နောက်ဆုံးသတင်း/ဆောင်းပါးများ

သဲချောင်း ဒုက္ခသည် စခန်းမှ တဲများကို ရဲများက ဖျက်ဆီး

RB News 
16.5.2013

စစ်တွေ ။ ။ ရခိုင် ပြည်နယ်၊ စစ်တွေမြို့ သဲချောင်း ဒုက္ခသည် စခန်းတွင် ကျောက်ဖြူ မြို့မှ ရိုဟင်ဂျာ ဒုက္ခ သည် များနေထိုင် သောတဲများကို ရဲများက ဖျက်ဆီး ခဲ့ကြောင်း သတင်းရရှိ ပါသည်။ 

“ကျွန်တော်တို့ တဲတွေ တော်တော် များများက ကိုယ်ထူ ကိုယ်ထပါ။ အစိုးရ ကစီစဉ် ပေးခဲ့တာ မဟုတ်ဘူး။ ကိုယ့်ဟာ ကိုယ်အဆင် ပြေသလို နေရတဲ့ တဲတွေကို ဖျက်ဆီး သွားတာပါ” ဟု သဲချောင်း ဒုက္ခသည် စခန်း မှ ဒုက္ခသည် တစ်ဦးက RB News သို့ ပြောပါသည်။ 

မဟာဆင် မုန်တိုင်း ရှောင်ရန် သတိပေးပြီး သည့်နောက်ပိုင်း မှစ၍ ပြည်နယ် အစိုးရ နှင့် ဗဟို အစိုးရမှ ရို ဟင်ဂျာ ဒုက္ခသည် များကို ပင်လယ်ပြင်နှင့် အနီးဆုံး နေရာတွင် နေရာချ ထားရန် ကြိုးစား ခဲ့သည်။ 

“ဒုက္ခသည် တွေကို နေရာချ ပေးဖို့ စီစဉ်ထားတဲ့ နေရာက ပင်လယ်နဲ့ အနီးဆုံး နေရာပါ။ အဲဒီတော့ လူမျိုး တုန်း သတ်ဖြတ် နေတဲ့ ကျွန်တော် တို့ကို သဘာဝ ဘေးအန္တရာယ် လာတဲ့ အချိန်နဲ့ သတ်ပစ်ဖို့ စီစဉ် တယ် လို့ဘဲ ကျွန်တော်တို့ မြင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ အဲဒီ နေရာတွေကို မသွား နိုင် ဘူး လို့ ငြင်း တယ်။” ဟု အဆိုပါ ဒုက္ခသည်မှ ပြောသည်။ 

ဒုက္ခသည် များမှ ပင်လယ်နှင့် အနီးကပ်ဆုံး နေရာသို့ ပြောင်းရွှေ့ရန် ငြင်းဆိုသောကြောင့် ရဲနှင့် လုံထိန်း များ လာပြီး ကိုယ်ထူ ကိုယ်ထ ဆောက်လုပ် ထားသော တဲများကို ဖျက်ဆီး သွားခဲ့သည်။ 

“ကျွန်တော် တို့ကို ကူညီဖို့ လာတယ် ဆိုတဲ့ ရဲတွေက အခုဘဲ သတ်တော့မယ့် အတိုင်းဘဲ။ အဲဒါကြောင့် လူတွေက ရဲတွေလာရင် ပိုလန့်တယ်။ ထင်တဲ့ အတိုင်းဘဲ ရဲတွေလာပြီး ကျွန်တော်တို့ရဲ့ တဲတွေကို ဖျက်ဆီး သွားတယ်။ ကျွန်တော် တို့ကို ခေါ်သွားတဲ့ နေရာမှာ သွားနေ ရင်လည်း မုန်တိုင်း ပြီးလို့ ပြန်လာ ရင် နေ စရာ နေရာ မရှိတော့ဘူး” ဟု ဒုက္ခသည်မှ ၀မ်းနည်းစွာ ပြောပါသည်။








Comment ရေးရန်

Rohingya Exodus