နောက်ဆုံးသတင်း/ဆောင်းပါးများ

သံတွဲမြို့တွင် အိမ် ၆ လုံးနှင့် ကားဂိတ်တစ်ခုဖျက် ခံရပြီးနောက် ၁၄၄ ထုတ်


RB News
30.6.2013

သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ရဲစခန်းကို ရဲအောင်လံ ဂိတ်မှူး ကျော်ကျော်မှ ဦးဆောင်၍ ၉၆၉ လှုပ်ရှားသူ ၅၀ ကျော်တို့ ယနေ့ ညနေပိုင်းတွင် ၀ိုင်းထား ခဲ့သည်။ လူအင်အားမှာ ၁၅၀ ကျော်ထိ ဖြစ်ခဲ့ပြီး၊ အံတော်ကွက်သစ်ရှိ နေအိမ် အချို့နှင့် ကောင်းကင်သစ္စာ ကားဂိတ်ကို ဖျက်ပြီးနောက် ပုဒ်မ ၁၄၄ ထုတ်ပြန် လိုက်ကြောင်း သတင်း ရရှိပါသည်။ 

မွတ်စလင် အမျိုးသား တစ်ဦးမှ ဗုဒ္ဓဘာသာ အမျိုးသမီး တစ်ဦးအား လက်ဆွဲ၍ ရည်းစား စကားပြောသည်၊ မြုံပြင်ရွာမှ အမျိုးသမီး တစ်ဦးအား မွတ်စလင် တစ်ဦးမှ မုဒိန်းကျင့်သည်ဟု သတင်းများ လွှင့်ထုတ်ပြီး အဓိကရုဏ်း ဖြစ်ပွားရန် ဖန်တီး ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ သတင်းလွှင့်သည့် သတင်း များနှင့် ပတ်သက်၍ တိကျ ခိုင်မာသော အတည်ပြု ခြင်းမျိုး မရှိကြောင်း သိရသည်။

ထိုသို့ ကောလဟလ များအပြင် မွတ်စလင် လူငယ် သုံးဦးမှ ဆိုင်ကယ် စီးသွားရာတွင် ရခိုင် အမျိုးသမီး တစ်ဦးအား ၀င်တိုက်သည်ဟု စွပ်စွဲ၍ ၎င်းလူငယ် ၃ ဦးကို ရဲစခန်းတွင် ထိန်းသိမ်း ထားသည်ကို ရခိုင် အ စွန်းရောက် များက ရဲစခန်းမှ လက်လွှဲပေးရန် ရဲစခန်း ရှေ့တွင် ၀ိုင်း၍ တောင်းဆိုခြင်း ဖြစ်ကြောင်း အမျိုး မျိုး သတင်းများ ဖြစ်ပေါ် လျက်ရှိသည်။ သို့သော်လည်း မည်သည့် သတင်းက မှန်ကန်သည်ကို အတည်ပြု ၍ မ ရနိုင်ဘဲ ဒေသခံ များက ၉၆၉ အဖွဲ့မှ ကောလဟလများ ဖန်တီး၍ အဓိကရုဏ်း ဖြစ်ပွားရန် လှုံ့ဆော် ခြင်း သာ ဖြစ်သည်ဟု ဆိုသည်။ 

ရဲစခန်းကို ၀ိုင်းထားစဉ်တွင် သံတွဲမြို့၏ အနောက် တောင်ဖက် ဂျိတ္တောရွာမှ အကြမ်းဖက်ရန် လူအုပ်စု တစ်စု ချီတက် လာခဲ့သော်လည်း စစ်တပ်မှ အချိန်မှီ တားဆီး ခဲ့ကြောင်း သိရှိ ရပါသည်။ 

သံတွဲမြို့ အရှေ့ဖက် အံတော် ကွက်သစ်ရှိ မွတ်စလင် များ၏ နေအိမ် ၆ အိမ်ကို အကြမ်းဖက် သမား များ က ဖျက်ဆီး ခဲ့ပြီး၊ ကောင်းကင် သစ္စာ ကားဂိတ် ကိုလည်း ဖျက်ဆီး ခဲ့ကြောင်း သိရသည်။ 

အခြေအနေများ တင်းမာလာပြီးနောက် မြို့နယ် အုပ်ချုပ်ရေးမှ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီး ယခု အခါ အခြေအနေမှာ အနည်းငယ် တည်ငြိမ် လာကြောင်း သတင်း ရရှိပါသည်။

Comment ရေးရန်

Rohingya Exodus