မိသားစုဝင် ၃၀ ကျော် ဆုံးရှုံးခဲ့ရတဲ့ ပေါက်တောမြို့က ဒေါ်နူရ်ဘီရှုနာ
ပေါက်တော မြို့နယ် ဒုံးရွာက ဒေါ်နူရ်ဘီရှုနာ (အသက် ၆၈ နှစ်) |
RB News
19.5.2013
စစ်တွေ ။ ။ ရခိုင် ပြည်နယ်မှာ မဟာဆင် မုန်တိုင်း ၀င်မယ် ဆိုတဲ့ သတင်းကြောင့် ပေါက်တော မြို့နယ် ဒုက္ခသည် စခန်းမှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အများစုဟာ ဆင်တက်မော်ကို မေလ (၁၃) ရက်နေ့မှာ မုန် တိုင်း ရှောင်ဖို့ ထွက်ခွာ ခဲ့ကြ ပါတယ်။
မုန်တိုင်း ရှောင်တဲ့ စက်လှေ တွေထဲက ဒုက္ခသည် ၁၀၀ ကျော် တင်ဆောင် လာတဲ့ စက်လှေ တစ်စီး ဟာ မေလ (၁၃) ရက်နေ့ ညသန်းခေါင်ယံ (၂) နာရီ လောက်မှာ နစ်မြှပ်ခဲ့ပြီး၊ ၄၃ ဦး အသက်ရှင် နိုင်ခဲ့ပြီး၊ ၈၁ ဦး သေ ဆုံး ခဲ့ ရတယ်။ သေဆုံး သူတွေထဲက အလောင်း (၂) လောင်းကို သာပြန်လည် ရရှိခဲ့ပြီး၊ ကျန် တဲ့ ၇၉ ဦးထဲက ၆ ဦးရဲ့ အလောင်းကို မောင်တော မြို့နယ် မြင့်လွတ်ရွာမှာ ပြန်ရခဲ့ သလို၊ ဘင်္ဂ လား ဒေ့ ရှ် နိုင်ငံ တပ်ခ်နာဖ်မြို့မှာ ၃၁ ဦးရဲ့ အလောင်းကို ပြန်လည် ရရှိခဲ့ပါတယ်။
အသက်ရှင် နိုင်ခဲ့သူ တွေထဲမှာ ပေါက်တော မြို့နယ် ဒုံးရွာက အသက် ၆၈ နှစ် အရွယ် ဒေါ်နူရ်ဘီရှုနာ (ဘ) ဦး ချောရ် အလီ လည်းတစ်ဦး အပါအ၀င် ဖြစ်ပါတယ်။ ဒေါ်နူရ်ဘီရှုနာ ရဲ့ပြောပြ ချက်အရ သူမရဲ့ သားသမီး၊ မြေး၊ ဆွေမျိုး အရင်းအချာ ၃၁ ဦး သူမနဲ့ အတူ စက်လှေ ပေါ်မှာ ရှိနေခဲ့ ပါတယ်။ သူမ အတူ ပါလာတဲ့ မိသားစုဝင် ၃၁ ယောက်လုံး အသက် ဆုံးရှုံး သွားပေမယ့် လည်း သူမကတော့ ရေ ထဲ မှာ မျောနေ ခဲ့ပြီး မေလ (၁၅) ရက်နေ့ နံနက် ၁၁ နာရီ လောက်မှာ စစ်တွေမြို့ ဘော် ဂါဒေလ် ကျေး ရွာက တံငါသည်တွေက မျောနေတာကို တွေ့ပြီး ကယ်ဆယ် ခဲ့လို့ အသက် ဆက် ရှင် နိုင်ခဲ့တယ်။
အခုလည်း ဒေါ်နူရ်ဘီရှုနာကို ဘော်ဂါဒေလ် ရွာမှာ စောင့်ရှောက် ထားကြတယ်။ သူမကတော့ ဆုံးရှုံး သွား တဲ့ မိသားစုဝင် ၃၁ ယောက် အတွက် ယူကျူံးမရ ဖြစ်ပြီး မျက်ရည်တွေနဲ့ အတော်လေး ၀မ်းနည်း ပူဆွေး သောက ရောက်နေ တယ်လို့ ဒေသခံ တွေရဲ့ ပြောကြားချက် အရ သိရပါတယ်။