နောက်ဆုံးသတင်း/ဆောင်းပါးများ

ပြည်သူ့ကျိန်စာ


ဌေးလွင်ဦး
RB News
30.6.2013

မြန်မာ ပြည်သူ လူထုက လက်မခံလို့ ရိုဟင်ဂျာ ဆိုတဲ့ အမည် နာမကို ကျွန်တော်တို့ လက်မခံ နိုင်ဘူးလို့ ကု လ သမဂ္ဂ လူ့အခွင့် အရေး ကောင်စီမှာ အာခံ ပက်တဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ ကိုယ် စား လှယ် မာဖီး ယား အစိုးရဲ့ အလွတ်သင် ကြက်တူ ရွေးကြီးက ကမ္ဘာ့ လူကြီး တွေရှေ့မှာ အရှက် မရှိ ဘဲ ပြည် သူ လူ ထုရဲ့ အမည် နာမကို အလွဲ သုံးစား ပြုမူ သွားပုံမှာ မြန်မာ ပြည်သူ လူထုကို စော်ကား လိုက်ခြင်း သာ ဖြစ် ပါတယ်။ 

လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လည်ပင်းကို ကြိုးကွင်း စွပ်ထားတဲ့ မာဖီးယား ဦးသိန်းစိန်ရဲ့ အစိုးရ အုပ်စုဟာ သူတို့ လည်ပင်းက ကြိုးကွင်းကို ကာကွယ်ဘို့- အကာ အရံ တံတိုင်း အဖြစ် (၁) စစ်တပ်ကို မောင်ပိုင်စီး ထား တယ်။ (၂) လွှတ်တော်ကို အပိုင်ချုပ် ထားတယ်။ (၃) လက်သတ်မွေး လူသတ်ဂိုဏ်း သင်္ကန်းဝတ် အုပ်စုကို ထူထောင် ထားတယ်။ သူတို့ရဲ့ လုပ်ကွက် များကို စစ်တပ် တွင်းမှာ မကျေမနပ် ဖြစ်လာတဲ့ အခါ- လွှတ်တော်ကို အသုံးချ ပြန်တယ်။ လွှတ်တော်ကလည်း တစ်စိတ် တစ်ဒေသ ပြည်သူ ဘက်ကို ပါ လာ ပြန်တော့- လက်သတ်မွေး လူသတ်ဂိုဏ်း သင်္ကန်းဝတ် တွေကို ရှေ့ထုတ် ကစားခဲ့ ပြန်တယ်။

တိုင်းပြည်မှာ စစ်တပ်လည်း နာမည် ပျက်ခဲ့ပြီ။ လွှတ်တော်လည်း အရှက်ကွဲ ခဲ့ပြီ။ နောက်ဆုံး သင်္ကန်းဝတ် အကြမ်းဖက် ဂိုဏ်းကြောင့် မြန်မာ ဗုဒ္ဓဘာသာကြီး တစ်ခု လုံးလည်း ကမ္ဘာမှာ အရှက် ဗျန်းဗျန်း ကွဲရပြီ- သူတို့ လည်ပင်းက ကြိုးကွင်းကို ကာရံ ထားတဲ့ ဒေါက်တိုင်တွေ တစ်စချင်း ကျိုးပျက် လာပြီး လည်ပင်း အက်လာတော့ ပြည်သူ တစ်ရပ်လုံးကို အသုံးပြုဘို့ ခြေလှမ်း သစ်ကို စတင် ပြင်ဆင် လိုက်ပါပြီ။

ဒီရက်ပိုင်း အတွင်း ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီက မြန်မာ မွတ်ဆလင် လူနည်းစု အရေး ကြား နာပွဲမှာမြန်မာ ကိုယ်စားလှယ်က- ရခိုင် နယ်က မွတ်ဆလင် တွေကို နိုင်ငံသား အဖြစ် သတ် မှတ် ပေး ဘို့ ပြင်ဆင် နေကြောင်း ဒါပေမယ့် ရိုဟင်ဂျာ ဆိုတဲ့ အမည် နာမကို မြန်မာ ပြည်သူ တွေက မကြိုက်လို့ လက်မခံ နိုင်ကြောင်း အရှက်မရှိ ထည့်ပြော သွားပါတယ်။ 

တစ်ကယ်တော့ မြန်မာက ပြည်သူ တွေဟာ ရန်လို တတ်သူတွေ မဟုတ် သလို-၊ မြန်မာနိုင်ငံ အတွင်းက စစ်အစိုးရ ထုတ်ဖေါ် ထားတဲ့ တိုင်းရင်းသား လူမျိုးစု ၁၃၅ စု ဆိုတာ ကိုလည်း လူမျိုး တစ်မျိုးချင်းရဲ့ အကြောင်းကို စေ့စေ့ငင သိထားသူ မရှိသလောက် ပါပဲ။ သိဘို့စိတ်ဝင် တစ်စားလည်း မရှိကြပေဘူး။ ကိုယ့်ဝမ်းရေး နဲ့ကိုယ် စီးပွားရေး အကြပ် အတည်း ကြားက ဘယ်လို လွတ်မြောက် မလဲဘဲ စိတ်ဝင် စား နေကြသူများ ဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီး ပါလီမန် ဒီမိုကရေစီ စနစ် အတွင်းမှာ ရိုဟင်ဂျာ များကို တိုင်းရင်းသား အဖြစ် သတ်မှတ် ခဲ့စဉ်ကလည်း ရိုဟင်ဂျာ ဆန့်ကျင်ရေး ပြည်လုံးကျွတ် ဆန္ဒ ပြပွဲကြီး လုပ်ခဲ့ တဲ့ သမိုင်းလည်း မရှိခဲ့ဘူး။ 

မြန်မာ နိုင်ငံ အတွင်းရှိ ပြည်သူ များက ရိုဟင်ဂျာ များကို အာရ်ကန်လို့ ခေါ်ခဲ့ပြီး သားပေး သမီးယူလည်း အများ ကြီးဆက်စပ် ခဲ့ပါတယ်။ ဒါဟာ ဖုံးကွယ်လို့ မရတဲ့ ဖြစ်ရပ်ကြီးပါ။ တစ်တိုင်းပြည်လုံး အနှံ့လည်း ရိုဟင်ဂျာနဲ့ ကပြား ကလေးတွေ အသိန်းအသန်း ရှိနေပါတယ်။ မိမိသမီးက ရိုဟင်ဂျာနဲ့ ညားလို့ သမီးကို သတ်ခဲ့တဲ့ မိဘများ မရှိခဲ့ သလို- ရိုဟင်ဂျာ ကပြား ကလေးတွေကို အဖိုး အဘွား၊ အဒေါ်၊ ဦးလေး ရပ်ဆွေ ရပ်မျိုး များက သတ်ဖြတ် ခဲ့တာ ကြဉ်ဖယ်ခဲ့တာ မတူမတန် ဆက်ဆံ ခဲ့တာလည်း မြန်မာ့ သမိုင်းမှာ ဒီနေ့ထိ မရှိခဲ့ဘူး။ အစိုးရက စီမံချက်ချ သွေးခွဲ နှိပ်ကွပ် ခဲ့တာ နှစ်ပေါင်း ၆၀ ကျော်လာခဲ့ပါပြီ-၊ ဒီနေ့ထိ ရာနှုန်းပြည့် မအောင်မြင် သေးဘူး ဆိုကတည်းက မြန်မာပြည်သူတွေမှာ ရိုဟင်ဂျာများ အပေါ် တစ်ဘက်သတ် အမုန်း မရှိဘူး ဆိုတာ သေချာ နေပါ တယ်။ 

ရိုဟင်ဂျာဆိုတဲ့ အမည် နာမကိုအသိအမှတ် ပြုလိုက်ရင်ဘဲ--၊ အဲ့ဒီ လူတွေက တိုင်းပြည်က ခွဲထွက် သွားမ လိုလိုတွေ မှိုင်းတိုက် ပုံသွင်း တာလည်း ရှိသေးတယ်။ ရိုဟင်ဂျာ တို့ဟာ သမိုင်းစဉ် အရ ရှိခဲ့တဲ့ လူမျိုး ဖြစ် ပြီး မြန်မာအင် ပါယာ ရခိုင် ဒေသကို လွှမ်းမိုး ကတည်းက ဒီနေ့ထိ ခွဲထွက်ရေး အတွက် လှုပ်ရှား တာ မရှိ ခဲ့ သေးဘူး။ နောက်တစ်ခုက တိုင်းပြည်မှာ တိုင်းရင်းသားအဖြစ် အသိအမှတ် ပြုတိုင်းသာ ခွဲထွက် ခွင့် တောင်းကြေး ဆိုရင် ဒီနေ့ တိုင်းရင်းသား အဖြစ် သတ်မှတ် ထားတဲ့ ၁၃၅ မျိုးကို နိုင်ငံပေါင်း ၁၃၅ နိုင်ငံ ခွဲထွက်ခွင့် ပြုလိုက် ရမလို ဖြစ်နေ ပြန်တယ်။ သေချာတာက ယုတ်မာ ရက်စက်တဲ့ မြန်မာ အစိုး ရ အဆက် ဆက်ကြောင့် ဘယ်တိုင်းရင်းသားမှ ဗမာ လက်အောက်မှာ မနေချင် တော့တဲ့ အချက်ပါ။ ဒီ အခြေ အနေမှာ တိုင်းပြည် တစ်ခု ကွဲထွက်ခြင်း မကွဲထွက်ခြင်း ဆိုတာ နဂို ရှိနေတဲ့ တိုင်းရင်းသားဝင် အုပ်စု ကို တိုင်းရင်း သား အဖြစ် အသိ အမှတ် ပြုပေးခြင်း မပြုပေးခြင်းနဲ့ မသက်ဆိုင်ဘဲ- အုပ်ချုပ်သူ လူတန်းစားရဲ့ တရားမျှ တမှု မမျှတမှုသာ သက်ဆိုင်တယ် ဆိုတဲ့ အချက်ပါပဲ။ 

အုပ်ချုပ်သူတွေက ယုတ်မာချက် ကန်းကုန်နေပြီး လူနည်းစု တစ်ခုကို မတရား သဖြင့် ဖိနှိပ်နေမယ် ဆိုရင် ဘယ် တိုင်းရင်းသား ကမှ အတူ ယှဉ်တွဲ နေထိုင်ဘို့ စိတ်ကူးမှာ မဟုတ်ဘူး။ 

မိမိတို့ရဲ့ ယုတ်မာ ပက်စက်မှု များကို ဖုံးကွယ်ဘို့ ကြိုးစားတဲ့ အနေနဲ့ မိမိတို့ မာဖီးယား အစိုးရက တစ်ဘက် သတ် မလိုလားတဲ့ ရိုဟင်ဂျာဆိုတဲ့ အမည်နာမကိုပြည်သူ လူထုကြီးကသဘော မတူလို့ပါလို့ အကြောင်း ပြ ခြင်းဟာ လူထုရဲ့ အမည် နာမကို အလွဲသုံးစား ပြုခြင်းသာ ဖြစ်ပါတယ်။ (ကျုပ်တို့နဲ့ ကျုပ်တို့ရဲ့ လက်ပါးစေ လူတစ်စုက သဘော မတူတာ ပါလို့ ယောက်ျား ပီပီ ပွင့်ပွင့် လင်းလင်း ပြောလိုက် တာက ကြားကောင်း ပါသေးတယ်။)

ပြည်သူလူထုက လက်မခံတာကို မာဖီးယား အစိုးရက မလုပ်ဆောင်ကြောင်း ပြောဆို ခြင်းဟာ သူတို့ ကိုယ် ပြည်သူ တစ်ရပ်လုံးက သန့်သန့် ရှင်းရှင်းလိုလိုလားလားနဲ့ ရွေးကောက် တင်မြှောက် ထားတာလို့ ကမ္ဘာက ထင် မှတ်အောင် လိမ်ညာခြင်းတစ်မျိုးလည်း ဖြစ်သလို- သူတို့ကိုယ်သူတို့ ပြည်သူ့ဘက်တော် သား အစိုးရ ပါလို့ ပြည်သူတွေကိုဆက်တိုက်အယုံသွင်းနေခြင်းလည်း ဖြစ်ပါတယ်။

ပြည်သူလူထု မလိုလားတာကို မပြုလုပ်ဘူးလို့လူထုအပေါ်မှာ တစ်ကယ်တမ်း သစ္စာထားနေရင်- ပြည်သူ လူထုလုံးဝအော့နှ လုံးနာနေတဲ့လက်ရှိအစိုးရ တစ်ရပ်လုံးအစိုးရ အာဏာကို လက်လွှတ်ပြီး ရာထူးရာ ကန်များက နုတ်ထွက် ပေးလိုက်ဘို့ အရင် ဦးစားပေး စဉ်းစားရပါမယ်။ လူထု အပေါ်မှာ ခေါင်းပုံဖြတ်ပြီး ယူ ထားတဲ့ အာဏာနဲ့ နေရာကို အလွဲသုံးစားလုပ်ပြီး မိမိပြောချင်ရာကိုပြော- လူထုနာမည်သုံးနေ တာတော့ အ ရှက်မဲ့ လွန်းနေ ပါတယ်။

စစ်တပ်ထဲက အခဲမကျေမှုတွေ ကို လည်းရှင်းရမယ်။ လွှတ်တော် ထဲက မြိုသိပ် ထားတာ တွေကိုလည်း ရှင်း ရမယ်။ မိရိုးဖလာ ရိုးရိုး သားသား ဗုဒ္ဓတရားမှာ ကြည်ညို လေးစား နေသူများရဲ့ ပေါက်ကွဲမှု ကိုလည်း ခံ ရတော့မယ်။ ကမ္ဘာ့ ခုံရုံးကလည်း နီးကပ် လာနေတယ်။ ဒီကြားထဲ-၊ ပြည်သူ လူထုဟာ သူတို့ရဲ့ အမည် နာ မကို အလွဲ သုံးစားလုပ် နေမှန်း သတိရ သွားတဲ့နေ့--၊ ပြည်သူ တစ်ရပ်လုံးရဲ့ ကျိန်စာလည်း သင့်ရတော့ မယ် ဆိုတော့-၊ မာဖီးယား အစိုးရ အနေနဲ့ ပြေးလမ်း မရှိနိုင်တော့ပါ။

ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု

Comment ရေးရန်

Rohingya Exodus