နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆန့်သောလက်များ ကွေးစေချင်

ရိုဟင်စိုးမိုးဝင်း (MYARF)

RB News
7.6.2013

ပညာရေး ၀န်ကြီး ဌာနသည် ကျောင်းအပ်နှံရေး သီတင်းပတ် အဖြစ် မေ ၂ရ-ရက် မှ ၃၁-ရက် အထိ သတ် မှတ်ထားသည်။ နိုင်ငံတော် အစိုးရ သည်လည်း ပညာတတ် အမြောက် အမြား ပေါ်ထွက်ရေး အတွက် ပညာရေး အသုံးစရိတ် ဘတ်ဂျက် များကို တိုးမြှင့် သတ်မှတ် ပေးထားသည်။ အခြေခံ ပညာ ကဏ္ဍ၌ ကျောင်းနေ အရွယ် ကလေးတိုင်း ပညာသင် ယူခွင့် ရရှိရေး၊ ကျောင်းနေသည့် ကလေးတိုင်း ကျောင်းနေမြဲ ရေးလုပ်ငန်း များကို ဆောင်ရွက် လျက်ရှိ ပါသည်။ မိဘများ သည်လည်း မိမိတို့၏ ရင်သွေး များကို အချိန်မှီ ကျောင်းအပ်နှံ နိုင်အောင် လှုပ်ရှား လာကြသည်။

စာရေးသူ တို့ရဲ့ ရခိုင် ပြည်နယ်၊ မောင်တော မြို့ရှိ ကျောင်းတိုင်း လိုလိုလည်း သက်ဝင် လှုပ်ရှား လာတော့ သည်။ မကြာမီ ရက်ပိုင်း အတွင်း ခြောက်သွေ့သွေ့ ဖြစ်နေသော ကျောင်းများသည် စိမ်းလန်း ပေတော့မည်။ သာယာပေ တော့မည်။ သို့သော် . . . မောင်တောမြို့ အထက (၁) ၏ အခြေ အနေသည် တစ်မူ ထူးခြားနေ ကြောင်း စာရေးသူ တင်ပြလို ပါသည်။

စာရေးသူ ပညာ ရင်နို့သောက်စို့ ခဲ့ရသော မိခင် ကျောင်းတော်ကြီးတွင် မေ ၂၇-ရက်နေ့မှ စတင်ပြီး ယနေ့ အထိ ကျောင်းသား/သူများ လက်ခံ နေကြသည်။ ကျောင်းအုပ် ဆရာကြီး ဦးကျော်ဇောထွန်းက ကျောင်းသား /သူများ လက်ခံရာတွင် နည်းမျိုးစုံဖြင့် လက်ခံ ဆောင်ရွက် နေသည်ကို သတိပြု မိပါသည်။ အထူး သဖြင့် ရိုဟင်ဂျာ ကျောင်းသား/သူ များထံမှ ၀င်ကြေးငွေ အလွန် အကျွံ တောင်းခံပုံကို တွေ့မြင် နိုင်ပါသည်။ ရိုဟင်ဂျာ ကျောင်းသား /သူ တစ်ဦးလျှင် ၀င်ကြေးငွေ (၁၂၀၀၀) ကျပ် ပေးသွင်း ရမည်ဟု သတ်မှတ် ထားသည်။ ရခိုင်လူမျိုး ကျောင်းသား /သူ တစ်ဦးလျှင် ၀င်ကြေးငွေ (၂၀၀၀) ကျပ် ပေးသွင်း ရမည်ဟု ခွဲခြား၍ သတ်မှတ် ပေးထားသည်။ ငွေ (၁၂၀၀၀) ကျပ် ရရှိရေး အတွက် ရုန်းကန် နေရသော မိဘများ အရေ အတွက်သည် ဒုနဲ့ဒေးပင် . . .။

ဤသို့ ခွဲခွဲ ခြားခြား သတ်မှတ်ပြီး ကျောင်းဝင်ကြေး တောင်းခံရန် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ညွှန်ကြား ခဲ့တာလား၊ သို့တည်း မဟုတ် ရိုဟင်ဂျာ လူထု တစ်ရပ်လုံး မျိုးတုံး သွားအောင် ထောင်ချောက် ဆင်တာ လားလို့ တွေဝေ မိပါသည်။

ရိုဟင်ဂျာ လူငယ် များအား အခြေခံ ပညာ သင်ယူခွင့် ပိတ်ပင်ရန် ဟန်ပြင် နေသည် ဆိုလည်း ယတိ ပြတ်မှန် လိမ့်မည်။ အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အုပ်တစ်ချပ် သဲတစ်ပွင့် ပမာ ပါဝင် ဆောင်ရွက် ကြမည့် လူငယ် ကြယ်ပွင့် များကို မှေးမှိန် စေပြီး ရိုဟင်ဂျာ လူထု တစ်ရပ်လုံး ပျက်စီး ကြေမွသွားအောင် စိုင်းပြင်း နေသည်မှာ သိသာ ထင်ရှား ပေသည်။

မိဘ များသည် မိမိတို့ ရင်သွေးငယ် များကို ပြုစု ပျိုးထောင် ရာတွင် ပညာရေး ကဏ္ဍသည် အခရာကျ သည်။ ထို့ကြောင့် ပညာရေး ဟူသော လမ်းကြောင်းသည် ဖြောင့်ဖြူး သာယာဖို့ လိုသည်။ ဆူးငြောင့် ခလုတ်၊ အတား အဆီး မရှိစေရန် ဂရုစိုက် ရသည်။ အတား အဆီးမှ သမျှကို စုပေါင်း တိုက်ဖျက် ရှင်းလင်း သုတ်သင် သင့်သည်။ ရှင်းလင်း သုတ်သင်ရန် မိဘ တိုင်းတွင် တာဝန်ရှိ သလို အများ ပြည်သူနှင့် နိုင်ငံတော် အစိုးရ တွင်လည်း တာဝန် ရှိသည်။

အနာဂတ်တွင် တောက်ပ လာမည့် ကြယ်ပွင့် များကို ပျိုးထောင် နေသော မိဘ များ၏ ဒုက္ခကို လူတိုင်း လိုလို မျှဝေ ခံစား သင့်သည်။ လက်ဆန့်ပြီး ငွေကြေး တောင်းခံ နေသူ များလည်း မိမိ တို့၏ လက်များ ကွေ့စေ ချင်သည်။ “မြွေမသေ တုတ်မကျိုး” ဟူသော စကား အတိုင်း နှစ်ဖက် အကျိုး မယုတ်ဘဲ ဖြေရှင်းရန် လူတိုင်း လိုလိုတွင် တာဝန်ရှိ စေချင် ပါသည်။

မြန်မာ စကားလာ “မြွေမြွေချင်း ခြေမြင်သည်” ဟူသော စကားနှင့် အညီ ဆင်းရဲသူ တို့၏ ဒုက္ခကို အခြား သူများ မရိပ်မိ သော်လည်း အချင်းချင်း အတွင်းသိ၊ ဘ၀တူ၊ သဘာဝ တူညီသူ များအဖို့ တစ်ယောက်၏ ဒုက္ခကို တစ်ယောက် သိနိုင်သည်။ တစ်ပါး သူ၏ ဒုက္ခကို မျှဝေ ခံစားသော ပါရမီ ရှင်များ တိုးပွား ချင်ပါ စေကြောင်း . . .။

ရွှင်လန်း ချမ်းမြေ့ ကြပါစေ . . .။

Comment ရေးရန်

Rohingya Exodus