နောက်ဆုံးသတင်း/ဆောင်းပါးများ

မြောက်ဦးမြို့နယ်တွင် ရဲတပ်ဖွဲ့မှ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ ၄ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာပြင်းထန်

နေလ၀န်း (စစ်တွေ)
RB News
4.6.2013

မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ်၊ ပရိန် ကျေးရွာအုပ်စု တွင် ယနေ့ နေ့လည် ၃း၃၀ နာရီ ၌ ရဲတပ်ဖွဲ့ များ၏ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ အမျိုးသမီး (၄) ဦး သေဆုံး ခဲ့ရပြီး၊ အမျိုးသား (၃) ဦး၊ အမျိုး သား (၂) ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဖြစ်ပွားပုံမှာ မြောက်ဦး မြို့နယ်၊ ပုရိန် ကျေးရွာ အုပ်စုသို့ အစိုးရ အာဏာပိုင်များ၊ ရဲတပ်ဖွဲ့ဝင်များ ယခင်က သွားရောက်၍ ယာယီတဲများ ဆောက်လုပ် ပေးရန် ၎င်းကျေးရွာနေ ဒေါ်တော်ယူဘာနှင့် သဘော တူညီမှု များရရှိ ခဲ့ကြောင်း သိရပါသည်။ ထိုကဲ့သို့ သဘောတူညီမှု ယူထားသည်ကို ကျေးရွာ အတွင်းရှိ ရပ်မိ ရပ်ဖ များကို မည်သည့် အခါကမျှ အကြောင်းကြား ခဲ့ခြင်း မရှိခဲ့ဟု သိရှိ ရသည်။ 

ယနေ့ (ဇွန်လ ၄ ရက်) နေ့လည်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင် များမှ ယာယီတဲများ တည်ဆောက် ပေးရန် စက်လှေ များဖြင့် သစ်များ တင်ဆောင် လာပြီး၊ ရွာသားများမှ သစ်လုံးများကို မြစ်ကမ်းနားမှ ကမ်းစပ် ပေါ်သို့ တင်ဆောင် ပေး ရန် ပြော ဆို ခဲ့သည်။ ရွာသား များမှ ရဲများ တင်ဆောင် လာသော သစ်များမှာ မိမိတို့ အ တွက် ယာ ယီတဲ များဆောက်လုပ်ရန် ကိုသိရှိ သွားပြီး၊ မိမိတို့မှာ မိမိတို့ ယခင်က နေထိုင် ခဲ့သည့် နေအိမ် များ ရှိကြောင်း၊ ထိုသို့ နေအိမ် များရှိပါလျက် ယခုလို တဲများတွင် မနေနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့ အနေနဲ့ မတင်ပေး နိုင်ကြောင်း ရဲတပ်ဖွဲ့ဝင် များအား ကန့်ကွက် ပြောဆို ခဲ့သည်။ 

ထို့နောက် ရဲတပ်ဖွဲ့ဝင် များပြန်သွားပြီး ၎င်းရွာ တစ်ဖက်ကမ်း လက်မရွာမှ ရိုဟင်ဂျာ မွတ်စလင် လုပ်သား များ ခေါ်ဆောင် လာပြီး၊ ထိုသစ်များကို တင်ဆောင် ပေးရန် ပြောဆို ခဲ့သည်။ ထိုအခါ ပုရိန်ရွာမှ ရွာသား များက မိမိတို့မှာ မူလ နေထိုင် ခဲ့သည့် နေအိမ်များ ရှိပါလျက် ယခုကဲ့သို့ တဲအိမ်များတွင် ဒုက္ခသည် များ သဖွယ် မနေနိုင် သည့်အတွက် လက်မရွာမှ ရောက်ရှိ လာသူများကို မလုပ်ပေးရန် ပြောဆို ခဲ့သည်။ ထိုကဲ့သို့ ပြောဆို နေစဉ် ရဲနှင့်ပါ စကားများပြီး ရုန်းရင်း ဆန်ခတ် ဖြစ်ပွား ခဲ့သည်။ 

ထိုသို့ ဖြစ်ပွားစဉ် ရဲတပ်ဖွဲ့ဝင် များက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ အမျိုးသမီး ၄ ဦး ထိုနေရာ တွင် ပင် သေဆုံး ခဲ့ရပြီး၊ အမျိုးသား (၃) ဦး၊ အမျိုးသမီး (၂) ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိ ခဲ့ ကြောင်း သိရ သည်။ သေဆုံးသည့် အမျိုးသမီး (၄) ဦးတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးလည်း အပါ အ၀င် ဖြစ် သည်။ အခင်း ဖြစ်ပွား ပြီးနောက် ရဲတပ်ဖွဲ့ဝင် များလည်း အဆိုပါရွာမှ ရှောင်တိမ်း သွားကြောင်း ပုရိန်ရွာ မှ ဒေသခံ တစ်ဦးမှ သတင်း ပေးပို့ လာပါသည်။ 

သေနတ်ဖြင့် ပစ်ခတ်မှု ကြောင့် သေဆုံး ခဲ့ရသည့် အမျိုးသမီး (၄) ဦးမှာ -

(၁) ဒေါ်ခတီဇာ (ဘ) ဦးရှဖီအာလမ် (အသက် ၄၀ နှစ်)
(၂) ဒေါ်အာလီနီဆား (ဘ) ဦးယူစွပ် (အသက် ၂၇ နှစ်) – (ကိုယ်ဝန်ဆောင်) 
(၃) ဒေါ်နစီမာ (ဘ) အမည်မသိ (မိ) ဒေါ်ဘေဂေါ်မ်
(၄) ဒေါ်နူရ်မာရ် (ဘ) ဦးအလီအဟမတ် (အသက် ၅၀ နှစ်)

ဒဏ်ရာရရှိ သွားသူ (၅) ဦးမှာ ---

(၁) ဦးဖူလ်ဇာရ် (ဘ) ဦးအာမီးရ် (အသက် ၃၅ နှစ်)
(၂) ဦးနဂျမုလ်ဟော့ခ် (ဘ) ဦးရှဖီအာလမ် (အသက် ၃၅ နှစ်) 
(၃) မောင်ရှမ်ရှုအာလမ် (ဘ) ဦးဆလာမတ်ခါန် (အသက် ၁၆ နှစ်)
(၄) ဒေါ်နူနူဘီ (ဘ) ဦးရှရစ်ဖ် (အသက် ၂၇ နှစ်)
(၅) ဒေါ်နူနူဘီ (ဘ) ဦးဆုလ်တာန် (အသက် ၃၀ နှစ်) -- တို့ဖြစ်သည်။ 


Comment ရေးရန်

Rohingya Exodus