နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော်သို့ နစက များဝင်ရောက် စီးနင်း၍ ငွေညှစ်

RB News
19.6.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ အလယ်သံကျော် တိုက်နယ်သို့ ဇွန်လ (၁၇) ရက်နေ့ ည ၁၁ နာရီတွင် နစက နယ်မြေ (၇) မှ ၀င်ရောက် စီးနင်းပြီး ရိုဟင်ဂျာ တစ်ဦး ထံမှ ငွေညှစ်၍ တစ်ဦးကို ဖမ်းဆီး သွားခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇွန်လ (၁၇) ရက်နေ့ ည (၁၁) နာရီခန့်တွင် နစက နယ်မြေ (၇) မှ တပ်ဖွဲ့ဝင် များသည် ရခိုင်ရွာ အုပ် ချုပ်ရေးမှူး တစ်ဦး ဖြစ်သူ ဦးသက်နိုင်၊ နစက၏ လက်ရုံး တစ်ဦး ဖြစ်သူ ဦးကျော်ဇေယျဦး တို့နှင့် အတူ အလယ်သံကျော် တိုက်နယ်၊ မောင်တိုလာ (ဘော်ဒူ ဖာရာ) ရှိ ဦးမောင်မောင်လှ (ခ) ဦးရရှစ်၏ နေအိမ်ကို ၀င်ရောက် စီးနင်း ခဲ့သည်။ ဦးမောင်မောင်လှသည် ဓာတုဗေဒ ဂုဏ်ထူးတန်းဖြင့် ဘွဲ့ရခဲ့သူ ဖြစ်၍ အလယ် သံကျော်တွင် ဓာတု ဆေးဝါးနှင့် ပတ်သက်သည့် လုပ်ငန်းကို လုပ်ကိုင် လျက်ရှိသည်။ ၎င်း၏ အိမ်မှ သာ မာန် လူသုံး ဆေးဝါးများ တွေ့သည်ကို အကြောင်းပြ၍ ငွေညှစ် ခဲ့သည်။

“လာတဲ့ အချိန်ကလည်း ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ အချိန်ပါ။ သူတို့ အတွက်ကတော့ ၁၄၄ မရှိဘူးပေါ့။ ဦးမောင်မောင်လှရဲ့ အိမ်က သာမာန် လူသုံးဆေးဝါး တွေ့တာကို အကြောင်းပြပြီး ငွေညှစ်တယ်။ မပေးရင် ရိုက်မယ်၊ ဖမ်းမယ် ဆိုတော့ နောက်ဆုံး ငွေ ၃ သိန်း ပေးလိုက် ရတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ထိုနေရာမှ ဆက်၍ မော်လ၀ီ ဦးမိုဟာမတ် ဂျလာလ် (ဘ) ဦးနဇီရ် အဟမတ်၏ နေအိမ်သို့ ၀င်ရောက် စီးနင်းခဲ့ သည်။ မော်လ၀ီ ဂျလာလ်မှ ပုဒ်မ ၁၄၄ အချိန် ဖြစ်၍ တံခါး ဖွင့်မပေး နိုင်ကြောင်း ပြောသည့် အခါ နစက များမှ သေနတ်ကို မိုးပေါ် ထောင်ပစ်၍ တံခါးကို ရိုက်ချိုး၍ ၀င်ခဲ့သည်။ တံခါး ရိုက်ချိုး၍ ၀င်လျှင် ၀င်ချင်း မော်လ၀ီ ဂျလာလ်အား လူမဆန်စွာ ၀ိုင်းဝန်း ရိုက်နှက်၍ ဖမ်းဆီး သွားခဲ့သည်။ 

မော်လ၀ီ ဂျလာလ်အား ဖမ်းဆီး သွားပြီး နစက အချုပ်ခန်းတွင် ချုပ်နှောင် ထားခဲ့ပြီး မိသားစု များအား ငွေ ၃ သိန်းဖြင့် လာထုတ်ရန် နစက များမှ အကြောင်းကြား ခဲ့သည်။ မော်လ၀ီ ဂျလာလ်၏ မိသားစုမှာ စား ၀တ် နေရေး ပြေလည်သူများ မဟုတ်သဖြင့် နစကမှ ဓါးပြ သဖွယ် တောင်းခံသည့် ငွေကြေးကို ပတ်ဝန်း ကျင် မှ အသိ မိတ်ဆွေ များထံမှ ချေးငှား၍ ယနေ့ သွားရောက် ပေးခဲ့သည်။ ငွေ ၃ သိန်း ပေးချေ ပြီးနောက် မော်လ၀ီ ဂျလာလ် အား ပြန်လည် လွှတ်ပေး ခဲ့ကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus