March 16, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

တရားဥပဒေ စိုးမိုးမှု အားနည်းနေသည်ဟု လွှတ်တော်အမတ် ဦးရွှေမောင်မှပြော

RB News
1.7.2013

ယမန်နေ့ ညနေပိုင်းမှ စ၍ သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များသည် တရား ဥပဒေ စိုးမိုးမှု အား နည်းနေသည့် အပြင် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့များမှ စံနှစ်မျိုးဖြင့် အခြေအနေကို ထိန်းသိမ်းနေ ခြင်းကြောင့် ဖြစ်သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားပြု ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးရွှေမောင်မှ ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာ တွင်ရေးသား ဖော်ပြ ထားသည်။

သံတွဲမြို့တွင် ညမထွက်ရ အမိန့် မထုတ်ပြန်မှီ နေအိမ် အချို့နှင့် ကောင်းကင် သစ္စာ ကားဂိတ် ဖျက်ဆီး ခံ ခဲ့ရသည်။ ထို့နောက် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့သော်လည်း အခြေအနေမှာ တည်ငြိမ် အေးချမ်း မ သွားဘဲ မွတ်စလင် များ၏ နေအိမ်များ မီးရှို့ဖျက်ဆီး ခံခဲ့ရသည်။ 

ထိုသို့ အကြမ်းဖက် နေသည်ကို လုံခြုံရေး တာဝန်ယူ ထားသူများ ရှိလျက် အကြမ်း ဖက်မှုများ ဖြစ်ပွားခြင်း အတွက် လွှတ်တော် ကိုယ်စား လှယ် ဦးရွှေမောင်မှ “အကြမ်းဖက် သမားတွေကို ရဲတပ် ဖွဲ့က ဘာဖြစ်လို့ ချက်ချင်း မဖမ်းဆီး ရတာလဲ၊ မ ဖမ်း နိုင် တာ လဲ၊ တောင် ကုတ် လူသတ်ပွဲ တုန်းကလို တရားခံ များကို ဖမ်းဆီးရန် အခက်အခဲ ဖြစ်မှာလား ၊မြောက်ဦးနှင့်ပေါက်ေ တာ ဖြစ် စဉ် များ တွင် ရဲက သေနတ်နှင့် ပစ်ပြီး လူ စု ခွဲ ခဲ့တယ်။ လူတွေ လဲ အ များ ကြီး သေခဲ့တယ်၊ သံတွဲမှာ ဘာဖြစ်လို့ ရဲ က သေ နတ်နှ င့် ပစ်ပြီး လူစု မခွဲ ရတာလဲ? စသည် အား ဖြင့် မေး ခွန်း ထုတ် စ ရာတွေ ဖြစ်နေ ပါတယ်။ ရခိုင် ပြည် နယ် ရဲ တပ် ဖွဲ့က ပြဿ နာ ဖြေရှင်းတဲ့ နေရာမှာ စံနှစ် မျိုး ထား သလို ဖြစ်နေ ပါတယ်။ ၂၀၁၂ ခုနှစ် အောက် တိုဘာ အကြမ်း ဖက် မှု ဖြစ် ပွား တုန်း က ပြည်ထဲရေး ဝန်ကြီးဌာန အနေနဲ့ ရခိုင် ပြည်နယ် ရဲတပ်ဖွဲ့ကို ပြန်လည်သုံးသပ် သင့်ကြောင်း ကျွန်တော် ပြည်သူ့လွှတ်တော် အရေးပေါ် အ ဆို ဆွေးနွေး မှုတွင် တင်ပြ ဖူးပါတယ်။” ဟု ၎င်း၏ ဖေ့စ်ဘုတ်တွင် ရေးသား ထားသည်။ 

သံတွဲမြို့တွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ကောလဟ လ ပေါင်း စုံ ထွက်ပေါ်လျက် ရှိသော်လည်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆို ခွင့် ရှိသူ ဦးရဲထွဋ်မှ “မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့နဲ့ ခရိုင် ပြန်ဆက်မှ ကနဦး စုံစမ်း သိရှိ ရတဲ့ သတင်း များ အရ ဇွန် ၂၉ ရက်နေ့မှာ တောင်ကုတ် ကနေ သံတွဲ ကို အဝေးပြေး ကားနဲ့ ရောက်လာတဲ့ အမျိုးသမီး တစ်ဦးဟာ ဆိုင် ကယ် ကယ်ရီနဲ့ လိုက်သွား ပါတယ်။

ဇွန် ၃၀ ရက်နေ့ နေ့လည်မှာ အဲဒီ အမျိုးသမီး တစ်ယောက်တည်း ငိုနေ တာ တွေ့ တဲ့ သူများက ညနေ ၄ နာရီမှာ ရဲစခန်းကို လာပို့ ပါတယ်။ အဲဒီ အမျိုး သမီးက သူ့ကို ဆိုင်ကယ် ကယ်ရီ သမားနဲ့ အခြားသူ တစ်ဦးက စော်ကား တယ်လို့ တိုင်ကြား ခဲ့ပါတယ်။

ဒါပေမယ့် ဒီအမျိုးသမီးကို အခြား ဘာသာဝင် တစ်ဦးက စော်ကားတယ် ဆိုတဲ့ သတင်း စကားများ ပြန့်နှံ့ သွားတဲ့ အတွက် ညနေ ငါးနာရီ ခန့်မှာ လူငါးဆယ်ခန့် ရဲစခန်းကို လာရောက် စုဝေး ခဲ့ပါတယ်။ ရဲတပ် ဖွဲ့က ပြစ်မှု ကျူးလွန်သူ များကို စုံစမ်း ဖော်ထုတ်ဆဲ ဖြစ်ကြောင်း ရှင်းပြပြီး လူစု ခွဲခိုင်း ခဲ့ပါတယ်။” ဟု ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသား ထားသည်။ 

အကြမ်းဖက် မီးရှို့ ဖျက်ဆီး ခံရခြင်းနှင့် ပတ်သက်၍ ဦးရဲထွဋ်မှ နေအိမ် ၂ အိမ်သာ မီးရှို့ခံရ သည် ဟု ရေး သား သော်လည်း ကနဦးတွင် နေအိမ် ၆ အိမ် ဖျက်ဆီးခံရပြီး ညမထွက်ရ အမိန့် ထုတ်ပြန် ပြီးနောက် နေ အိမ် ၅ အိမ် မီးရှို့ခံရကြောင်း RB News မှ စုံစမ်း သိရှိရပါသည်။ 

ဦးရဲထွဋ်မှ ဖြစ်ပွား ရသည့် အကြောင်းရင်းကို ရေးသား ဖော်ပြထားသော်လည်း ထိုဖြစ်ရပ်မှာ မှန် ကန်ကြောင်း အတည်ပြုရေးသား ထားခြင်းမျိုး မဟုတ်ဘဲ တစ်ဖက်မှ သတင်းပေးပို့ ထားသည့် အ တိုင်း ရေး သားထား သည်ဟု သုံးသပ်၍ ရပါသည်။ဒေသခံ မွတ်စလင်များမှ လည်းဖြစ်ပေါ်နေ သည့် ကော လဟလ များကို အတည်ပြု ပေးနိုင်ခြင်း မရှိဘဲ မွတ်စလင် များကို အကြမ်းဖက်ရန် အတွက်သာ လှုံ့ဆော် ဖန်တီးခြင်း ဖြစ်မည်ဟု မှတ်ချက် ပေးကြသည်။ 

ယခု ဖြစ်စဉ်မှာ တရားဥပဒေ စိုးမိုးရေး အားနည်း နေသည်ကို တွေ့ရှိ ရကြောင်းနှင့် ရခိုင်ပြည်နယ်တွင် လူ့အခွင့် အရေး ချိုးဖောက်မှု များစွာ ပေါ်ပေါက် လာနိုင်ကြောင်း၊ ၎င်းအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသား များ၏ အကျိုး အတွက် ပြည်သူ့ လွှတ်တော်သို့ လိုအပ်သလို တင်ပြ သွားမည် ဖြစ်ကြောင်း လူ့အခွင့် အရေး ချိုးဖောက်ခြင်း ခံနေရသော မိဘ ပြည်သူ များကို အသိပေး တင်ပြခြင်း ဖြစ်ကြောင်း ဦးရွှေမောင် မှ ရေးသား ထားသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus