နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ မရှိဘူး။ မကြားဖူးဘူးဆိုရင် နိုင်ငံရေး မလုပ်ကြနဲ့

31.5.2013

အားတော့နာ ပါတယ်။ သို့သော် ဆိုရေးရှိက ဆိုအပ်လှ၏။

တိုင်းပြည် အကျိုး အတွက် ရည်ရွယ်ပြီး အချက် အလက် အပေါ် အခြေခံတဲ့ တုန့်ပြန် ဆွေးနွေးမှု တွေကို ကြိုဆို ပါတယ်။

ရိုဟင်ဂျာ ပြဿနာက ပြည်ထောင်စုရဲ့ လုံခြုံရေးကို ခြိမ်းချောက် နေပါပြီ။ နိုင်ငံတော်ရဲ့ အချုပ် အခြာ အာ ဏာကို ထိခိုက် လာပါပြီလို့ အာဘောင် အာရင်း သန်သန်၊ တံတွေး တသီးသီးနဲ့ မိန့်ခွန်း ကြီးငယ် ကို ချွေနေကြတဲ့ နိုင်ငံရေး သမား ကြီးငယ်တို့ အနေနဲ့ ဒီလောက် အရေးကြီးတဲ့၊ ဒီလောက်တောင် တိုင်း ပြည် အနာဂတ်ကို ခြိမ်းချောက် နေပါတယ် ဆိုတဲ့ ရိုဟင်ဂျာ အကြောင်းကို သမိုင်း အထောက် အထား မှန်တွေ အပေါ် အခြေခံပြီး ဘာဖြစ်လို့ ကိုယ်တိုင် ကိုယ်ကျ ဓမ္မဒိဌာန် ကျကျ အလေး အနက်ထား မလေ့လာ ကြတာလဲ။ ဘာဖြစ်လို့ ဟိုလူပြော၊ ဒီလူ ပြောတာတွေ လောက်နဲ့သာ ကြေနပ် နေကြပြီး သံယောင်လိုက် ဖေါလုံးလုပ် နေကြ တာလဲ။ သူများ ပြောတိုင်း မယုံနဲ့လို့ ဗုဒ္ဓက ကာလမသုတ် မှာ ဟော ကြား ခဲ့ တာကို မေ့ထား လိုက်ကြ ပြီလား။

ရိုဟင်ဂျာ ဆိုတဲ့ တိုင်းရင်းသား တစ်မျိုး မြန်မာ သမိုင်းမှာ ရှိခဲ့တယ်။ သို့သော် ရိုဟင်ဂျာကို တိုင်းရင်းသား အဖြစ် ဘာကြောင့် လက်မခံ နိုင်ပါဘူးလို့ သတ္တိ ရှိရှိ ဗြောင်ပြောရဲ သူများ ရှိရင် လေးစား ပါတယ်။ ထိုသူ များသည် သမိုင်းမှန်ကို ကြည့်ရဲ သူများ၊ မိမိ လက်မခံ နိုင်သည်ကို လက်မခံ နိုင်ဘူးလို့ပြောရဲသူ များလည်း ဖြစ်ပါတယ်။ သမိုင်း မလိမ်တတ် သူများ လည်းဖြစ်တယ်။ ဒီလို ပွင့်ပွင့် လင်းလင်း သတ္တိ ရှိရှိ ပြောခြင်း အားဖြင့် တိုင်းရင်းသား ပေါင်းစုံ မြန်မာ ပြည်သူ လူထုကြီး သဘောကျ လက်ခံ နိုင်တဲ့၊ တိုင်းပြည်ရဲ့ အချုပ် အခြာ အာဏာနှင့် နိုင်ငံတော် လုံခြုံရေးကို အာမခံ နိုင်တဲ့ အဖြေ တစ်ရပ်ကို တိုင်းပြည် အကျိုး အတွက် ကျနော်တို့ စုပေါင်း ရှာဖွေ နိုင်မှာပါ။ အဲဒီ အဖြေမျိုးကို ကျနော်တို့ လက်ခံ သွားမှာ ဖြစ်ပါတယ်။

ဒါနဲ့ ရိုဟင်ဂျာ အကြောင်း၊ ရခိုင် အကြောင်း ကြီးကြီး ကျယ်ကျယ် ပြောဖို့ အရည်အချင်း (Qualify) ပြည့်မီ သူများ ဟုတ် မဟုတ် မိမိဖာသာ ဆန်းစစ် ချင်သူများ အတွက် ညာဏ်စမ်း မေးခွန်း (Quiz) တစ်ချို့ ကို မေးကြည့် ချင်ပါတယ်။ ကိုယ့်ဖာသာ ကို ဖြေကြည့်ဗျာ။

၁။ အင်္ဂလိပ်ပြန် အဝင် ဗိုလ်ချုပ် အောင်ဆန်းက တစ်နိုင် ငံလုံး လွတ်လပ်ရေး အတွက် ကြိုးစား နေချိန်မှာ တိုင်း ရင်းသား တစ်မျိုးရဲ့ ခေါင်းဆောင် အချို့က “အာရကန် နစ္စတန်” ဆိုပြီး သီးခြား နိုင်ငံ ခွဲထောင်ရေး လုပ်ပြီး ဗိုလ်ချုပ် အောင် ဆန်း နောက်ကျောကို ဓါးနဲ့ ထိုး ဖို့ ကြံ စည် ခဲ့တယ်။ အဲဒီ လူမျိုးက ရိုဟင်ဂျာလား။

၂။ ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲ ဖြစ်အောင် အင်္ဂလိပ်ကို မြှောက်ထိုး ပင့်ကော် ဖိတ်ခေါ် ခဲ့တယ်။ (မခေါ် လည်း အင်္ဂလိပ်က ဝင်မှာ ဆိုတာက တကဏ္ဍ ဖြစ်ပါတယ်။) အင်္ဂလိပ် ဖက်က စစ်တပ် ဖွဲ့ပြီးတောင် ဝင် တိုက် ပေးခဲ့တယ်။ မြန်မာပြည်ကို အင်္ဂလိပ် စကျွန်ပြု ကတည်းကနေ လွတ်လပ်ရေး ရသည် အထိ အင်္ဂ လိပ် အလိုတော်ရိ တွေလုပ်ပြီး မြန်မာ တိုင်းရင်းသားတွေ အားလုံးကို ဖိနှိပ် ခဲ့တဲ့ လူမျိုး တစ်မျိုး ရဲ့ ခေါင်းဆောင် တွေ အများကြီး ရှိခဲ့တယ်။ အဲဒီ လူမျိုးက ရိုဟင်ဂျာလား။

၃။ အင်္ဂလိပ်က တိုက်ပြီး စုစည်း ပေးလိုက်တဲ့အတွက် မြန်မာပြည်၊ အိန္ဒိယ (ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ စုပေါင်း) ပြည်ဆိုပြီး နိုင်ငံတော် ကြီး ဖြစ်ခဲ့ရတယ် ဆိုတာ သိသလား။ အင်္ဂလိပ် မသိမ်းခင်က အခုလို တစ်စု တစ်ပေါင်း တည်း နိုင်ငံကြီး မဖြစ်ခဲ့ သေးဘူး ဆိုတာကို သိသလား။

၎။ တိုင်းရင်းသား တွေက ပင်လုံ စာချုပ်မှာ လက်မှတ် မထိုးခဲ့ရင် မြန်မာ ပြည်မှာ ချင်း၊ ကချင်၊ ရှမ်း၊ က ယား ပြည်နယ်တွေ မပါတော့ဘူး ဆိုတာ သိသလား။

၅။ လွတ်လပ်ရေး ရပြီးတဲ့ အခါမှာ တရုပ်၊ ထိုင်း၊ အိန္ဒိယဆိုပြီး နယ်စပ်တွေကို အသိအမှတ် ပြုတဲ့ အခါမှာ မိမိ နယ်နိမိတ် အတွင်း နေထိုင်သူ တွေကို သက်ဆိုင်ရာ နိုင်ငံတွေက နိုင်ငံသား အဖြစ် သတ် မှတ် ပေး ရတယ် ဆိုတဲ့ နိုင်ငံ တကာ ကျင့်ဝတ်ကို သိသလား။

၆။ နယ်နိမိတ် ခွဲတဲ့ အခါမှာ ရခိုင် တွေကို စိုးရိမ်တဲ့ အတွက် ပါကစ္စတန် နိုင်ငံ ထဲမှာ ပါဝင် လိုကြောင်း ရိုဟင်ဂျာ ခေါင်းဆောင် အချို့က ပါကစ္စတန် ခေါင်းဆောင် မိုဟာမက် အလီဂျင်းနားကို တောင်းဆိုတယ်။ မိုဟာမက် အလီဂျင်းနားက ဒီလို လုပ်လို့ မရဘူးဆိုပြီး ဗိုလ်ချုပ် အောင်ဆန်းကို ပြောပြတယ်။ ဗိုလ် ချုပ် အောင် ဆန်းက မိုဟာမက် အလီဂျင်းနားကို ရိုဟင်ဂျာတွေ အတွက် တန်းတူ အခွင့်အရေး ရကြမယ် လို့ အာမခံ ပြောကြား ခဲ့တယ်။ ရိုဟင်ဂျာ တွေကိုလည်း ခင်ဗျား တို့တွေရဲ့ နိုင်ငံသား အခွင့် အရေး (အဲဒီတုန်းက တိုင်းရင်းသား အခွင့် အရေး ဆိုပြီး နိုင်ငံသား အခွင့် အရေးနှင့် ခွဲပြော တာမျိုး မရှိဘူး။ နိုင်ငံသား အားလုံး တန်းတူ ဖြစ်တယ်။) အပြည့် အဝ ရကြမယ်လို့ ပြောကြား ခဲ့တယ် ဆိုတာကို သိသလား။

၇။ ဟိုတုန်းက ရိုဟင်ဂျာ တွေက သူတို့ကို သူတို့ ရခိုင် မွတ်စလင်လို့ ခေါ်ကြတယ်။ ရခိုင် အ စွန်းရောက် တွေ က ရခိုင်မှန်ရင် ဝက်သား စားရမယ်။ ဗုဒ္ဓဘာသာ ဖြစ်ရမယ် ဆိုပြီး ငြင်းပယ် ခဲ့လို့ ရိုဟင် ဂျာ ဆိုတဲ့ ရှေးဟောင်း နာမည်ကို စွဲကိုင် ခဲ့ရတယ် ဆိုတာ သိသလားး။

၈။ ဦးနု လက်ထက်မှာ ရခိုင်ပြည်နယ် တောင်းတော့ ကျောက်ဖြူ၊ သံတွဲက ရခိုင် ခေါင်းဆောင် တွေက ရခိုင် ပြည်နယ် ဖြစ်ရင် စစ်တွေက ရခိုင်တွေ ခေါင်းဆောင်တဲ့ ရခိုင် ပြည်နယ် အောက်မှာ မနေ လိုဘူး။ ပုသိမ် ခရိုင်နဲ့ တွဲနေချင် ပါတယ်လို့ တောင်းဆို ခဲ့တာကို သိလား။ ဘာကြောင့် အဲဒီလို တောင်းဆို ရသလဲ သိလား။ ရခိုင် ပြည်နယ် တောင်းဆို မှုကို ရခိုင် အများစုက လက်မခံ ခဲ့ကြဘူး ဆိုတာ သိလား။ ဘာကြောင့် ရခိုင် ပြည်သူ အများစုက လက်မခံ ခဲ့ရတာလဲ သိလား။ ဘာကြောင့် ရခိုင် ပြည်နယ် ဖြစ်သွား သလဲ သိလား။

၉။ ရခိုင်က ရခိုင်ကိုတောင် မယုံတဲ့ သမိုင်း ဖြစ်စဉ်မှာ ရခိုင် ပြည်နယ် ဖြစ်သွားရင် ငါတို့ ရိုဟင်ဂျာတွေ အ ဖိနှိပ်ခံ ရတော့မယ် ဆိုပြီး ခွဲထွက်ရေး ဆန်ဆန် လှုပ်ရှားမှုတွေ ဖြစ်ခဲ့ရ တယ်ဆိုတာ သိသ လား။ နောက် ဆုံး ရခိုင် ပြည်နယ် အောက်မှာ မထားဘဲ ပြည်မက တိုက်ရိုက် အုပ်ချုပ် ရတဲ့ မေယု ခရိုင် ပေးပါမယ်။ ရိုဟင်ဂျာ ဆိုပြီး တိုင်းရင်းသား အဖြစ် သီးခြား အသိအမှတ် ပြုပေး ပါမယ်လို့ ဖြစ်ခဲ့ ရတာ ကိုကော သိကြ သလား။

၁၀။ မြန်မာ ပြည်မှာ ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်းဆိုတဲ့ အဓိက တိုင်းရင်းသား (၇) မျိုးလုံးနဲ့ တိုင်းရင်းသား ငယ် အများ အပြားဟာ ခွဲထွက်ရေး အတွက် တိုက်ပွဲ ဝင်ဖူးခဲ့ ကြတယ် ဆိုတာ သိသလား။

(ဒါက အခုစာရေး နေရင်း စိတ်ထဲ ပေါ်လာတာကို ရေးချ လိုက်ခြင်း ဖြစ်ပါတယ်။ အကြံပြု ချက်များ ရရင် ဖြစ် ဖြစ်၊ ကျနော် နောက်ထပ် သတိ ရရင် ဖြစ်ဖြစ် ထပ်ဖြည့်စွက် ပေးသွားမယ်။)

မည်သို့ပင် ဖြစ်စေကာမူ၊ ရိုဟင်ဂျာ ဆိုတာ မြန်မာ့ သမိုင်းမှာ ဘယ်တုန်း ကမှ မရှိခဲ့ပါဘူး။ ကြားလည်း မကြားဖူး ပါဘူး ဆိုရင် ကိုယ်ဗဟုသုတ နည်းတာ၊ စာမဖတ်တာ၊ သမိုင်း အတာကို လူသိအောင် လုပ်နေ သလိုပါဘဲ။ ရှက်စရာပါ။ ဒီလို လူများကို ကိုဗလကြီးက ကူညီနိုင် ပါသတဲ့။

======================================================

ကျုပ်လေ့လာမိတဲ့ ရိုဟင်ဂျာလူမျိုးနဲ့ မြန်မာနိုင်ငံ

by ကို ဗလကြီး on Thursday, May 17, 2012 at 9:59am

ရိုဟင်ဂျာဆိုတာ မနေ့ကမှဘွားကနဲ ပေါ်လာသလို ပြောနေသူ တွေရှိသလို၊ ရိုဟင်ဂျာ အကြောင်း သေသေ ချာ ချာ အစုံအလင် သိနေသူ များလည်း ဒုနဲ့ဒေးပါ။ အဲဒီတော့ စာဖတ်နေတဲ့ ခင်ဗျား လက်ခံသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ၊ ရိုဟင်ဂျာ တို့ရဲ့ ဘ၀ ထူးခြား လာမှာ မဟုတ် တာတော့ သေချာတယ်။ အစိုးရက လွှတ်တော်မှာ ဘယ်လို ငြင်းငြင်း၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ဖိအားကို လွန်ဆန် ဖို့ဆို မဖြစ် နိုင်တာရယ် ….တချိန်တုန်းက မြန်မာ နိုင်ငံမှာ တရားဝင် လူမျိုးစု အဖြစ် ရပ်တည် ခဲ့တဲ့ သမိုင်းကြောင်း ကြောင့် …. နောက်ဆုံးတော့ အော်ငြင်းနေတဲ့ ပါးစပ် တွေညောင်း၊ လက်တွေနာ၊ ဒါတွေပဲ အဖတ်တင် မယ်ဆိုတာ မြင်ယောင်မိ ပါ၏။

(၁) ၁၉၅၄ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့ ည ၈ နာရီအချိန် - နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု၏ အသံလွှင့် မိန့်ခွန်းတွင် မောင်းတောနှင့် ဘူးသီးတောင် မြို့နယ် များတွင် နေထိုင်လျက် ရှိသော ပြည်ထောင် စု သားများ သည် များသော အားဖြင့် ရိုဟင်ဂျာ အမျိုးသား ဖြစ်ကြသည် ပြောကြား ခဲ့သည်။

(၂) နိုင်ငံတော် ၀န်ကြီးချုပ်နှင့် ကာကွယ်ရေး ၀န်ကြီး ဦးဗဆွေမှ ၁၉၅၉ ခုနှစ် နိုဝင်ဘာလ (၃) ရက်နှင့် (၄) ရက်နေ့ များတွင် ဘူးသီးတောင်နှင့် မောင်းတောမြို့ လူထု အစည်း အဝေး များတွင် ရိုဟင်ဂျာ များသည် ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ရခိုင်၊ ချင်း တိုင်းရင်းသား ကဲ့သို့ တိုင်းရင်းသား လူမျိုးစု တခု ဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့သည်။

(၃) နိုင်ငံတော် ၀န်ကြီးချုပ်ရုံး လက်အောက် နယ်ခြား ဒေသ အုပ်ချုပ်ရေးရုံး ကြေငြာချက် (ရက်စွဲ - ၂၀.၁၁.၆၁) တွင် မေယုဒေသ အတွင်း နေထိုင်ကြသူ များသည် တိုင်းရင်းသား ရိုဟင်ဂျာ လူမျိုး များ ဖြစ်ကြောင်း ပါရှိသည်။ (မေယုဒေသ = ယခု မောင်းတောခရိုင်) 

(၄) ၁၉၆၁ မေလ (၁၅) ရက်နေ့မှစ၍ ၁၉၆၅ မတ်လအထိ မြန်မာ့အသံ တိုင်းရင်းသား လူမျိုးများ ဘာသာ စကား အစီအစဉ်တွင် တပတ်လျှင် (၁၀) မိနစ်ကျစီ (၃) ကြိမ်၊ ညနေ ၅း၃၀ နာရီတွင် ရိုဟင်ဂျာ ဘာသာ စကားဖြင့် အသံလွှင့် ပေးခဲ့ ပါသည်။ (နှစ်သုံးဆယ် မြန်မာ့အသံ - ဦးကျော်ငြိမ်း မာတလိ)

(၅) စာပေဗိမာန် ထုတ် မြန်မာ့ စွယ်စုံကျမ်း၊ အတွဲ (၉) စာမျက်နှာ (၈၉-၉၀) မှာ ၁၉၆၄ ခုနှစ်တွင် ရခိုင် တိုင်း မြောက်ပိုင်း မေယု ခရိုင်တွင် လူဦးရေ (၅၀၀၀၀၀) ငါးသိန်းခန့် ရှိပြီး ၇၅% သည် ရိုဟင်ဂျာ လူမျိုးများ ဖြစ်သည် ဟူ၍ အကျယ် တ၀န့် ရေးသား ဖော်ပြ ထားသည်။

(၆) ကာကွယ်ရေး ဌာနမှ ထုတ်ဝေသော တပ်မတော် ခေတ်ရေး စာစောင် အတွဲ (၁၂) အမှတ် (၆) (၁၈.၇.၆၁)နှင့် (၈.၈.၆၁) နေ့ထုတ် အတွဲ (၁၂) အမှတ် (၉) တို့တွင် မေယုခရိုင်၊ မောင်းတော၊ ဘူး သီးတောင်၊ ရသေ့တောင် အနောက်မြောက် မြို့နယ် များတွင် အများစု အားဖြင့် ရိုဟင်ဂျာ လူမျိုး များ နေထိုင် ကြပြီး၊ လူနည်းစုမှာ ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမီစသော လူနည်းစု များစွာ ပါဝင် နေထိုင်သည့် ခရိုင် ဒေသ တခု ဖြစ်ပါသည် ဟူ၍ ဖော်ပြပါ ရှိပါသည်။

(၇) ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်မှူးချုပ် အောင်ကြီး၏ (၈.၇.၆၁) ပြောကြားသော မိန့်ခွန်းတွင် “ကျွန်ုပ်တို့ ဒီခရိုင်မှာ နေထိုင်တဲ့ လူတွေကို ရိုဟင်ဂျာလို့ ခေါ်ပါတယ်။ မေယု ခရိုင်၏ အနောက် ဘက်တွင် ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) ရှိပြီး မွတ်ဆလင်များ နေကြပါတယ်။ အနောက် ဘက်မှာ နေသူများကို ပါကစ္စတန် ဟုခေါ်ပြီး၊ မြန်မာပြည်မှာ ရှိသူ များကို ရိုဟင်ဂျာလို့ ခေါ်တယ်။ မြန်မာ၊ ပါကစ္စတန် နယ်စပ် တခုတည်း မှာသာ လူမျိုး တမျိုး တိုင်းပြည် ခြား၍ နေကြသည် မဟုတ်၊ တရုတ်နှင့် ဆက်စပ် နေသော နယ်စပ် တွင်လည်း ဤသို့ လူမျိုးချင်း ဆက်စပ် နေကြသည်။ ဥပမာ - ကချင်မှာ လီဆူး၊ အီကော၊ လ၀ စသည့် လူမျိုးများ ရှိသလို တရုတ် ပြည်တွင်လည်း ၄င်းလူမျိုးများ ရှိသည်။ ထိုနည်း တူ မြန်မာပြည် တွင်းရှိ ရှမ်းလူမျိုးများ ရှိသလို တရုတ်ပြည် တွင်လည်း တိုင် ဆိုသော ရှမ်းလူမျိုး များရှိကြ ပါသည်။ မြန်မာ ပြည်တွင် မွန်၊ ကရင်၊ မလေး ရှိသလို ယိုးဒယား ဘက်တွင်လည်း ထိုလူမျိုးများ ရှိကြ ပါသည်။ အိန္ဒိယ-မြန်မာ နယ်စပ် တွင်လည်း ချင်း၊ လီရှော၊ နာဂ လူမျိုးများ မြန်မာ နိုင်ငံ ထဲမှာ ရှိသကဲ့သို့ အိန္ဒိယ နိုင်ငံမှာ လည်းရှိ ကြသည်။ အဲဒီတော့ ဒီနေ့ ဒီအချိန် ကစပြီး ကျွန်တော် ပွင့်ပွင့် လင်း လင်း ပြောချင်တယ်။ မေယု ခရိုင်ကို ပြည်ထောင်စု ထဲမှာ ရှိတဲ့ လူနည်းစု တစုလို့ သဘော ထားမယ်။ အဲ ဒီတော့ အရင် တုန်းက ကျွန်တော် တို့မှားခဲ့တာ တွေရှိရင် ခင်ဗျားတို့ အားလုံး မေ့ကြ၊ ဒီအချိန် ကစပြီး ခင်ဗျားတို့ မေယုခရိုင်က လူတွေဟာ တို့ဗမာ ပြည်ထောင်စုသား၊ တို့ဗမာ ပြည်ထောင်စု ထဲက လူမျိုးစု တစုလို့ သဘော ထားကြပါ။” စသည်ဖြင့် အကျယ်တ၀န့် ပြောခဲ့သည်။

(၈) ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာ နိုင်ငံတော်၊ ပညာရေး ၀န်ကြီး ဌာနမှ ၁၉၇၈ ခုနှစ် ထုတ် မြန် မာ နိုင်ငံ အထက်တန်း ပထ၀ီဝင် ဖတ်စာအုပ်၊ စာမျက်နှာ (၈၆) တွင် တိုင်းရင်းသား လူမျိုး များ ပြန့် နှံ့ နေထိုင် ကြပုံ ပြရာမှာ ရခိုင် မြောက်ပိုင်း ဒေသကို ရိုဟင်ဂျာများ နေထိုင်ရာ ဒေသ အဖြစ် ပြသ ထား ပါသည်။

(၉) ရန်ကုန် တက္ကသိုလ်တွင် ရိုဟင်ဂျာ ကျောင်းသား၊ ကျောင်းသူ အသင်း အဖွဲ့လည်း ထူထောင် ခွင့် လျှောက်ထား ခဲ့ရာ ၃.၁၂.၅၉ ရက်စွဲပါ မှတ်ပုံတင်အမှတ် ၁၁၂/၅၉ ဖြင့် “This is to certify that Rangoon University Rohingya Student Association is one of the Registered Associations of the University of Rangoon for the academic year 1959-1960” ဟူ၍ မှတ်ပုံတင်ခွင့် ရရှိခဲ့ သည်။

(၁၀) ၁၉၆၀ ပြည့်နှစ်တွင် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ရိုဟင်ဂျာ ရိုးရာ ယဉ်ကျေးမှု ပြပွဲကို သိမ်ဖြူ အားကစား ပြိုင်ဝင်း အတွင်း ကျင်းပ ပေးခဲ့ရာ ရိုဟင်ဂျာ ယဉ်ကျေးမှု ပြပွဲ တခု ဖြစ်သော ကျင်ပွဲ ကို ပြသခွင့် ရရှိ ခဲ့ပါသည်။

(၁၁) မြန်မာ အသံ (၂၅) နှစ်မြောက် ငွေရတု သဘင် အဖြစ် ၁၉၇၁ ဖေဖော်ဝါရီလ တွင် သောတရှင် မဂ္ဂဇင်းကို ထုတ်ဝေ ခဲ့ရာ စာမျက်နှာ (၅၅) တွင် ၁၉၅၇ ခုနှစ်မှစ၍ တိုင်းရင်းသား ဘာသာ စကား အဖြစ် စတင် အသံလွှင့်ခွင့် ပြုသည့် ရက်စွဲ များကို ဖော်ပြ ရာတွင် ၁၉၅၇ တွင် ရှမ်းနှင့် ကချင် ဘာသာ၊ ၁၉၄၉ တွင် စကော ကရင်နှင့် ပိုးကရင် ဘာသာ၊ ၁၉၅၉ ခုနှစ်တွင် ချင်းဘာသာ၊ ၁၉၆၁တွင် မွန်၊ ပအို့၊ လားဟူ၊ ရိုဟင်ဂျာနှင့် ကယား ဘာသာတို့ အသံလွှင့် ခဲ့ကြောင်း ဖော်ပြ ထားသည်။ မွန်၊ ပအို့၊ လားဟူ၊ ရိုဟင်ဂျာ ဘာသာ တို့ဖြင့် အသံ လွှင့်ခွင့်ကို ၁၅.၅.၆၁ နေ့မှစ၍ ခွင့်ပြု ခဲ့ပြီး ၁.၁၀.၆၅ နေ့တွင် ရပ်ဆိုင်း ခဲ့သည်။

(၁၂) ၁၉၆၀ ခုနှစ် ပြည်ထောင်စုနေ့ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု ပြပွဲကို အောင်ဆန်း အားကစား ကွင်းတွင် နိုင်ငံတော်မှ ကျင်းပ ခဲ့ရာ ရိုဟင်ဂျာ ရိုးရာ ကျင်ပွဲ ခေါင်းစဉ်ဖြင့် တခမ်း တနား ကျင်းပ ခွင့်ပြု ခဲ့သည်။

(၁၃) ၂၀.၁၁.၆၀ နေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင် နယ်ခြား ဒေသ အုပ်ချုပ်ရေးရုံးမှ နယ်ခြား ဒေ သ အုပ်ချုပ်ရေး အရာရှိ ရခိုင် တိုင်းမင်းကြီးနှင့် အဖွဲ့ဝင်များ မေယု နယ်ခြား ခရိုင်သို့ ရောက်ရှိ ခဲ့ကြရာ ရိုဟင်ဂျာ များမှ လှိုက်လှဲစွာ ကြိုဆို ကြကြောင်း၊ သူရ သတ္တိ ရှိသူများ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ကို မြတ်နိုး လိုလားပြီး သစ္စာ ရှိသော စိတ်ဝင် စားဖွယ် ပြည်ထောင်စု၏ လူမျိုး တမျိုး ဖြစ်ကြောင်း ဖော်ပြခဲ့သည့် အပြင် မြန်မာ့ အသံ (ရေဒီယို အစီအစဉ်) မှလည်း ထိုအကြောင်း အရာကို ထုတ် လွှင့် ခဲ့သည်။

(၁၄) ၁၈.၇.၆၁ ရက်နေ့ထုတ် တပ်မတော် ခေတ်ရေး စာစောင် အတွဲ (၁၂) အမှတ် (၆) စာစောင်တွင် “မေယုနယ် မှလေ ဘယ်လို အခြေရှိ ပါလိမ့်” ခေါင်းစဉ်ဖြင့် ရေးသား ခဲ့သည်။ ထိုဒေသ၏ လူအများစု သည် ရိုဟင်ဂျာ ဖြစ်ကြောင်း ရေးသား ခဲ့သော ဆောင်းပါး ဖြစ်သည်။

(၁၅) ကာကွယ်ရေး ၀န်ကြီး ဌာန၊ ပညာရေးနှင့် စိတ်ဓါတ် ရေးရာ ညွှန်ကြား ရေးမှူးရုံး ၁၉၆၁ ခုနှစ်တွင် ထုတ်ဝေ ခဲ့သော တပ်မတော် ခေတ်ရေး စာစောင် (၂) စောင်အနက် ၈.၈.၆၁ နေ့ထုတ် အတွဲ (၁၂) အမှတ် (၉) တွင် “ပျောက်ဆုံး နေသော ညီအစ်ကို တစ်ဦးကို ရှာတွေ့သည့် ပမာနှယ်” ခေါင်းစဉ်ဖြင့် ဘူးသီးတောင်၊ မောင်းတောတွင် ရိုဟင်ဂျာ လူမျိုး ၉၇% ရှိကြောင်း ရေးသား ခဲ့သည်။

Comment ရေးရန်

Rohingya Exodus