သံတွဲမြို့ ရဲစခန်းကို ၉၆၉ အဖွဲ့ဝင် ၅၀ ကျော် ၀ိုင်းထား
RB News
30.6.2013
သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ရဲခစန်းအား ရဲအောင်လံ ဂိတ်မှူး ကျော်ကျော်မှ ဦးဆောင်၍ ၉၆၉ လှုပ်ရှားသူ ၅၀ ကျော်မှ ၀ိုင်းထားကြောင်း သတင်း ရရှိပါသည်။
ဒေသခံများ၏ ပြောပြချက် အရ ယခုအချိန်ထိ ရဲစခန်းကို ၀ိုင်းထားသည် ဟုသိရသည်။ ထိုကဲ့သို့ ၀ိုင်းထား ရခြင်းမှာ အစ္စလာမ် ဘာသာဝင် လူငယ်တစ်ဦးမှ ဗုဒ္ဓဘာသာဝင် အမျိုးသမီး တစ်ဦးအား လက်ဆွဲ၍ ရည်း စား စကားပြော သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း အဆို ပါ သတင်းနှင့် ပတ်သက်၍ မည်သူ တစ်ယောက် ကမျှ အတည်ပြု ပြောကြား နိုင်ခြင်းမရှိဘဲ၊ ထွက်ပေါ် လာသော သတင်းကြောင့် ရဲအောင်လံ ဂိတ်မှူး ကျော်ကျော်မှ ဦးဆောင်၍ ၉၆၉ လှုပ်ရှားသူ ၅၀ ကျော်ကို စည်းရုံး၍ ရဲစခန်းရှေ့တွင် အဆိုပါ အစ္စလာမ် ဘာသာဝင် လူငယ်ကို ဖော်ထုတ်၍ ၎င်းတို့၏ လက်သို့အပ် ရန် တောင်းဆို လျက်ရှိကြောင်း သိရသည်။
သံတွဲမြို့ ဒေသခံများမှ ယခုကဲ့သို့လုပ်ရပ်သည် ကျောက်နီမော် ရဲစခန်းကိုဝိုင်း၍ ဆူပူမှု ဖန်တီးခြင်း၊ စစ်တွေ ရဲစခန်းကို ၀ိုင်း၍ ဆူပူမှု ဖန်တီးခြင်း တို့နှင့် အလား သဏ္ဍာန်တူညီ နေသောကြောင့် အထူးသတိ အနေ ဖြင့် နေနေ ရသည်။
ယခုကဲ့သို့ ကောလ ဟလ သတင်းများ ဖန်တီး၍ ဆူပူမှုများ ဖြစ်ပေါ်ရန် ဖန်တီးခြင်းသာ ဖြစ်သည် ဟု ဒေသ ခံ များက သုံးသပ်နေကြသည်။
ယခု သတင်းရေး နေစဉ်တွင် ထပ်မံရရှိသော သတင်းအရ လူအင်အား တိုးပွားလာပြီး၊ အခြေအနေမှာ တင်းမာနေသည် ဟုသိရသည်။ စစ်တပ် အင်အားမှ ငပလီတွင် သာရှိပြီး သံတွဲမြို့ရှိ ရဲတပ်ဖွဲ့ဝင် အင် အားဖြင့် အခြေအနေကို ထိန်းသိမ်းရန် လွန်စွာ ခက်ခဲလိမ့်မည်ဟု သိရှိ ရပါသည်။