နောက်ဆုံးသတင်း/ဆောင်းပါးများ

အလှည့်


ဌေးလွင်ဦး
RB News
1.6.2013

လက်ရှိ မြန်မာ အစိုးရနဲ့ လက်ပါးစေ လူသတ် သင်္ကန်း ၀တ်များ၊ မျက်ကန်း အမျိုးသားရေး ၀ါဒီများ- ဟာ လူမျိုး စုံ ဘာသာစုံ နေထိုင်တဲ့ မြန်မာ နိုင်ငံကို အမြင် တိုတိုနဲ့ အုပ်စု တစ်စုတည်းရဲ့ လက်ထဲမှာ ထားနိုင်ဘို့ အတွက် မောင်ပိုင်စီးဘို့ ကြိုးစား ခဲ့တယ်။ ဆက်လက် ကြိုးစား နေတယ်။ လက်နက်မဲ့ အပြစ်မဲ့ မြန်မာ မွတ်ဆလင်တွေ ရိုဟင်ဂျာ၊ ကမန် မွတ်ဆလင် တွေကို ယုတ်မာ ရက်စာစွာ လူမျိုးတုံး သတ်ဖြတ် ပစ်ဘို့ စီမံချက်ချ ထားခဲ့တယ်။ ဒီယုတ်မာမှုများရဲ့ ဇစ်မြစ်တရားခံ များကို သမ္မတကိုယ်တိုင်က ကာ ကွယ် စောင့်ရှောက် ပေးထားတယ်၊ တရားခံ အစစ်တွေကို ဖမ်းဆီး တားမြစ် ရမယ့် အစား-၊ အစော်ကား ခံရ အနှိပ် စက် ခံရတဲ့ မွတ်ဆလင် တွေကိုပဲ ထပ်ဆင့် နှိပ်ကွပ် ဖမ်းဆီး နေပါတယ်။-

အာဏာပိုင် အစိုးရ တစ်ရပ် အနေနဲ့ ပြဿနာ တွေကို တစ်ကယ် ရပ်တန်းက ရပ်ချင်ရင် ၂၄ နာရီ အတွင်း မှာ ဆောင်ရွက်လို့ ရနိုင် ပေမယ့်-၊ ရာဇ၀တ် ကောင်များအား ဆက်လက် မိုက်ကြေး ခွဲဘို့ ခွင့်ပြု ထားတာ အခု အခါ တစ်နှစ် တင်းတင်း ပြည့်မြောက် လာခဲ့ပြီ။ သမ္မတရဲ့ အစိုးရ အဖွဲ့ ကိုယ်တိုင်က ရာဇ၀တ် မှုထဲမှာ ဂိုဏ်းချုပ် အဖြစ် ပါဝင် နေတော့- သမ္မတကို တိုက်ရိုက် ကိုင်တွယ် နိုင်ဘို့ ကျုပ်တို့ ဘက်က ဖိအား၊ တွန်းအား၊ နည်းမျိုးစုံကို သုံးခဲ့ ပါတယ်။ ဒါပေမယ့် သမ္မတဟာ ကမ္ဘာကို ဗြောင်လိမ် တတ် သူ ဖြစ်နေ ပြန် တယ်။ ကမ္ဘာ့ လူကြီး တွေရှေ့မှာ ကျွန်တော် တို့က နုနယ် ပါတယ်၊ ဘာမှ မတတ်ပါဘူး၊ ကျွန်တော် တို့ကို သင်ပေးပါ- ဆိုတဲ့ စကား သုံးလုံးကို အလွတ်ကျက် ထားကာ ပြောဆိုပြီး- ဗြောင်လိမ်တဲ့ နေရာ မှာတော့-၊ အရှက်သိက္ခာ မရှိ လောက်အောင် ရင့်ကျက် လွန်းနေပါတယ်။ အခုတော့ သမ္မတ ကိုယ်တိုင် ရှင်း ရတော့မယ့် ကိစ္စတွေက-၊
(၁) တောင်ကုတ် အကြမ်းဖက် မှုမှာ ပါဝင် သူတွေကို တိတိ ကျကျ ဖမ်းဆီး အရေးယူ ပေးရမယ်။

(၂) ကျောက်နီမော် မုဒိန်း စွပ်စွဲ လုပ်ကြံမှုနဲ့ တရားခံ များကို ဖျောက်ဖျက်မှု အတွက် ပြန်လည် ရှင်း လင်း ပေးရမယ်-

(၃) သမိုင်း စဉ်ဆက်- ၁၇၉၉၊ ၁၈၅၂၊ ၁၉၆၄၊ ၁၉၇၈၊ ၁၉၉၀ နောက်ပိုင်းထိ ရိုဟင်ဂျာ ဆိုတဲ့ အမည် နာမနဲ့ တည်ရှိ နေတဲ့ ရခိုင်နယ်က ရခိုင် လူဦးရေရဲ့ သုံးပုံ တစ်ပုံသော အစ္စလာမ် သာသနာ ၀င်တွေကို- ရခိုင် ကော်မရှင် အစီရင်ခံစာ ထဲမှာ တစ်ယောက်မှ မတွေ့ရဘူး ဆိုတော့-၊ အဲ့ဒီ ရိုဟင်ဂျာ တွေကို မျိုးတုံး သတ်ဖြတ် ပစ်တဲ့ တရားခံ တွေကို ဖေါ်ပေးရမယ်။

(၄) ရခိုင်နယ်က မွတ်ဆလင် ဒုက္ခသည် တွေကို မိုးထဲ လေထဲမှာ သေကြေ ပျက်စီး သွားအောင် လျှစ်လျူ ရှုပစ်ပါယ် ထားခြင်း ကိစ္စကို တာဝန်ယူ ဖြေရှင်း ပေးရမယ်။

(၅) မိတ္ထိလာမှာ အရှင် လတ်လတ် မီးရှို့ သတ်ဖြတ် ခဲ့တဲ့ ကိစ္စ၊ မွတ်ဆလင် ပိုင်ခြံမြေ များကို သိမ်းယူတဲ့ ကိစ္စ၊ ဥက္ကံ၊ စက်ကွင်း၊ မုန်း မြို့များနဲ့ လာရှိုးမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေက တရားခံ အစစ်တွေကို ချက်ချင်း လက်ငင်း အရေးယူပေး ရမယ်။

ဒီတောင်းဆို မှုတွေ အတွက် ၂၀၁၃ ဇွန်လ ၈ ရက် ည ၁၂ နာရီ အထိပဲ- အချိန် ပေးနိုင် ပါမယ်။ ဇွန်လ ၉ ရက်ကို ရောက်သွား တဲ့နဲ့ ရာဇ၀တ် ကောင်တို့ရဲ့ ကံဆိုးမှု အလှည့်က စတင် ဆိုက်ရောက် ရပါမယ်။ မြန်မာ့ ရာဇ၀င် သမိုင်း မှာ ဘုရင် အဆက်ဆက် မင်းအဆက်ဆက် ဘယ်တုံး ကမှ မကြုံဘူး ခဲ့ရတဲ့ အဖြစ်ကို လူလိမ် လူယုတ် အစိုးရ အဖွဲ့ နဲ့ မျက်ကန်း အမျိုးသားရေး ၀ါဒီများ မြည်းစမ်း ရမှာပါ။

ရာဇ၀တ် ကောင်တွေကို အပြစ် ပေးဘို့ ကျုပ်တို့ဆီမှာ ခိုင်လုံ တိကျတဲ့ အထောက် အထားတွေ လုံ လုံ လောက် လောက်ရှိသလို၊ လူသားချင်း စိတ်ရှိတဲ့ ကမ္ဘာ့ အသိုင်း အ၀ိုင်းရဲ့ ၀ိုင်းရံ မှုလည်း အဆင်သင့် ရှိနေတယ်။

အမျိုးသားရေး၊ ဒီမိုကရေစီ အရေး၊ ပြုပြင် ပြောင်းလဲရေး- ဘာအရေး၊ ညာအရေး တွေကို အကြောင်း ပြ ချက်နဲ့ ကမ္ဘာ့မှာ လူမျိုးတုံး သတ်ဖြတ်ခွင့် မရှိကြောင်း- ရာဇ၀တ် ကောင်တွေ နားလည် သွားစေ ပါမယ်။ ရာဇ၀တ်ကောင် တွေ ခုံရုံးမှာ ဖြေရှင်း ရတဲ့နေ့- အဲ့ဒီ အခါ ရာဇ၀တ် ကောင်ချင်း ဘယ်လောက် ညီညွတ် ကြမလဲ--၊ မြန်မာ ပြည်သူ ပြည်သားများ မျက်ဝါး ထင်ထင် မြင်တွေ့ ရမှာပါ။


ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု

Comment ရေးရန်

Rohingya Exodus