April 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မဟာဆင်အပြီး မောင်တောမြို့ အခြေအနေ

(ဓါတ်ပုံ - Lux Capio)
မဟာမင်းခန့်
RB News
19.5.2013

ဗလီများ ဖွင့်ပေးခြင်းနှင့် ပြန်ပိတ်ပစ်ခြင်း 

မေလ (၁၅) ရက်နေ့တွင် မောင်တောမြို့ အမှတ် (၁) ရပ်ကွက် မြို့မ ဗလီကြီး၊ အမှတ် (၂) ရပ်ကွက်မှ ဗလီ ၂ လုံးနှင့် မောင်နီရွာ ဗလီတို့ကို မောင်တောမြို့နယ် အုပ်ချုပ် ရေးနှင့် ခရိုင် အုပ်ချုပ်ရေး တို့မှ ဖွင့်ပေးကာ ရိုဟင်ဂျာ မွတ်ဆလင် တို့အား ၀တ်ပြု ခြင်းနှင့် ဆု တောင်းခြင်း တို့ကို ပြုလုပ်ရန်၊ အထူး သဖြင့် မဟာဆင် မုန်တိုင်း အန္တရာယ်မှ ကာကွယ်မှု ရရှိရန် အလို့ငှာ ၀တ်ပြု ဆုတောင်းရန် စေခိုင်း ခဲ့သည်။ ရိုဟင်ဂျာ တို့ သည်လည်း အရေး အခင်း ဖြစ်ပြီး ကတည်းက ပိတ်ထား ခဲ့သော ဗလီ ၀တ်ကျောင်း များကို ပြန်လည် ဖွင့်ပေးပြီး ၀တ်ပြု ဆုတောင်း ရသဖြင့် အလွန် တရာ ၀မ်းသာ ကြည်နူး နေကြ ရသည်။ မဟာဆင် မုန်တိုင်း အန္တရာယ်မှ ကင်းလွတ် သွားပြီး ယမန်နေ့ (မေလ ၁၈ ရက်) နေ့လည် ၂ နာရီတွင် မြို့နယ် အုပ်ချုပ်ရေး မှလာရောက်၍ ဖွင့်ပေး ခဲ့သော ဗလီများအား ပြန်လည် သော့ခတ် ချိတ်ပိတ် လိုက်ကြောင်း၊ မွတ်ဆလင် လူထုလည်း ပြန်လည်၍ အလွန်တရာ သောက ဖြစ်ကာ ၀မ်းနည်း ခံစား နေရကြောင်း မောင်တော ဒေ သ ခံများမှ သတင်း ရရှိပါသည်။ 

ဘင်္ဂါလီဟု လက်ဗွေ နှိပ်ရန် ငြင်းဆန် သဖြင့် င/ည ပုဒ်မဖြင့် အရေးယူ ထားခြင်း 

မေလ (၁၃) ရက်နေ့တွင် မောင်တောမြို့ ကျီးကန်းပြင် အလယ်ရွာမှ ဦးမာမတ် ဆာလမ် (ဘ) ဦးဆော် ယာဒ်၊ အသက် ၄၅ နှစ်သည် နစကမှ ဦးစီး၍ ဘဂါင်္လီဟု ရေးထားသော ကွန်ပျူတာ ပရိုဂရမ်တွင် လက်ဗွေ နှိပ်ရန် အတင်း အဓမ္မ စေခိုင်း ခဲ့ရာ ဦးမာမတ် ဆာလမ်က လက်ဗွေ နှိပ်ရန် ငြင်းဆန် ခဲ့သဖြင့် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ယမန်နေ့ (မေလ ၁၈ ရက်) က ၎င်း ဦးမာမတ် ဆာလမ်အား င/ည ပုဒ်မ တပ်၍ အရေးယူ ထားကြောင်း မိသားစုထံမှ သတင်း ရရှိပါသည်။ 

မေလ (၂၁) ရက်မှ စတင်၍ မောင်တော ခရိုင် တစ်ခုလုံးအား လက်ဗွေ နှိပ်ရန် ကိစ္စကို အာဏာ စက်ဖြင့် အတင်း အဓမ္မ ပြုလုပ် ဆောင်ရွက် သွားမည်ဟု ကြေညာ ထားသဖြင့် ရိုဟင်ဂျာ များက ကြောက်လန့်ကာ တစ် ဖက် နိုင်ငံသို့ ထွက်ပြေး နေကြကြောင်း ဒေသခံ များမှ သတင်း ရရှိပါသည်။ 

ဘင်္ဂါလီဟု လက်ဗွေနှိပ်မှ ခွင့်ပြုလက်မှတ် ဟူသမျှထုတ်ပေးမည် 

ရိုဟင်ဂျာ များသည် ဆယ်စုနှစ် နှစ်ခုကျော် သုံးခု နီးပါး အမိုးဖွင့် အကျဉ်း ထောင်ကြီး ထဲတွင် နေနေ ကြရသည်။ ၎င်းတို့သည် နစက၊ စစ်တပ်၊ ရဲ၊ စရဖ၊ ခရိုင် အုပ်ချုပ်ရေး၊ မြို့နယ် အုပ်ချုပ်ရေး၊ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေး စသည့် အစိုးရမှ အဖွဲ့ အစည်း အသီးသီး၏ လက်အောက်တွင် နည်း ပေါင်းစုံဖြင့် ညှင်းပန်း နှိပ်စက်မှု၊ ဖိနှိပ် ချုပ်ချယ်မှု၊ မတရား ဖမ်းဆီး ထောင်ချ မှုများ ခံနေရ သည့်အပြင် တစ်ရွာမှ တစ်ရွာ သို့ ခရီး သွားလာ ခွင့်လက်မှတ်၊ အပျို လူပျို လက်ထပ် ခွင့်လက်မှတ်၊ ကလေး မွေးဖွားခွင့် လက် မှတ်၊ ဆေးကုသခွင့် လက်မှတ် စသည်ဖြင့် နစကမှ အခြေခံ လူ့အခွင့် အရေး ဆိုင်ရာ ခွင့်ပြု လက် မှတ် ပေါင်းစုံကိုငွေ ကျပ်ထောင် ဂဏန်းမှသောင်း ဂဏန်း၊ သိန်း ဂဏန်းများ အကုန် အကျခံကာ ယူဆောင် နေရ သဖြင့် ရိုဟင်ဂျာ များမှာ အလွန် တရာ ဒုက္ခပင်လယ် ဝေနေရပါသည်။ ယခုအ ခါ မောင်တော မြို့ကျီး ကန်းပြင် နစက ဂိတ်ဝတွင် "လက်ထပ်ခွင့် လက်မှတ်၊ ခရီး သွားလာခွင့် လက် မှတ်နှင့် အခြား သော ခွင့်ပြု လက်မှတ်များ ရရှိ လိုလျှင် ဘင်္ဂါလီဟု လက်ဗွေနှိပ်မှ ထုတ်ပေးမည်" ဟု ဆိုင်း ဘုတ် တင်ထားကြောင်း ဒေသခံ များမှ သိရှိ ရပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus