နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေမြို့၌ ဒုက္ခသည်များနှင့် လ၀က များအကြား တင်းမာမှု ကြောင့် ပစ်ခတ်ရာ ကလေး တစ်ဦး ဒဏ်ရာရ


RB News 
26.4.2013 

စစ်တွေ ။ ။ ရခိုင် ပြည်နယ်၊ စစ်တွေမြို့၊ အောင်မင်္ဂလာ ရပ်ကွက်တွင် ယနေ့ နံနက်ပိုင်း တွင် လ၀က နှင့် အစိုးရ တာဝန်ရှိသူ များသွားရောက်၍ ရိုဟင်ဂျာ မွတ်စလင်များ ထံမှ သန်းခေါင်စာရင်း များကို သိမ်းယူရန် တောင်းဆိုကာ၊ အသင့် ယူဆောင် လာသော ပုံစံများတွင် အတင်း အဓမ္မ ဘင်္ဂလီဟု ဖြည့်ခိုင်း၍ လက်မှတ် ရေးထိုး ခိုင်းကြောင်း သိရှိ ရပါသည်။ 

“လ၀က အဖွဲ့က အောင်မင်္ဂလာ ရပ်ကွက်ထဲ မှာနေတဲ့ ရိုဟင်ဂျာ တွေအားလုံးကို ခြိမ်းခြောက်ပြီး အတင်း အဓမ္မ ဘင်္ဂလီလို့ ဖြည့်ပြီး လက်မှတ် ထိုးခိုင်း နေတယ်။” ဟု လ၀ကများ ရှေ့တွင် ရောက်ရှိ နေသူ တစ်ဦးမှ RB News သို့ပြောသည်။ “လွန်ခဲ့တဲ့ အပတ်က လ၀က ဒုဝန်ကြီး ရောက်လာ ပြီးတော့ ဘင်္ဂလီလို့ ဖြည့်ပြီး လက်မှတ်ထိုး ရင်ထိုး မထိုးရင် တတိယ အကြိမ် ရခိုင်တွေ မီးရှို့ရင် တာဝန်ယူ မှာမဟုတ်ဘူး လို့ ခြိမ်းခြောက် သွားတယ်။ အခုလည်း ဒုဝန်ကြီးရဲ့ အမိန့်နဲ့ ဒီလ၀ကတွေ ရောက်တာလို့ သိရတယ်” ဟု ၎င်းက ဆက်လက် ပြောပါသည်။ 

စစ်တွေမြို့ တွင်ဒုက္ခသည် စခန်းများ ရှိရာ သက္ကေပြင်နှင့် ဘောဒူဖ ဒုက္ခသည် စခန်းများ သို့လည်း နံနက်ပိုင်း တွင် လ၀ကများနှင့် အစိုးရ တာဝန်ရှိ သူများ ရောက်ရှိ လာပြီး အသင့်ယူ ဆောင်လာ သောပုံစံ များတွင် ဘင်္ဂလီ အဖြစ် လက်မှတ် ရေးထိုး ပေးရန် အတင်း အဓမ္မ ခိုင်းစေ မှုကြောင့် သက္ကေပြင်ရှိ ဒုက္ခသည် များနှင့် လ၀က များအကြား တင်းမာမှု ဖြစ်ပွား ခဲ့ကြောင်း သိရှိ ရပါသည်။ 

တင်းမာမှု များဖြစ်ပွားပြီး လူများ အုံကြွလာ သောအခါ နစကမှ သေနတ် တစ်ချက် မိုးပေါ်ထောင် ပစ်ခတ်ပြီး လူစုခွဲ ခဲ့သည်။ ထို့နောက် လ၀က များနှင့် အစိုးရ တာဝန်ရှိသူ များပြန်လည် ထွက်ခွာ သွားကြောင်း သိရပါသည်။


အလားတူပင် ဘောဒူဖ ဒုက္ခသည် စခန်းတွင်လည်း ထိုကဲ့သို့ အတင်း အဓမ္မ ဘင်္ဂလီဟု ဖြည့်၍ လက်မှတ်ထိုး ခိုင်းခြင်း ကြောင့် တင်းမာမှု ဖြစ်ပွားရာ နစကမှ သေနတ် ပစ်ပေါက်ရာ ၁၅ နှစ် အရွယ် ကလေး တစ်ဦးကို ကျည်ဆန် သုံးနေရာ ထိမှန်၍ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။ 

“ကလေးက ၁၅ နှစ် အရွယ်ပါ။ ကျည်ဆန်က သုံးနေရာ ထိတယ်။ ပေါင်နှစ်ဖက်နဲ့ ပုခုံးမှာ ထိသွားတယ်။ ဒဏ်ရာ ကတော့ ပြင်းတယ်” ဟု ဘောဒူဖ ဒုက္ခသည် စခန်းမှ ဒုက္ခသည် တစ်ဦးမှ ပြောသည်။ 

Comment ရေးရန်

Rohingya Exodus