကျူးလွန်သူကိုအရေးမယူပဲ ကျူးလွန်ခံရသူတွေကိုသာ အရေးယူနေရင်တော့ ဒါဟာအစိုးရရဲ့နောက်ပြန့်လှည့်စီမံကိန်းထဲကအစီအစဉ်တခုလို့ ဆိုနိုင်ပါတယ်။
    အစိုးရကိုယ်တိုင်က ၀ိနည်းရှောင်ပြီး တမင်ကလာဖန်တီးနေတာသိသာနေပြီဖြစ်ပါတယ်..အားလုံးသတိရှိကြပါ ကျနော်တို့နိုင်ငံဟာ အလွန်ဆိုးရွားလှတဲ့ အခြေအနေဆိုးတစ်ခုဆီကို ရောက်သွားနိုင်ပါတယ်

Comment ရေးရန်

Rohingya Exodus