နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ များကို ထောင်ချောက်ဆင် ဖမ်းဆီးထားပြီး ရိက္ခာ လမ်းကြောင်းများ ပိတ်ထား


RB News 
30.4.2013 

စစ်တွေ ။ ။ ရခိုင် ပြည်နယ်၊ စစ်တွေ မြို့ရှိ ဒုက္ခသည် စခန်းများ ရှိရာတွင် ဧပြီလ (၂၆) ရက်နေ့က လ၀က များနှင့် ဒေသခံ ရိုဟင်ဂျာ ဒုက္ခသည် များအကြား တင်းမာမှု များဖြစ်ပွား ခဲ့သည်နှင့် စပ်လျဉ်း၍ ယင်းနေ့ တွင်ပင် ဦးကျော်မြင့်နှင့် ဦးဘသာ တို့ကို ဆွေးနွေးရန် ရှိသည်ဟု ခေါ်ဆောင် သွားပြီး၊ ဧပြီလ (၂၇) ရက်နေ့တွင် သက္ကေပြင် အုပ်ချုပ်ရေးမှူး ဦးကျော်ခင်၊ မီးသတ် တပ်ဖွဲ့မှ ဦးစံလင်း တို့ကို ဖမ်းဆီး ခဲ့သည်။ ဧပြီလ (၂၈) ရက်နေ့တွင် ဘောဒူဖမှ ဦးရဖိခ်နှင့် (၂၉) ရက်နေ့တွင် ဦးကျော်မြင့်၏ သားဖြစ်သူ ဦးလှမြင့်ကို ဖမ်းဆီး ခဲ့သည်။ ထို့အပြင် ဧပြီလ (၂၆) ရက်နေ့တွင် ဒေါ်ဆလီမာနှင့် ၁၅ နှစ် အရွယ် မိုဟာမတ် ဟာရှင်မ် တို့ကိုလည်း ဖမ်းဆီး ခဲ့သေးသည်။ 

ယမန်နေ့ (ဧပြီလ ၂၉ ရက်) နံနက် ပိုင်းက ဦးကျော်မြင့်နှင့် ဖမ်းဆီး ခံရသူ များကို ဓါတ်ပုံ များရိုက်ကာ အဆိုပါ ဓါတ်ပုံ များကို ဧပြီ ၂၆ ရက်နေ့တွင် ပါဝင် ခဲ့သော လ၀က များကို အမည်နဲ့ တကွ ပို့ပေး ခဲ့ကြောင်း သိရသည်။ 

“မနေ့က ညနေ ၅ နာရီမှာ ဦးကျော်မြင့် တို့ ၅ ယောက်ကို တရားရုံး တင်တယ်။ တရားရုံး မတင်ခင် အောင်မင်္ဂလာ ရပ်ကွက်က ၈ ယောက်ကို တရားရုံး ခေါ်သွားတယ်။ တရားရုံးမှာ ဦးကျော်မြင့်တို့ ၅ ယောက်နဲ့ အောင်မင်္ဂလာက ၈ ယောက်ကို ရောပြီး လ၀က ကို မေးတယ်။ ၂၆ ရက်နေ့က လ၀က အဖွဲ့ကို ခဲနဲ့ ပေါက်တာ ဘယ်သူတွေလဲ ပေါ့။ အဲဒီမှာ လ၀က က ဦးကျော်မြင့် တို့ကို ၅ ယောက်ကို လက်ညိုးထိုး ရွေးတယ်။ ဓါတ်ပုံတွေ ကြိုတင် ပို့ထားတော့ ရွေးနိုင် တာပေါ့။ ဦးကျော်မြင့် တို့ ၅ ယောက်က လ၀က တွေကို ရိုက်ခဲ့တယ် လို့ လ၀က ကတရား သူကြီး ရှေ့မှာ ပြောတယ်။” ဟု ဦးကျော်မြင့် မိသားစုနှင့် နီးစပ်သူ တစ်ဦးမှ RB News သို့ပြော ပါသည်။ 

အောင်မင်္ဂလာ ရပ်ကွက်မှ ခေါ်ဆောင် သွားသော ရိုဟင်ဂျာ (၈) ဦးကို တရားရုံး အပြီးတွင် ပြန်လည်၍ အောင်မင်္ဂလာ သို့ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။ 

“စစ်တွေ ခရိုင် လ၀ကမှူးက ဦးလှမြင့်ဆီ ဖုန်းဆက်ပြီး သူ့တပည့် လ၀က တစ်ယောက် ဖုန်းကျ ကျန်ခဲ့ တယ်၊ အဲဒီ ဖုန်းကို ရှာပြီး ပို့ပေးဖို့ ပြောတယ်။ ဦးလှမြင့်က အဲဒီဖုန်းကို ကလေး တစ်ယောက် လာပေး တော့ ယူထားပြီး၊ ခရိုင် လ၀ကမှူး ဆီကို နစက ဗိုလ်ကြီး တစ်ယောက် ကနေ တဆင့် ပို့ပေး ခဲ့တယ်။ အဲဒီဖုန်းကို နစက ဗိုလ်ကြီးကို ပေးနေတဲ့ ဓါတ်ပုံကို ရဲတွေက ရိုက်ယူ ခဲ့တယ်။ ဦးလှမြင့်က ရပ်ထဲ ရွာထဲမှာ နာမည် ရှိသူမို့ ဖုန်းရတဲ့ ကလေးက လာအပ်တာ။ အဲဒါကို ခရိုင် လ၀ကမှူးကို ကူညီပေး လိုက်ပေမယ့် တရားရုံးမှာ အဲဒီဖုန်းကို ဦးလှမြင့်က လ၀က တွေဆီက ရိုက်လု ခဲ့တယ်လို့ ပြောတယ်။” ဟု ၎င်းမှ ဆက်လက် ပြောပါသည်။ 

ဦးကျော်မြင့် အပါအ၀င် ၅ ဦးကို ဆက်လက် ဖမ်းဆီး ထားပြီး နောက်ထပ် ဖမ်းဆီးရန် လိုက်လံ ရှာဖွေ လျက်ရှိကြောင်း သိရသည်။ 

ယခု အခါ စစ်တွေ မြို့တွင် လမ်းများ ပိတ်ဆို့ ထားပြီး ရိုဟင်ဂျာ များကို ရိက္ခာ သယ်ယူ ပေးခွင့်ကို ပိတ်ပင် ထားသည်။ 

“အခု WFP ကလည်း ရိက္ခာလာ ပို့လို့ မရတော့ဘူး။ ကျွန်တော် တို့ကို လျှို့ဝှက် ရိက္ခာ ရောင်းပေး နေတဲ့ အဖွဲ့တွေ လည်းလာလို့ မရတော့ဘူး။ ရိက္ခာ လမ်းကြောင်း အားလုံး ပိတ်ထားတယ်” ဟု သက္ကေပြင်မှ ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

Comment ရေးရန်

Rohingya Exodus