နောက်ဆုံးသတင်း/ဆောင်းပါးများ

၂၀၁၂ ဇွန် အကြမ်းဖက်မှု အတွက် ဖမ်းဝရမ်းများ ထပ်မံထုတ်ပြန်


RB News 
23.4.2013 

မောင်တော ။ ။ ၂၀၁၂ ခုနှစ် ဇွန်လ အကြမ်းဖက် မှုများ ဖြစ်ပွား ပြီးနောက် မောင်တော မြို့နယ်မှ ပညာ တတ် အများ အပြားကို အစုလိုက် အပြုံလိုက် ဖမ်းဆီး ခဲ့သည်။ အကြမ်းဖက် မှုများ ဖြစ်ပွား ခဲ့သည် မှာ ၁၀ လကျော်သွားသော်လည်း ယခုအခါ ထပ်မံ၍ ဖမ်းဝရမ်းများ ထုတ်၍ အပြစ်မဲ့ များကို ဒုက္ခပေးရန် ကြံ ရွယ် နေ သဖြင့်မောင်တောမြို့နယ် ၀ါးချကျေးရွာနှင့် ချိန်ခါလီကျေးရွာများ မှဒေသခံ ရိုဟင်ဂျာများ တိမ်းရှောင်နေရကြောင်း သတင်း ရရှိပါသည်။ 

ယခု ထုတ်ပြန်သော ဖမ်းဝရမ်းကို ဇန်န၀ါရီလ ၂၁ ရက်နေ့ တွင်ထုတ်ပြန် ခဲ့သော်လည်း ယခုလ ၂၁ ရက်နေ့ မှ မောရ၀တီ ရပ်ကွက် အုပ်ချုပ် ရေးမှူးနှင့် မောင်တော မြို့နယ် ရဲစခန်းမှူး ဦးဝင်းသန်းဦး တို့မှ အသိပေး ထုတ်ပြန် ခဲ့သည်။ ဖမ်းဝရမ်း စာရင်းတွင် ဒေသခံ ရိုဟင်ဂျာ ပညာတတ် အများစု ပါဝင်သည်ဟု သိရသည်။ ဖမ်း ၀ရမ်း ထုတ်ပြန် ခံရသူများ ပိုင်ဆိုင်သော ပစ္စည်း များကို ပြည်သူ့ ဘဏ္ဍာ အဖြစ် သိမ်း ဆည်း မည်ဟု ပါဝင်သည်။ 

ဝါးချ ကျေးရွာမှ ဦးဟာဘီ အုလ္လာ (ဘ) ဦးဟူစိန်း အပါအ၀င် (၁၂) ဦးနှင့် ချိန်ခါလီ ကျေးရွာမှ ဦးအေလီ ယာစ် (ဘ) ဦးအဒူ မူနာဖ် တို့အား ဖမ်းဆီးရန် ၀ရမ်း ထုတ်ထား ခြင်းကြောင့် တိမ်းရှောင် နေ ရကြောင်း သိ ရပါသည်။ 

“မနှစ် ကလည်း ပညာတတ် တွေအားလုံး နီးပါးကို ဖမ်းလိုက်တယ်။ အပြစ် မရှိတဲ့ သူတွေ ချည်းဘဲ။ အခု လည်း စာရင်းထုတ် ထားသမျှက ပညာတတ် တွေချည်းဘဲ။ ပြီးတော့ ၀ရမ်းထုတ်ခံ ထားရသူတွေရဲ့ ပစ္စည်းတွေ သိမ်းမယ် ဆိုတော့ ဒါတွေက ဥပဒေ ပြင်ပ ကနေ လုပ်ချင် သလို လုပ်နေတာ။ စာရင်းထဲ ပါတဲ့ သူတွေက အပြစ် မရှိဘဲ အဖမ်း မခံနိုင်လို့ ရှောင်နေ ကြတယ်” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြော ပါသည်။ 

ယနေ့ နေ့လည် ၃ နာရီ ခန့်တွင် သောင်းပညာ ကျေးရွာ အုပ်စု ချိန်ခါလီ ကျေးရွာရှိ ဦးအေနာ မုလ္လာ (ဘ) ဦးဂျလာလ်၏ ဆိုင်သို့ မောရ၀တီ အခြေစိုက် တပ်စခန်းမှ စခန်းမှူး ရောက်ရှိ လာပြီး ဓါတ် ဆီ တောင်း ခဲ့သည်။ ဆိုင်ရှင် ဖြစ်သူ ဦးအေနာ မုလ္လာမှ မိမိတွင် မရှိကြောင်း ပြောသည့် အခါ ထိုနေရာ တွင်ပင် လူမ ဆန်စွာ ဒဏ်ရာ ပြင်းထန်စွာ ရသည့် အထိ ရိုက်နှက်ခဲ့ ကြောင်း သိရသည်။ ထို့အပြင် ခဏ အကြာတွင် ရဲစခန်းမှူး ဦးဝင်းသန်းဦး ရောက်ရှိလာပြီး ဆိုင်ရှင်အား ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ 

ရဲစခန်းတွင် ရဲနှင့်စစ်သား များမှ ထပ်မံ ရိုက်နှက် ခဲ့ပြီး ညပိုင်းတွင် မိသားစုထံမှ ငွေကျပ် ၃ သိန်း တောင်း ယူ ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း သိရှိ ရပါသည်။ 

“နေအိမ်တွေ မီးရှို့ ဖျက်ဆီး ခံရတာလည်း အမြဲပါဘဲ။ အကြောင်း မရှိ အကြောင်းရှာ ဖမ်းဆီး ငွေညှစ် တာ လည်း အမြဲခံ နေရတယ်။ အများစုက နေ့စဉ် ကြုံတွေ့ နေရတဲ့ ဒုက္ခတွေ မခံစားနိုင် တော့လို့ စက်လှေနဲ့ မလေးရှားကို ထွက်သွား နေကြပြီ။ လူတွေကို နေချင်စိတ် မရှိအောင် အကွက်ချပြီး လုပ်နေတာ။ တဖက်မှာ လည်း လူကုန်ကူးတဲ့ သူက ရခိုင်လူမျိုး ဇော်ထူး ဖြစ်ပါတယ်။ သူက နစက၊ စရဖ၊ ရဲတွေ၊ အာဏာ ပိုင် တွေ နဲ့ ပေါင်းပြီး နေ့စဉ်နဲ့ အမျှ မလေးရှားကို လူပို့နေတယ်။ နစက နယ်မြေ (၇) နဲ့ (၈) က နေ့စဉ် နေ့ တိုင်း စက်လှေ တွေထွက် နေတယ်။ ဒီလိုမျိုး ဆက်ဖြစ်နေရင် ရခိုင် ပြည်နယ်မှာ ရိုဟင်ဂျာ ဆိုတာ ကျန်တော့မှာ မဟုတ်တော့ဘူး” ဟု မောင်တော မြို့မှ ရိုဟင်ဂျာ တစ်ဦးက RB News သို့ပြော ပါသည်။

Comment ရေးရန်

Rohingya Exodus