နောက်ဆုံးသတင်း/ဆောင်းပါးများ

မူဆလင်အပေါ် အကြမ်းဖက်မှု ကိစ္စ အင်ဒိုသမ္မတ ဆွေးနွေးမည်


မဇ္ဈိမ
23.4.2013

နယူးဒေလီ ။ ။ မြန်မာ နိုင်ငံသို့ ရောက်ရှိ နေသော အင်ဒို နီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) သည် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် မူဆလင် ဘာသာဝင် များအပေါ် အကြမ်းဖက် တိုက်ခိုက်မှု များနှင့် ပတ်သက်၍ ကိုင်တွယ် ဖြေရှင်းရန် တိုက်တွန်း လိမ့်မည်ဟု ရိုက်တာ သတင်း တရပ်က ရေးသား ထားသည်။

ကမ္ဘာ့ မူဆလင် လူဦးရေ အများဆုံး ဖြစ်သည့် အင်ဒို နီးရှားနိုင်ငံ သမ္မတ က မြန်မာ နိုင်ငံရှိ ဗုဒ္ဓ ဘာသာ လူအုပ် များ၏ မူဆလင်များ အပေါ် တိုက်ခိုက် သတ်ဖြတ် မှုများမှာ ဒေသ တွင်းရှိ မူဆလင်များ အပေါ်လည်း သက်ရောက် မှုရှိသည်ဟု ဆိုသည်။

“ဖြစ်နိုင်တဲ့ အကောင်းဆုံး နည်းနဲ့ မဖြေရှင်း နိုင်ဘူး ဆိုရင် ဒါရဲ့ သက်ရောက် မှုက မြန်မာ နိုင်ငံ အတွက် ကောင်းမှာ မဟုတ် သလို မူဆလင် အများစု အင်ဒို နီးရှန်းတွေ အတွက် လည်း ကောင်းမှာ မဟုတ် ပါဘူး” ဟု သမ္မတ ယူဒိုယိုနို က မြန်မာ နိုင်ငံသို့ ခရီး မဆက်မီ စင်္ကာပူ နိုင်ငံတွင် ပြောဆို သွားကြောင်း ရိုက်တာ သတင်းက ဆိုသည်။

“မြန်မာ (အစိုးရ) အနေနဲ့ ဒီကိစ္စကို ဉာဏ်ပညာ ရှိရှိ၊ သင့်တင့် လျောက်ပတ် စွာနဲ့ တင်းမာ မှုနဲ့ အကြမ်းဖက် မှုတွေကို တားဆီး ကာကွယ်ဖို့ ကျနော်တို့ တိုက်တွန်း အားပေး မှာပါ။ သူတို့ ဒီရည်မှန်း ချက်တွေ ရောက်ရှိ လာအောင် အင်ဒို နီးရှား မှာရှိတဲ့ ကျနော် တို့က ပံ့ပိုး ပေးဖို့ အဆင် သင့်ပါပဲ” ဟုလည်း အင်ဒို နီးရှား သမ္မတ က ပြောဆိုသည်။

မစ္စတာ ယူဒိုယိုနို မြန်မာ နိုင်ငံသို့ မရောက် လာမီ တလခန့်က မိထ္ထီလာ မြို့တွင် လူ ၄၃ ဦး ထက်မနည်း သတ်ဖြတ် ခံခဲ့ရ သည့် အဓိကရုဏ်း များ ဖြစ်ပွား ခဲ့သည်။

အင်ဒို သမ္မတ မြန်မာ နိုင်ငံသို့ မရောက်မီ တရက် အလို ဖြစ်သည့် တနင်္လာနေ့ ကလည်း အမေရိကန် အခြေစိုက် လူ့အခွင့် အရေး စောင့်ကြည့် ရေးအဖွဲ့ (HRW)က အစီရင်ခံစာ တစောင် ထုတ်ပြန် ရာတွင် ၂၀၁၂ ခုနှစ်က ရခိုင် ပြည်နယ်တွင်း ဖြစ်ပွား ခဲ့သည့် ပဋိပက္ခ များကို အာဏာ ပိုင်များနှင့် ရခိုင် ဗုဒ္ဓဘာသာဝင် တို့၏ ရိုဟင်ဂျာ မူဆလင် များအပေါ် “လူမျိုးတုန်း သုတ်သင်မှု” အဖြစ် စွပ်စွဲ ပြစ်တင် ထားသည်။

Comment ရေးရန်

Rohingya Exodus