April 01, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဗလီများ ဖွင့်တဲ့နေ့

မင်းသိန်း
RB News
8.5.2013

မနေ့က (မည်သည့် ဘာသာဝင် မဆို ဗလီများ အတွင်း ၀င်ရောက် လေ့လာ ခွင့်ပြု) ဆိုသော ခေါင်းစဉ်ဖြင့် သတင်း တစ်ပုဒ် ဖတ်လိုက် ရပါသည်။ ဒီနေ့ ဗလီထဲမှာ ဘုန်းတော်ကြီး တချို့နှင့် မွတ်စလင် တွေတွဲရိုက် ထားတဲ့ ဓါတ်ပုံ တွေ့လိုက်ရတော့ စိတ်ထဲမှာ အတိုင်း မသိ ကြည်နူး မိတယ်။ အမှန် တကယ် ကျွန်တော်တို့ စည်းကမ်း တကျ ဗလီတွေ အတွင်း မည်သူ့ကို မဆို ၀င်ရောက် ကြည့်ရှု ခွင့်ပေးသင့် တာကြာ ပါပြီ။ ဒီစကားကို ဒီလို နိုင်ငံရေး အခြေ အနေ မျိုးမှာ မွတ်စလင် တချို့ နှစ်သက် လက်ခံ နိုင်မည် မဟုတ်ပါ။ ထို မွတ်စလင် ညီနောင် များအားလည်း အပြစ် မဆို ထိုက်ပေ။ တခြား ကွဲပြားသော အမြင်များ အား လည်း မြန်မာ - မွတ်စလင် ထုအား ချပြသင့် ပေသည်။ မြန်မာ အစိုးရ အဆက်ဆက်၏ မွတ်စလင် များ အပေါ် ထားရှိသော သဘောထား အမှန်၊ နိုင်ငံရေး သမား များ၏ စိတ်နေ စိတ်ထား အမှန်၊ မွတ်စလင် မဟုတ်သော တခြား လူ့အဖွဲ့ အစည်း များ၏ သဘောထား အမှန် များကို မြန်မာ - မွတ်စလင်ထု အနေ ဖြင့် လေ့လာ၊ သုံးသပ်ပြီး အခြေ အနေ မှန်ကို ရဲရဲ ၀ံ့ဝံ့ လက်ခံ သင့်ပေသည်။ 

မြန်မာ နိုင်ငံ အတွင်း နေထိုင် ကြသော မွတ်စလင် များအနေဖြင့် ရှေ့ခရီးတွင် မိမိ တို့၏ နေမှု၊ ထိုင်မှု စ သည့် အခြေ အနေ အရပ်ရပ်အား သတိ ရှိရှိ အမျှော် အမြင် ကြီးကြီးဖြင့် လျှောက်လှမ်း သင့်ပေသည်။ လူမျိုး ကြီးဝါဒ အား လက်ကိုင် ပြုထားသော လက်ရှိ အစိုးရ သော် လည်းကောင်း၊ လူ့အဖွဲ့ အစည်း အတွင်း ရှိ လူအများစု သော် လည်းကောင်း၊ မွတ်စလင် များအား မတရား အင်အားသုံး အနိုင် ကျင့်ရန် ရည်ရွယ် ချက်များ ရှိနေ ပါသည်။ ဤအခြေ အနေ မျိုးတွင် သာမန် ပြည်သူများ အနေဖြင့် မွတ်စလင် များ၏ အခြေ အနေမှန် များအား ပိုမို သိရှိ နားလည် လာနိုင်ရန် မွတ်စလင် များအနေဖြင့် ယ္ခင်ထက် ပိုမိုပြီး ပွင့်လင်း မြင်သာမှု ရှိရန် လိုအပ်လာပါသည်။ မိမိ ဆိုလို သည်မှာ ဗလီကြီး များအတွင်း ဧည့်သည် မှတ်တမ်း များထား သင့်သည်။ လာရောက် လည်ပတ်သော ဧည့်သည် များ၏ သဘောထား များအား ဗီဒီယို ရိုက်ကူး၍ မှတ်တမ်း တင်ထား သင့်သည်။ လူတစ်ယောက် သည် မိမိ ရိုးသား ပါသည်၊ မည်သူ့ ကိုမှ အန္တရာယ် မပြုပါ ဟုပြောဆိုပြီး ကားလမ်းပေါ်တွင် သွားရပ်နေရင် ကားတိုက်ခံ ရမှာ သေချာ နေပါ သည်။ မြန်မာ နိုင်ငံ၏ အခြေ အနေ သည် ကားကြီး၊ ကားငယ်များ စည်းကမ်း မဲ့ မောင်းနေ  သော ရန် ကုန် လမ်းမကြီး များနှင့် တူနေ ပါသည်။ မွတ်စလင်များ အနေဖြင့် မိမိတို့ မည်သို့ပင် ရိုးရိုး သားသား လုပ်ကိုင် စားသောက် နေစေ ကာမူ ကားတိုက် မခံ ရအောင်တော့ မိမိ ကိုယ်ကို ကာကွယ် သင့် ပေသည်။ 

ဂျာမဏီ နိုင်ငံ အတွင်း လူဦးရေ (၈၂) သန်း ရှိသည့် အနက် မွတ်စလင် လူဦးရေ သည် (၄.၅) သန်း နီးပါး ရှိသည်။ အများစု သည် တူရကီ မွတ်စလင် များ ဖြစ်ကြ သည်။ ဂျာမဏီ နိုင်ငံ အတွင်း လူနည်းစု မွတ်စလင် များ၏ အမျှော် အမြင် ကြီးမှု နှင့် ကြိုးစား ဆောင်ရွက် မှုများသည် အားကျ အတု ယူဖွယ် ကောင်း လှသည်။ မွတ်စလင် များ၏ ဗလီ ၀တ်ကျောင်း တော်များ အ တွင်း ဧည့်သည် များ ၀င်ရောက် လေ့လာ ကြည့်ရှု ခွင့်ကို (၁၉၉၇) ခုနှစ်မှ စ တင်ပြီး တရားဝင် စနစ် တကျ ပြုလုပ် ခဲ့ကြ သည်။ (ဗလီများ ဖွင့်တဲ့နေ့) အဖြစ် ဂျာမဏီ နိုင်ငံ ၏ ပြန် လည် ပေါင်းစည်း ရေးနေ့ (အောက်တို ဘာလ ၃ ရက်နေ့) ကိုသတ်မှတ် ခဲ့ကြ သည်။ အဲဒီ နေ့ဟာ အရှေ့ ဘာလင်နှင့် အနောက် ဘာလင် ပေါင်း စည်း ရေး နေ့ ဖြစ် သည်။ မြို့ တိုင်း၊ နယ်တိုင်းတွင် မိမိတို့နှင့် သက်ဆိုင်ရာ အစိုးရ အာဏာ ပိုင်များ၊ ဘာ သာရေး၊ လူမှု့ရေး အဖွဲ့ အစည်း အသီး သီးမှ လူပုဂ္ဂိုလ် များအား ဖိတ်ကြား သည့်အပြင် စိတ်ဝင် စားသူ များလည်း လာရောက် လေ့လာ ကြ ပါ တယ်။ အစ္စလာမ့် သမိုင်း ဆိုင်ရာတွေ၊ တမန်တော် မြတ်ကြီး (ဆွ) ရဲ့ ဘ၀ ဖြစ်စဉ်တွေ၊ စတဲ့ နှစ်စဉ် သတ် မှတ် ထားတဲ့ ကဏ္ဍ အလိုက် ရှင်းလင်း ပြောပြ ကြတယ်။ တဖက်က မေးတဲ့ မေးခွန်း တွေ ကိုလဲ ဖြေ ဆို ပေးကြ တယ်။ ကုရ်အာန် ဖတ်ပြတာ၊ နမားဇ် ဖတ်ပြတာ၊ အာဇာန် ဆိုပြတာ စသဖြင့် မွတ်စလင် တွေရဲ့ လက်တွေ့ ကျင့်စဉ် တရား တွေကိုလဲ လက်တွေ့ လုပ်ပြတာ လဲရှိ ပါတယ်။ (၂၀၀၇) ခုနှစ်က စပြီး အစ္စလာမ် ရေးရာနှင့် ပတ်သက်တဲ့ စာအုပ် ပါးလေး တစ်အုပ်စီ ထုတ်ဝေပြီး လက်ဆောင် ပေးကြတယ်။ (၂၀၁၂) ထုတ်ဝေ တဲ့စာအုပ် ရဲ့ ခေါင်းစီး ကတော့ (ISLAMISCHE KUNST UND KULTUR) (အစ္စလာမ့် အနု ပညာ နှင့် ယဉ်ကျေးမှု) ဖြစ်ပါတယ်။ 

ဂျာမန် မွတ်စလင် တွေရဲ့ ဗလီတွေနှင့် ပတ်သက်ပြီး ဆောက်ရွက် ချက်တွေ ထဲမှာ ရိုးရှင်းပြီး အလွန် တရာ မှ ထိရောက်တဲ့ အတွေး အခေါ်တစ်ရပ်ကို တွေ့ရ ပါတယ်။ ဗလီရဲ့ ဧည့်ခန်း ဆောင် နံရံတွေမှာ မွတ်စ လင် တွေအပေါ် ဘာသာခြား တွေ အဓိက အထင် အမြင် လွှဲမှား နေတဲ့ အကြောင်း အရာ တွေ ကို ဖြေရှင်း ထားတဲ့ (Wallpaper) တွေကို ချိတ်ဆွဲ ထားတယ်။ ဥပမာ အားဖြင့် (ဂျီဟတ်)ဆိုတာ ဘာလဲ။ (အစ္စ လာမ် က ပြောသော အမျိုးသ္မီး အခွင့် အရေး)၊ (တခြား ဘာသာ တရားများနှင့် ပတ်သက်ပြီး ကုရ်အာန်က ဘာပြော ထားလဲ)၊ စတဲ့ ခေါင်းစဉ် တွေကို ရှင်းလင်း ထားတာ တွေ့ရ ပါတယ်။ မွတ်စလင် တွေရဲ့ ဗလီ ၀တ် ကျောင်းတော် တွေအတွင်းမှာ တရားဝင် ချိတ်ဆွဲ ထားတဲ့ စာသား တွေဟာ မွတ်စလင် တွေရဲ့ သဘောထား ခံယူချက် အမှန်တွေ ဖြစ်တယ်။ လမ်းဘေးက စကားတွေ နှင့် မွတ်စ လင် တွေကို လာမစွပ်စွဲ ပါနှင့် ဆိုတဲ့ သဘောကို ဆောင်နေ ပါတယ်။ 

မြန်မာ့ သမိုင်း တလျှောက် မွတ်စလင် တွေဟာ ကျရာ အခန်း ကဏ္ဍ ကနေ ပါဝင် ဆောက်ရွက် ခဲ့ကြတယ်။ အစိုးရ အဆက်ဆက် မွတ်စလင် တွေရဲ့ သမိုင်းကို ရည်ရွယ်ချက် ရှိရှိ တစ တစ ဖျောက်ဖျက် လာတဲ့ အပြင်၊ မွတ်စလင် ထုအား မြန်မာ့ လူ့အဖွဲ့ အစည်း အတွင်း ကနေ တဖြည်းဖြည်း ပထုတ် လာခဲ့တယ်။ အခု တဖန် မြန်မာ့ လူ့အဖွဲ့ အစည်းနှင့် မွတ်စလင် တွေ သဟဇာတ မဖြစ်ဘူးဆို ပြီး စွပ်စွဲ ခံလာ ရပြန်တယ်။ ကျွန်တော် တို့ မြန်မာ - မွတ်စလင် တွေဟာ အတိတ် သမိုင်းမှာ ဘယ်သို့၊ ဘယ်ပုံ စွမ်းဆောင် ခဲ့ကြသည် ဆိုတာ ထက်၊ အနာဂတ် မြန်မာ့ သမိုင်းမှာ မွတ်စလင် တွေ မိမိ နိုင်ငံ အတွက် ဘယ်လို စွမ်းဆောင် မယ် ဆိုတာက ပိုလက်တွေ့ ကျ မည်ဟု ယုံကြည် မိပါသည်။ မွတ်စလင် မဟုတ်တဲ့ နိုင်ငံ တွေမှာ မွတ်စလင် လူနည်းစု တွေအနေ နှင့် အစ္စလာမ့် အလံ တော်ကို ဘယ်လို လွှင့်ထူ နေကြ တယ်ဆို တာကို လေ့လာ၊ မှတ်သား၊ အတုယူ သင့်ကြောင်း အသိပေး အပ်ပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus