BROUK ၏ တပတ်ကြာ တောင်အာဖရိက ခရီးစဉ်
တပတ်ကြာ ခရီးစဉ် အတွင်း တောင်အာဖရိက အမျိုးသား ရေဒီယို အသံလွှင့် ဌာနမှ BROUK ဥက္ကဌ ဦးထွန်းခင် အားအင်တာဗျူး ပြုလုပ်ခဲ့ရာ ယခုအခါ အဆိုပါ ရေဒီယို အသံလွှင့် အစီအစဉ်များကို နားထောင် သူ ၅ သန်းကျော်မှ ယနေ့ ရိုဟင်ဂျာများ ခံစားနေသည့် အတိဒုက္ခ များ အကြောင်း နိုး ကြားနေ ပြီ ဖြစ်ကြောင်း အစီအစဉ် ဖြစ်မြောက်ရေး စီစဉ်ခဲ့သူ များ၏ ပြောပြချက် များအရ သိရှိရ ပါသည်။ ထို့အပြင် ဦးထွန်းခင်အား 786 နှင့် Islam ရေဒီယို အသံလွှင့် ဌာနများမှလည်း တွေ့ဆုံမေးမြန်း ခဲ့ပြီး တောင်အာ ဖရိ က တပတ်ကြာ ခရီးစဉ် အတွင်း တောင်အာဖရိက ပြည်သူများအား ရိုဟင်ဂျာ အရေးနှင့် ပတ်သက် ၍ နိုးကြားလာ စေ ရန် အင်တာဗျူးနှင့် သတင်း အစီအစဉ်များဖြင့် ပံ့ပိုးပေးခဲ့သည်။
Cape Town မြို့တွင် လူမျိုးရေး ခွဲခြားမှုဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရ သည့်နယ်မြေရှိ Al Jaamia ဗလီ တွင် သောကြာနေ့ ဂျူမ္မာ ၀တ်ပြုချိန်၌ ဒေသခံများ၏ ဆန္ဒအရ ယနေ့ မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာ လူမျိုး များ ကြုံ တွေ့နေရသော လူမျိုးရေး ခွဲခြား ဆက်ဆံမှုများ အကြောင်း ပြောဆိုခွင့် ရခဲ့သည်။
Christian Solidarity Worldwide (CSW) မှလည်း မြန်မာ ပြည်သူများ အတွက် ဆုတောင်းပွဲ ပြုလုပ် ရာတွင် BROUK အဖွဲ့အား ဖိတ်ကြားခဲ့ပြီး၊ BROUK အထွေထွေ အတွင်းရေးမှူး ဦး AH Jarmal မှ ရိုဟင်ဂျာ များ၏ လက်ရှိ ကြုံတွေ့ နေရသည့် အခြေအနေ၊ လွန်ခဲ့သည့်နှစ် ဇွန်လမှ စ၍ တစ်ဖက်သတ် သတ်ဖြတ်ခံ ရသည့် အဖြစ်မှန်များနှင့် အကြမ်းဖက် မှုများကို ရှောင်တိမ်းနေ သူများ ပင်လယ်ပြင်တွင် သေဆုံး နေရမှု အခြေ အနေများ အားလုံးကို အသေးစိတ် ရှင်းလင်းခဲ့ ကြောင်း သတင်း ရရှိ ပါသည်။