မြန်မာ့သမိုင်းနှင့် ရိုဟင်ဂျာ
ဌေးလွင်ဦး
RB News
16.6.2013
မြန်မာ နိုင်ငံက အမျိုးသားရေး ၀ါဒီ တွေဟာ- အမှန် တရား ထက် - ကျားကျား မီးယပ်- ၀ါဒီများ ဖြစ်ကြောင်း ကိုပဲ တွေ့နေ ရပါတယ်။ ယေက်ျား ပီသ ပါတယ် ဆိုတဲ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း အမေရိကန်မှာ ပြောတဲ့ စကားကိုပဲ ကြည့်ပါ။ မြန်မာ့ သမိုင်းမှာ ရိုဟင်ဂျာ ဆိုတာ မရှိဘူး- ဆိုပြီး ပြောင်တိုက်ကြီး ခံငြင်း နေတာကို အထင်း သားကြီး မြင်နေ ရတယ်။ ကျွန်တော့ရဲ့ အမျိုးသားရေး လှုပ်ရှား ခဲ့တဲ့ သမိုင်းမှာ ဒေါ်အောင်ဆန်း စုကြည် ကိုတောင် ဝေဖန် ခဲ့တာမျိုး ရှိပေမယ့်- ဦးရွှေမန်းနဲ့ ပတ်သက်ပြီး နှုတ်ဆိတ် နေခဲ့ တာချည်း ဖြစ်ပါတယ်။
မြန်မာ နိုင်ငံ ဧရိယာ အတွင်း ဇာတိဘွား အစ္စလာမ် သာသနာ ၀င်များကို ဘာသာရေး ယုံကြည် မှုကြောင့် ရည်ရွယ် ချက်ချ ပစ်မှတ်ထား တိုက်ခိုက် ခံရတဲ့ အကြောင်းကြောင့်- အကြမ်းဖက် တိုက်ခိုက် သူများ ရာဇ၀တ် ကောင်များကို မိမိရဲ့ အတိုက် အခံ များလို့ သတ်မှတ် ထားပေမယ့်-၊ အတိုက် အခံ ဖြစ်လင့် ကစား အတိုက် အခံ ဘက်က မှန်တဲ့ အချက်၊ အတိုက် အခံရဲ့ ပြုမှုချက် တွေမှာ လက်ခံ နိုင်ဘွယ် ရှိတဲ့ အချက် တွေကိုလည်း မိမိ ဘက်က ပွင့်ပွင့် လင်းလင်း လက်ခံ ရဲပါတယ်။
ဦးရွှေမန်းရဲ့ ပြောစကား ထဲမှာ ရိုဟင်ဂျာ ခေါ်ခေါ် ဘင်္ဂလီ ခေါ်ခေါ် မွတ်ဆလင် များကို ခွဲခြား ဖိနှိပ်တာ မျိုးကို ဥပဒေ အရ ကာကွယ် ရမယ် ဆိုတဲ့ စကားလုံး ကိုတော့ ဝေဖန်စရာ မရှိပါ။ ဒီစကားလုံးဟာ လူတစ်ဦး လူမျိုး တစ်မျိုး အနေနဲ့ မိမိရဲ့ အမည် နာမကို မိမိ ကင်ပွန်း တပ်ခွင့် ရှိတယ်။ အမည် နာမက အရေး မကြီးဘူး လူသားဟာ လူသား အခွင့် အရေး ရှိစေ ရမယ် ဆိုတဲ့ သဘော မျိုးကို ဆောင်လို့ အကောင်း မြင်ဘက်က ကြိုဆို သင့်တယ်လို့ လည်း ခံစားမိ ပါတယ်။
နောက်တစ်ချက်က- လွှတ်တော် ထဲမှာ မြန်မာ လူမျိုးပဲ ရှိတယ် ဆိုတဲ့ စကားလုံးက ဘူးသီးတောင်၊ မောင်းတော မြို့နယ် များက အမတ် များကို ရည်ရွယ်ပြီး ပြောသွားတဲ့ သဘောကို ဆောင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခြား ရခိုင်၊ မွန်၊ ရှမ်း အမတ်တွေ ရှိနေတာကို လူတိုင်း အသိပါ။ ဒါပေမယ့် ရိုဟင်ဂျာ ကိစ္စ အငြင်းပွား နေတဲ့ ကာလမှာ- ဘူးသီးတောင်၊ မောင်းတောက အမတ် များကိုသာ သူတို့ရဲ့ လူမျိုး နာမည်နဲ့ ထုတ်ဖေါ် ပြောဘို့ အခက် အခဲ ရှိနေတဲ့ သဘော ဖြစ်နေ ပါတယ်။ ဒီအချက် ကိုလည်း အနာဂါတ် မြန်မာ နိုင်ငံ အတွက် မျှမျှ တတ ရှိမယ် ဆိုရင် အကောင်းဘက်က စဉ်းစား ပေးနိုင် ပါတယ်။
အကောင်းဘက် ဆိုတာက ဥပမာ- အမေရိကန် နိုင်ငံ ပုံစံမျိုး- ဘယ်လူမျိုး ဘယ်ဘာသာ ဖြစ်ဖြစ် အမေရိကန် နိုင်ငံသား ဖြစ်တယ် ဆိုတဲ့ သတ်မှတ် ချက်မျိုးကို ဆိုလို တာပါ။ ဒါပေမယ့်- ဒီအဆင့်ကို မသွားမှီ သမိုင်း ကိုတော့ အမှန် အတိုင်း ၀န်ခံဘို့ လိုပါတယ်။ ပြီးမှ ထပ်ဆင့် ဥပဒေပြု ပြောင်းလဲတဲ့ ခိုင်မာ တိကျတဲ့ ကတိ က၀တ်နဲ့ ပြောင်းလဲ ရမှာပါ။
ဆိုလိုတာက သမိုင်းမှာ ရိုဟင်ဂျာ ဆိုတာ ရှိတယ်။ သူတို့ဟာ မြန်မာ နိုင်ငံ ဧရိယာထဲက တိုင်းရင်းသား၊ ရခိုင် ဒေသရဲ့ မူလ ဘူတ လူမျိုး ဖြစ်တယ်။ ဆိုတာကို အရင် ၀န်ခံ ရပါမယ်။ ပြီးမှ ရိုဟင်ဂျာ လူထုရဲ့ သဘောထားကို ညှိနှိုင်း ရယူပြီး လူမျိုး အမည် သတ်မှတ် ချက်ကို ကမ္ဘာ့သိ သက်သေများ ရှေ့မှာ ခိုင်ခိုင် မာမာ ကတိ စာချုပ်နဲ့ သတ်မှတ် ယူရမှာ ဖြစ်တယ်။ အမှန်တရား တစ်ခုကို ၀န်ခံလို စိတ်မရှိဘဲ ယုတ္တိရှိ ခိုင်မာတဲ့ အဖြေ တစ်ခုကို ဘယ်လိုမှ ထုတ်ယူလို့ မရဘူး ဆိုတဲ့ အချက်ကို နားလည်ဘို့ လိုပါမယ်။ ရိုဟင်ဂျာ ဆိုတာ မရှိဘူး လူသားချင်း စာနာလို့ သူတို့ကို မြန်မာ နိုင်ငံသား အဖြစ် အသိ အမှတ် ပြုလိုက် ရတာပါ- (မလိုချင် တဲ့အခါ သူတို့ကို ပြန်မောင်း ထုတ်မယ် ဆိုတဲ့ သဘော) ဆိုရင်တော့ ဒီပြဿနာ တွေက ပြေလည် လာဘို့ မရှိနိုင်ဘူး။
မြန်မာ့ သမိုင်းမှာ ရိုဟင်ဂျာ မရှိဘူး ဆိုတဲ့ ကိစ္စ--၊ ကမ္ဘာ့ သမိုင်း ပညာရှင် များရဲ့ မှတ်တမ်း များကို မဖျောက်ဖျက် မငြင်းပယ် နိုင်တော့လို့ မြန်မာ့ သမိုင်းကို ထိုးချတာ ဖြစ်နိုင် ပါတယ်။ ဒီလို ဆိုရင်လည်း ဒီကိစ္စမှာ ဦးရွှေမန်းဟာ သမိုင်း သုတေသီ တစ်ဦးဘဲ တာဝန်မဲ့ စကားတစ်ခုကို ပြောဆို လိုခြင်းသာ ဖြစ်တယ်။ ပြီးတော့ ဦးရွှေမန်း သိမှတ် ခံစားနေတဲ့ မြန်မာ့ သမိုင်း ဆိုတာ ဘာလဲ လို့ မေးခွန်း ထုတ်စရာ ဖြစ်လာတယ်။
မြန်မာ့ သမိုင်း စဉ်မှာ လူမျိုး ၁၀၁ ပါး လို့ပဲ မှတ်တမ်း တင်ခဲ့ပြီး- မြန်မာ သတ္တ၊ မွန် သုံးဝ၊ ရှမ်း နှစ်ဆယ့်ခွန်၊ ကုလား မျိုး ခြောက်ဆယ့်လေး- ပေါင်း ၁၀၁ မျိုး ဖြစ်သာ ဖြစ်ပါတယ်။ ဆိုလိုတာက မြန်မာ လူမျိုး ၇ မျိုး၊ မွန်လူမျိုး ၃ မျိုး၊ ရှမ်းလူမျိုး ၂၇ မျိုးနဲ့ ကုလားလူမျိုး ၆၄ မျိုးလို့ ဖြစ်တယ်။ ဒီမှာလည်း မြန်မာ လူမျိုး ၇ မျိုးကို အမည် နာမနဲ့ အုပ်စု ခွဲမှုမှာ သမိုင်း မှတ်တမ်းများ မတူညီမှုတွေ ရှိသလို၊ မွန်၊ ရှမ်း၊ ကုလား ဆိုတဲ့ အုပ်စု တွေမှာလည်း ထည့်သွင်းရေ တွက်တဲ့ အမည် နာမနဲ့ အုပ်စု မတူညီမှု တွေကို တွေ့နေ ရပါတယ်။ ဒီအုပ်စု ကွဲတွေမှာ ကချင်၊ ချင်း၊ ကရင် လူမျိုး များနဲ့ ကသည်း (ယခုခေတ် အခေါ် ကုလား) တွေဟာ ရှမ်းအုပ်စု ထဲမှာ ထည့်သွင်း ခဲ့ရပြီး- ရခိုင် လူမျိုး ကိုတော့ ကုလား အုပ်စု ထဲမှာ ထည့်သွင်း ဖေါ်ပြခြင်း ကိုခံရ ပါတယ်။ (ဒေါက်တာ သန်းထွန်း မြန်မာ ရာဇ၀တ် ပြန်တမ်း အတွဲ ၂ စာမျက်နှာ ၂၁၉)။
တစ်ကယ်လို့ ဦးရွှေမန်း နားလည် ထားတဲ့ မြန်မာ့ သမိုင်း ဆိုတာ ပုဂံခေတ်ကစ သီပေါမင်း ပါတော်မူတဲ့ နေ့အထိ ဖြစ်ခဲ့ရင်-၊ သီပေါမင်း မတိုင်မှီ ကုန်းဘောင်ခေတ် ဘိုးတော် ဘုရား ရခိုင်ကို ၀င်ရောက် သိမ်းပိုက်စဉ်- ရခိုင် ဒေသ ကို မဟာ ၀ိဟိကတိုင်းလို့ ခေါ်တွင် ခဲ့တဲ့ မှတ်တမ်းကို မသိလေ ရော့သလား။ (ကုန်းဘောက်ဆက် မြန်မာ ရာဇ၀င် ကြီး အတွဲ ၂ စာမျက်နှာ ၂၆ ကို လေ့လာ စေလိုတယ်။) မဟာဝိဟိက ဆိုတာ ရိုဟင်ဂျာ များက သူတို့ရဲ့ နိုင်ငံကို (ရခိုင် နိုင်ငံ) ခေါ်တဲ့ အမည် နာမကို ဗမာ အသံထွက်နဲ့ မှတ်တမ်း တင်ခြင်းသာ ဖြစ်ပါတယ်။
မြန်မာ မင်းများဟာ ရခိုင်ကို ကုလား အုပ်စု စာရင်း ထဲမှာ ထည့်သွင်း ခဲ့တာ မေ့ထားလို့ မရနိုင်ပါ။ ရခိုင် ဒေသဟာ အစ္စလာမ် သာသနာ ၀င်များရဲ့ ဒေသလို့ ဖြစ်လို့ ကုလား စာရင်းမှာ ထည့်သွင်း ခြင်းလည်း ဖြစ်နိုင် ပါတယ်။ မြန်မာ ရာဇ၀င်လား လူမျိုး ရေတွက်မှု ကုလား ၆၄ မျိုးကို ပြန်ကြည့်ပါ။ တရုတ် လူမျိုး အစ္စလာမ် သာသနာ ၀င်များကို မြန်မာတို့က ပန်းသေး လူမျိုးလို့ သတ်မှတ်တယ်။ သူတို့ဟာ တရုတ် လူမျိုး စစ်စစ် ဖြစ်နေ ပါလျှက် ရှမ်းအုပ်စု ထဲမှာ ထည့်သွင်း မရေတွက်ဘဲ- ကုလား အုပ်စု ထဲမှာသာ ထည့်သွင်း ရေတွက်ကြောင်း ကိုလည်း ထင်ထင် ရှားရှား မြင်တွေ့ ရပါတယ်။ (သို့မဟုတ် ရခိုင်ကို ဘာကြောင့် ကုလား လူမျိုး အုပ်စု ထဲမှာ ထည့်သွင်း ရေတွက် ခဲ့သလဲ ဆိုတာ စစ်မှန်တဲ့ သမိုင်း ပညာရှင် များကို လွှတ်တော် ထဲမှာ တရားဝင် Debate လုပ် ဆွေးနွေး စေသင့် ပါတယ်။)
ဒါမှ မဟုတ် ရိုဟင်ဂျာ လူမျိုး များရဲ့ ဒေသ ဖြစ်လို့ အဲ့ဒီ ရခိုင် ဒေသကို ကုလား ဒေသ အဖြစ် သတ်မှတ်ပြီး အဲ့ဒီ ဒေသမှာ နေထိုင်တဲ့ လူမျိုး များကို ကုလား လူမျိုး အုပ်စု ထဲမှာ ထည့်သွင်း တာလည်း ဖြစ်နိုင် ပါတယ်။ သေချာတာက ဒီနေ့ ရခိုင် ပါလို့ ကြွေးကြော် နေတဲ့ ဗမာ စကားပြော သံကွဲ မြန်မာ လူမျိုး ကတော့ ကုလား လူမျိုး မဖြစ် နိုင်ပါ။ သူတို့ကိုယ် ဘယ်သူကမှ ဘယ်စဉ် ကမှ ကုလား လူမျိုး အဖြစ် သတ်မှတ် ခေါ်ဆို ခဲ့တာလည်း မရှိခဲ့ပါ။
အကယ်၍ မြန်မာ့ သမိုင်း ဆိုတာ- ပုဂံခေတ် မတိုင်မှီက ဒီနေ့ မနက်ထိ ဖြစ်စဉ် များကို မှတ်တမ်း တင်ခဲ့ခြင်းလို့ သတ်မှတ်ရင်--၊ ရိုဟင်ဂျာ အမည်နာမနဲ့ သမိုင်းကို န၀တ၊ နအဖ ခေတ်အထိ နိုင်ငံသား စီစစ်ရေး ကဒ်ပြားတွေ က သက်သေ ခံနေပါတယ်။ အဲ့ဒီ န၀တ၊ နအဖ ခေတ်များမှာ အခု လွှတ်တော် ဥက္ကဌ ဦးရွှေမန်း ကိုယ်တိုင် အဆင့် မြင့် တာဝန်ရှိသူ တစ်ဦး အဖြစ် ထမ်းဆောင် ခဲ့သူ ဖြစ်ပါတယ်။
ဦးရွှေမန်းတို့ နအဖ အစိုးရ လက်ထက်မှာ နိုင်ငံတော် sponsor နဲ့ ထုတ်ဝေခဲ့တဲ့ သာသနာရောင်ဝါ ထွန်းစေဖို့ စာအုပ်မှာ မြန်မာပြည် အတွင်း ပြန်တမ်းဝင် ဗလီဝတ် ကျောင်းများ အရေ အတွက်ကို ဖေါ်ပြ ထားပါတယ်။ အဲ့ဒီမှာ မြန်မာ တစ်နိုင်ငံလုံး ဗလီဝတ် ကျောင်းတော် အရေ အတွက် ၂၂၆၆ ဆောင် လို့ ဖေါ်ပြပြီး အဲ့ဒီ အထဲက ရခိုင် ဒေသ တစ်ခုတည်းမှာ ၁၂၃၈ ဆောင် ရှိကြောင်း ဖေါ်ပြပါတယ်။ ဒါတွေဟာ ပြန်တမ်းဝင် အဆောက် အဦး များကို သာ ဖေါ်ပြခြင်း ဖြစ်ပြီး- မြန်မာ နိုင်ငံမှာ ဗလီဝတ် ကျောင်းတော်များ ထပ်မံ ဆောက်လုပ် ခွင့်မပြု ခဲ့တာလည်း ကြာ မြင့်ခဲ့ပါပြီ။ ပြန်တမ်းဝင် ဗလီဝတ်ကျောင်း တော်များကို နိုင်ငံခြားသားများ ဆောက်လုပ်ဘို့ ခွင့်ပြု ထားချက် မြန်မာ နိုင်ငံမှာ မရှိပါ။ မြန်မာ စစ်စစ် အစ္စလာမ် သာသနာ ၀င်များသည်ပင် ဗလီဝတ် ကျောင်းတော်များ ဆောက်လုပ်ခွင့် မရလို့ မြန်မာ နိုင်ငံက ဗလီတွေမှာ ၀တ်ပြုသူ မဆန့် ဖြစ်နေ ရပါတယ်။ ဖေါ်ပြပါ ဗလီဝတ် ကျောင်းတော် စာရင်း အရင် ရခိုင် နယ်မှာ ရှိတဲ့ တရားဝင် တိုင်းရင်းသား အစ္စလာမ် သာသနာဝင် အရေ အတွက်ဟာ မြန်မာ တစ်နိုင်ငံလုံး မှာ ရှိတဲ့ အစ္စလာမ် သာသနာဝင် အရေ အတွက်ရဲ့ တစ်ဝက် ထက်ကျော်လွန် နေတာကို တွေ့ရပါတယ်။
ဖေါ်ပြပါ ရခိုင် ဒေသက ဗလီ ၀တ်ကျောင်း တော်တွေထဲမှာ ကမန် လူမျိုးနဲ့ ရခိုင် တိုင်းရင်းသား အစ္စလာမ် သာသနာ ၀င်များရဲ့ ဗလီ အရေ အတွက်က ၄၀ ထက်မပိုပါ။ ကျန် ၁၂၂၆ ဆောင်သော ဗလီ များဟာ ပါလီမန်ခေတ်၊ မဆလ ခေတ်၊ န၀တ ခေတ် တစ်လျှောက်မှာ ရိုဟင်ဂျာ လူမျိုးများ အဖြစ် မှတ်ပုံတင်၊ နိုင်ငံသား စီစစ်ရေး ကဒ်ပြားများ ထုတ်ပေး ခံခဲ့ရတဲ့ ရခိုင်ဒေသရဲ့ မူလဘူတ လူမျိုးများ ပိုင်ဆိုင် ၀တ်ပြုရာ ဗလီများ ဖြစ်ပါတယ်။
အာဏာရှင် ခေတ်တွေကို ကျော်လွန် လာပြီး- ဒီမိုကရေစီ ခေတ်များမှာ နိုင်ငံ တစ်ခုကို ခေါင်းဆောင်မယ့် ခေါင်းဆိုတာ အသိဉာဏ် အမြှော် အမြင်၊ ဆင်ခြင်မှု ကြီးမား မြင့်မြတ်ဘို့ လိုတယ်လို့ ၂၀၀၅ ခုနှစ် ထိုင်း နိုင်ငံ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး ဆွန်းချိုင်းက ပြောဆိုခဲ့ ပါတယ်။ ဆွန်ချိုင်း ကတော့- ကျွန်တော့မှာ အဲ့လောက် အရည် အချင်း မရှိဘူး- ဒါကြောင့် လာမယ့် ရွေးကောက်ပွဲမှာ ကျွန်တော် ပါဝင် ယှဉ်ပြိုင်မှာ မဟုတ်ဘူး လို့လည်း ယောကျာ်း ပီပီ သတ္တိ ရှိရှိ ၀န်ခံ နောက်ဆုတ် ခဲ့ပါတယ်။
သူရ ဦးရွှေမန်း အနေ နဲ့လည်း ကိုယ်နဲ့ မဆိုင်တဲ့ သမိုင်း ကိစ္စကို ရိုးသားတဲ့ သမိုင်း ပညာ များအား လွှတ်တော် ထဲမှာ ကမ္ဘာသိ ဆွေးနွေး စေခြင်း မပြုလုပ် စေဘဲ- တစ်ချက်လွှတ် အာဏာ သုံး- ဘူး ခံတဲ့ အကျင့်တွေ မပျောက်သေး ရင်၊ ဒီမိုကရေစီ နိုင်ငံ တစ်ခုကို ဦးဆောင်ဘို့ ဆင်ခြင် ဉာဏ်အား နည်းသေးရင်- ဗိုလ်စစ် ဗိုလ်ချုပ်ကြီး ဆွန်ချိုင်းလို သတ္တိ မွေးလိုက်ပါ။ ဒါမှ တိုင်းပြည် တစ်ခု တိုးတာလာမှာ သေချာ လှပါတယ်။
ဌေးလွင်ဦး
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
မြန်မာ မွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု