နောက်ဆုံးသတင်း/ဆောင်းပါးများ

အဆိပ်

ဌေးလွင်ဦး
RB News
3.7.2013

မြန်မာ မာဖီးယား အစိုးရ အုပ်စုဟာ အာဏာကို ဖက်တွယ်ပြီး မှားတာလား၊ ဥစ္စာကို မက်မောပြီး မှားတာ လား၊ ဘဘိုး အာဏာရှင် ကြီးများကို ကာကွယ်ပြီး မှားတာလား၊ သူတို့ သိတဲ့ ဗုဒ္ဓ အယူ အဆ လောက်မှာ ဘ၀င် လေဟပ် ကပ်ငြိ ပြီးမှားတာလား-၊ ဒါတွေ အားလုံး ကြောင့်ပဲ မှားတာလား၊ သို့မဟုတ် မိမိကိုယ် မိမိ မှားနေမှန်း မသိလို့ဘဲ ဆက်တိုက် မှားနေတာ လားတော့ မသိတော့ပါ။

ဘယ်လို မှားမှား- မှားယွင်း နေမှုကို ပြင်ဆင်ဘို့ နောက်ကျသွားတာတော့ သေ ချာ နေပြီ။ ဒီ အချိန်မှာ ငါတို့ကို ဘယ်သူ ကမှ ဘာမှ မလုပ် နိုင်ဘူး အရေး မယူနိုင်ဘူး-လို့ အခြောက်တိုက် ဘ၀င် မြင့်စိတ် နဲ့ ပေါင်းစပ် လိုက်တော့ မိရိုး ဖလာ ရိုးရိုးသားသား ယုံကြည် နေတဲ့ ဗုဒ္ဓဘာသာဝင် လူထုကြီးရဲ့ မျက်နှာ ကိုပါ မထောက်-၊ ကမ္ဘာက အကြမ်း ဖက်လို့ သတ်မှတ် လိုက်တဲ့ လူသတ် သာ သနာ ဖျက်သင်္ကန်းဝတ်တွေဘက်က ဗြောင်တိုက်ကြီးရပ်တည်ပြလိုက်သေး တယ်။ ဒီအတွက် မာဖီးယား အစိုးရ အုပ်စုမှာ ဘွာခတ်ချိန် မရှိတော့ပါ။

လွှတ်တော်ကို မောင်ပိုင်စီး၊ တပ်မတော်ကို မောင်ပိုင်စီး၊ သာသနာကို မောင်ပိုင်စီး၊ လူထုနာမည် ကို ပါ ခေါင်းပုံ ဖြတ်ပြီး လူဆိုး လူမိုက် တစ်စုကို မွေးကာ ဆင်ပြောင် တစ်ကောင်လို အင်အား ထွားအောင် ဖန်တီး ထားနိုင်ခဲ့ပေမယ့်- ကမ္ဘာ့ အသိုင်းအ၀ိုင်းရဲ့ ဆင်ဖမ်း ပညာကို လျှော့တွက် မိခဲ့လေတော့-၊ နောင် တဟာ နောက်ကျ သွားရပါ တော့တယ်။ အခု အချိန်မှာဆင်ရိုင်းတစ်ကောင်နောက်လှည့် မပြေးနိုင်အောင် အပြင်ကျုံး ထဲကို ခိုင်ခိုင် မာမာ ရောက်သွား ခဲ့ပါပြီ။

ကမ္ဘာ့ အာဏာရှင် ဆဒမ်ဟူစိန်၊ ကဒါဖီတို့- ကျုံးအကျဉ်း ကို သွင်းလို့ မရတော့- အရှင် ဖမ်းမိစေဘို့ အဆိပ်ငွေ့ လေးကို သူ့ဧရိယာ အတွင်းမှာ ကျဲချ ပေးလိုက်တယ်- အဲ့ဒီ အငွေ့က သတ်မှတ် ထားတဲ့ ကာလ တစ်ခုမှာ ဆင်ရိုင်းကြီး တစ်ကောင်ကို အသိပျောက် စေလောက်တဲ့ အင်အားမျိုး ဖြစ်စေပြီး-၊ ကိုယ့်ကိုယ် ကိုယ် လုပ်ကြံလို့လည်း မရ ပြေးပေါက်လည်း မရှိ - အရှင် ပကတိ ဖမ်းမိစေခဲ့ ပါတော့တယ်။ ဒါက ထင် သာ မြင် သာ ရှိတဲ့ အဆိပ်ပါ။ အခုတော့ ဒါတွေက မြန်မာ မာဖီးယား အစိုးရ အဖွဲ့ အတွက် အ လှည့် ဖြစ် လာ ခဲ့ပါပြီ- မြန်မာက မာဖီးယား အုပ်စုကို ကိုင်ဘို့ ဒီလောက် မခက်ခဲခဲ့ဘူး။ ဟ ပေးလိုက်တဲ့ အပေါက် ကြီး ကိုပဲမြင်ပြီး-၊ အပေါက်ကိုဆွဲစုလိုက်မယ့် ကြိုးကိုမှ မြင်နိုင်အား မရှိလေတော့-၊ ဒီလောက် ပညာ မဲ့ လောက်အောင် သွန်သင် လက်ဆင့်ကမ်း ခဲ့တဲ့ စစ်အာဏာရှင် များကို ပဲ ကြံဖန် ကျေးဇူးတင် ရမ လို ဖြစ်နေပြီ။

ကမ္ဘာကို လူလည် လုပ်ပြီး လည်လှပြီ ထင်နေတာတဲ့ အစိုးရ-၊ ကမ္ဘာ့က ပြန်မွှေ့လို့ မွေ့နေတာကို လည် တာနဲ့ မွေ့တာ မှားပြီး မွတ်ဆလင် တွေနဲ့ လူနည်းစုကို ဗိုလ်ကျနေပြ သေးတယ်။ လည်ပဲ လည် လည် မွေ့ ပဲမွေ့မွှေ့ အဆိပ်ငွေ့ ကတော့ လွှမ်းနေပြီ-၊ မကြာမှီ မူးလာ ရတော့မှာပါ။ ငါတို့တွေ ရပ်လို့ မရတော့တဲ့ အ ရှိန်နဲ့ ဆက်လည် နေမိပြီဆိုတာ- သိခဲ့ရင်လည်း နောက်ကျ ခဲ့ပါပြီ။

(၁) ၂၀၁၂ ကစ- မရပ်မနားဘဲ အပြစ်မဲ့ မွတ်ဆလင် များကို သတ်ခဲ့ ဖြတ်ခဲ့၊ ဖမ်းခဲ့ ဆီးခဲ့၊ ဥစ္စာ ပစ္စည်း များကို မီး တိုက်ခဲ့တဲ့ အမှုအတွက်--၊

(၂) ရခိုင်နယ်က ရိုဟင်ဂျာ များကို သမိုင်းဖျောက်ပြီး လူမျိုးတုံး သတ်ဖြတ်မှုကို ကျူးလွန် ခဲ့တဲ့ အတွက်--။

(၃) လူနည်းစု တိုင်းရင်းသား များကို တစ်စုချင်း ဖျောက်ဖျက်ဘို့ လုံ့လ ထုတ်ခဲ့တဲ့ ကြိုးစားမှု အတွက်--။

(၄) တိုင်းပြည် တွင်းက အာဏာမဲ့ လက်နက်မဲ့ လူတန်းစားဆီမှ လယ်ယာမြေများ ပိုင်ဆိုင်မှု များကို အနိုင် ကျင့် ဗိုလ်ကျ လုယူခဲ့မှုများ အတွက်-။

(၅) ရာဇ၀တ်ကောင် လူသတ် အကြမ်းဖက်များ၊ အကြမ်းဖက်မှုကို အားပေး အားမြှောက်တဲ့ လက်ကိုင်ဒုတ် မီဒီယာ များဘက်က ပြောင်ပြောင် တင်းတင်း ကျောထောက်နောက် ခံပေးမှုများ အတွက်-၊ 

ကျုပ်တို့ ကတော့- ကမ္ဘာ့ ခုံရုံးပေါ်က သက်သေ အထောက်အထား များနဲ့ ထိုင်စောင့် နေပါပြီ။ မာဖီးယား အုပ်စု အနေနဲ့ ၂၀၁၅ ကိုလည်း အိပ်မက်မက် မနေပါနဲ့တော့လို့ အသိပေး ပါတယ်။

ရခိုင် ကစတဲ့ အမှုကိစ္စ အတွက် တရားခံ တစ်ဦးချင်းစီကို ဘယ်လို စီရင်မလဲ ဆိုတာ ပဲ စောင့်ကြည့် နေ လိုက်ပါ။


ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှုအဖွဲ့
အမေရိကန် ပြည်ထောင်စု

Comment ရေးရန်

Rohingya Exodus