နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့မှ ကျီးကန်းရွာသို့ နစကများ ၀င်ရောက် စီးနင်းလျက်ရှိ

မောင်အာသာ
RB News
4.6.2013

မောင်တော ။ ။ ယနေ့ နံနက် ၈ နာရီမှ စ၍ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ကျီးကန်းပြင် (ခါဝါလ်ဘီလ်) ရွာသို့ နစက များဝင်ရောက် စီးနင်း လျက်ရှိကြောင်း သတင်း ရရှိပါသည်။ နစက ရုံးချုပ်သည် ကျီးကန်းပြင်ရွာ အနီးတွင် တည်ရှိသည်။ ရွာသို့ ၀င်ရောက် စီးနင်း ရခြင်းမှာ ရိုဟင်ဂျာ များကို လူမဆန်သည့် နည်းလမ်းဖြင့် ဖိအားပေး၍ အတင်း အဓမ္မ ဘင်္ဂလီ ဇတ်သွင်းရန် ဖြစ်ကြောင်း သိရပါသည်။ 

“ဒီနေ့ မနက် ၈ နာရီမှာ ခါဝါဘီလ် ရွာရဲ့ အနောက်ဘက်နဲ့ အလယ်ပိုင်း ကနေ နစက တွေဝင်လာတယ်။ သူတို့ရဲ့ ပစ်မှတ်က ရိုဟင်ဂျာ အမျိုးသားတွေ ဆိုတော့ ရွာအလယ်ပိုင်းက အမျိုးသားတွေက တောအုပ်ထဲ ပုန်းနေ ကြပြီးတော့ အနောက်ပိုင်းက အမျိုးသားတွေ ကတော့ အနီးနားမှာ ရှိတဲ့ ရွာတွေကို ရှောင်တိမ်း နေကြတယ်။

ခါဝါဘီလ်ရွာရဲ့ အုပ်ချုပ်ရေး ပိုင်းက လူတွေကို နစက အရာရှိတွေက ဒီနေ့ အစည်းအဝေး ခေါ်တယ်။ အဲဒီတော့ သူတို့ မရှိတဲ့ အချိန်မှာ နစကတွေက ရွာထဲ ၀င်ပြီး လူမဆန်တဲ့ နည်းတွေနဲ့ ရိုဟင်ဂျာ တွေကို အတင်းအဓမ္မ ဘင်္ဂလီ ဇတ်သွင်းဖို့ လုပ်နေတာ။ 

ရွာထဲမှာ နစက တွေအခု အချိန်ထိ ရှိနေတော့ ဘာတွေ ဘယ်လို လုပ်နေလဲ ဆိုတာ သေချာ ပြောလို့ မရသေး ဘူး။ ဒါပေမယ့် ရွာသားတွေ ကတော့ အတော်လေး ထိတ်လန့် နေကြတယ်” ဟု မောင်တော မြို့မှ လူငယ် တစ်ဦးက RB News သို့ပြောပါသည်။ 

“ဒါတွေ အပြင် နစက ကမကြာ ခဏ ရိုက်နှက် နှိပ်စက် တာတွေ၊ ငွေကြေး မတတ်နိုင်တဲ့ သူတွေဆီက အတင်း အဓမ္မနည်းနဲ့ ငွေညှစ်တာ တွေလုပ်နေတယ်” ဟု ၎င်းမှ ဆက်လက် ပြောသည်။


Comment ရေးရန်

Rohingya Exodus