နောက်ဆုံးသတင်း/ဆောင်းပါးများ

RFA အသံလွှင့် ဌာန၊ ဦးအောင်မိုးဝင်း၊ ဒေါက်တာ ခင်စောဝင်းတို့ သတိ မပြု မိသော ဆရာဝန်တို့ လိုက်နာ အပ်သည့် သမား ကျင့်ဝတ် (Medical Ethics)


မောင်သမာဓိ
RB News
6.6.2013

RFA အသံလွှင့် ဌာန၊ ဦးအောင်မိုးဝင်း၊ ဒေါက်တာ ဒေါ်ခင်စောဝင်းတို့ သတိ မပြုမိသော ဆရာဝန်တို့ လိုက်နာ အပ်သည့် သမား ကျင့်ဝတ် (Medical Ethics)

နာဇီ ဆရာဝန်များ မွေးထုတ်မည့် RFA မှထုတ်လွှင့်သော အစီအစဉ် တစ်ခု။

မီဒီယာ ကျင့်ဝတ် မသိသော RFA အသံလွှင့်ဌာန၊ နိုင်ငံရေး၊ အမျိုးသားရေးနှင့် ကျန်မာရေး ပြဿနာ များကို ရောထွေး စဉ်းစားသော မြန်မာ့ အရေး လေ့လာသူ ဦးအောင်မိုးဝင်းနှင့် သမား ကျင့်ဝတ် (Medical Ethics) ကို ဂဃနဏ မသိသော ဒေါက်တာ ဒေါ်ခင်စောဝင်းတို့ ၃ ဦးပေါင်းကာ သောတရှင် ပြည်သူ အပေါင်းကို လမ်းမှားသို့ ရောက်အောင် ၂၀၁၃ ခုနှစ် ဇွန်လ ၂ ရက်နေ့ ည ၇:၀၀ အချိန်၌ RFA မှတလွဲ ပညာပေးမှုများ ထုတ်လွင့် သွားသည်ကို ဝမ်းနည်းဖွယ် ကြားနေ ရချိန်တွင် မြန်မာ နိုင်ငံ ဆေးလောကမှ ဆရာဝန် သစ်လွင်လေး များအတွက် စိတ်ပူ နေမိပါ တော့သည်။

လူနာထံမှာ Informed Consent မယူဘဲ ရိုဟင်ဂျာ များကို သန္ဓေ တားရန် အတင်း အကြပ် ပြုမူ နေမှု သည် နာဇီဟစ် တလာ လက်ထက်က ဂျာမန် မဟုတ်သည့် လူသား များနှင့် ပြုလုပ် ခဲ့သော ရက် စက် သည့် ဆေးဝါး စမ်းသပ်မှု များတွင် ပါဝင် ကျူးလွန် ခဲ့သူ နာဇီ ဆရာဝန် တို့၏ ကျင့်ဝတ်မဲ့ စိတ် ဓါတ်နှင့် ခံယူချက်မျိုးကို နောင်မျိုးဆက် ဆရာဝန် တို့အား ရိုက်သွင်း ပေးနေ လေရော့ သလား ဟု စေ့ ငု နေမိ ပါ သည်။

RFA ဦးခင်မောင်ညိမ်း ဦးဆောင် ထုတ်လွှင့်သော ထိုအသံ လွှင့်ချက်ကို အင်တာနက်မှတဆင့် တိုက်ရိုက် နားဆင် နိုင်ပါသည်။

ခြေပခွင့် ရရန်နှင့် Counter Balance ဖြစ်စေရန် အလွှာ အသီးသီးမှ လူမျိုးစုံ ပါဝင်သော စကား ဝိုင်း မျိုး ဖြစ်သင့် 

ရခိုင်ပြည်နယ် မောင်တော ခရိုင်နေ ရိုဟင်ဂျာ တို့အပေါ် ရခိုင် ပြည်နယ် အစိုးရမှ တစ်အိမ်ထောင် ကလေး နှစ်ယောက် သာယူရန် ခွဲခြား ဆက်ဆံသည့် ဥပဒေ (Two Child Policy) ကို ပြဌာန်း ခဲ့သည်နှင့် ပတ်သက် ၍ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က လူသိရှင်ကြား ကမ္ဘာသိ ကန့်ကွက် ခဲ့ပါ သည်။

ထိုကိစ္စနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကုလသမဂ္ဂ ကလေးငယ်များ အခွင့် အရေး ကော်မတီ၊ မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တား နားနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေမှူး ဘန်ကီမွန် တို့မှလည်း အလားတူ ကန့်ကွက် ခဲ့ပါသည်။

RFA မှ ဦးခင်မောင်ညိမ်း ဦးဆောင်သော စကားဝိုင်းသည် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော NLD ပါတီ၏ သဘောထားကို ဆန့်ကျင်သော စကားဝိုင်း ဖြစ်သောကြောင့်၎င်း၊ ဆေးပညာ ကျင့်ဝတ် များနှင့် ပတ်သက် နေသောကြောင့်၎င်း၊ ရိုဟင်ဂျာ တို့ကို ခွဲခြား ဆက်ဆံသော ဥပဒေ အကြောင်း အရာ ကို ဆွေးနွေး သည့် အတွက်၎င်း၊ ထိုစကားဝိုင်းတွင် NLD နှင့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးစီ၊ မြန်မာနိုင်ငံမှ သမား ကျင့်ဝတ် ကျွမ်းကျင်သူ Medical Ethics Adjunct Professor Dr. မြင့်ဦး (GP, ကလောင်အမည် ဒေါက်တာ စေတနာ)၊ ဥပဒေ ကျွမ်းကျင်သူ ရှေ့နေ ဦးအောင်ထူးနှင့် ရိုဟင်ဂျာ ခေါင်းဆောင် လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် စသည် ဂုဏ်သရေရှိ လူကြီး လူကောင်း များ ပါဝင် သင့်သည့် အပြင် ထိုကဲ့သို့သော စကားဝိုင်း အစီ အစဉ် အသစ် တစ်ခုကို RFA မှ အမြန်ဆုံး စီ စဉ် ထုတ်လွှင့် သင့်ပါသည်။

မဆိုင်သည့် အပေါက် ဂလိုင်နှင့် ခေါက်သည့် ဦးအောင်မိုးဝင်း။ 

ဆိုဗီယက် ပြည်ထောင်စုကြီး ဂေါ်ဘာချော့ လက်ထက် ပြိုကွဲ ရသည့် အကြောင်းရင်းမှာ ပြည်ထောင်စု အ တွင်း ရှိ မွတ်ဆလင် ပြည်နယ် အသီးသီးတွင် ရုရှ အစိုးရ အဆက်ဆက် ဂရု မပြုမိသော မွတ်ဆလင် လူ ဦးရေ ပေါက်ကွဲ မှုကြောင့်ဟု ဦးအောင်မိုးဝင်းက အတိ အလင်းဆို၏။

ထို့ကြောင့် ရိုဟင်ဂျာ တို့အပေါ် တစ်အိမ်ထောင် ကလေး နှစ်ယောက်သာ ယူရန် ပြဌာန်း ထားသော ဥပဒေသည် အမျိုးသားရေး၊ လုံခြုံရေး အရ မှန်ကန် သည်ဟု ဆို၏၊ ဒေါ်အောင်ဆန်း စုကြည် သည် နိုင် ငံရေး သမား၊ နိုင်ငံရေး အမြင်ဖြင့် မသုံးသပ်ဘဲ၊ လူ့အခွင့် အရေးသမား၊ လူ့အခွင့် အရေး အမြင် ဖြင့် ကြည့်သော ကြောင့်သာ ဤဥပဒေကို ကန့်ကွက်ခြင်း ဖြစ်မည်ဟု ဦးအောင်မိုးဝင်းက ဆို၏။ အမျိုးသားရေး အ တွက် ဆိုလျှင် လူ့အခွင့် အရေးကို ယှဉ်တွဲ မစဉ်းစားသင့် သည့်သဘော ပြောသည်ဟု နားလည် လိုက်ပါသည်။ 

အမျိုးသားရေး၊ လုံခြုံရေးနှင့် ဆိုင်လျှင် လူ့အခွင့် အရေးကို ဘေးဖယ် စဉ်းစားသော ဦးအောင်မိုးဝင်း သည် လူသား တို့၏ ကျန်းမာရေးနှင့် ပတ်သက်လျှင် သမား ကျင့်ဝတ်နှင့် Patient Right တို့ကို လိုက်နာ ဖို့ ယောင်လို့တောင် အိမ်မက်မည် မဟုတ်ပါ။

တနည်း အားဖြင့် မျက်ကန်း မျိုးချစ် အမျိုးသားရေး လှုပ်ရှားမှု များနှင့် ဘာသာရေး အစွန်းရောက် လှုပ် ရှား မှု တို့ကို ဥပဒေအားလုံး၏ အထက်တွင်ရှိနေစေချင်သည့် နိုင်ငံအတွက် အလွန် အန္တရာယ် ကြီးသော ဦးအောင်မိုးဝင်း၏ အတွေး အခေါ် အယူ အဆ ဖြစ်သည်။ 

နာဇီ တို့သည် ဂျူးလူမျိုး များအပေါ် လူမျိုးတုံး သတ်ဖြတ် သကဲ့သို့ ဆိုဗီယက် ရုရှား တို့သည်လည်း ၎င်းတို့ သိမ်းပိုက် ခဲ့သော နယ်မြေ များတွင် မူလ ကတည်းက နေထိုင် ခဲ့ကြသည့် အစ္စလာမ် ဘာသာဝင် တို့ကို လူဦးရေ လျှော့နည်းအောင် ခွဲခြား ဆက်ဆံ နှိပ်ကွပ် ခဲ့လျှင် ဆိုဗီယက် ပြည်ထောင်စုကြီး မပြိုကွဲနိုင်ဟု လူ သား မျိုးနွယ်တို့ အပေါ် အလွန် အန္တရာယ် ကြီးသော မှတ်ချက်ကို ဦးအောင်မိုးဝင်း သွယ်ဝိုက် ကာ ပြော ခဲ့လေပြီ။ မြန်မာ နိုင်ငံတော် သီချင်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည့် မဖြူစင်သော၊ အလွန် မဲညစ် သည့် ဝါဒဖြစ်သည်။ယဉ်ကျေးသော လူ့ဘောင်ကို ပျက်စီးစေ မည့် Genocideကို သိသိ သာသာကြီး အားပေး နေ သူ အဖြစ် ပေါ်လွင် နေပါသည်။

တကယ်တော့ အဇာဘိုင်ဂျန်၊ တာဂျီ ကစ္စတန်၊ ချက်ချင်းညှာ စသည့် ဒေသတို့မှ ဒေသခံ တို့မှာ ဒုတိယ ကမ္ဘာစစ် မဖြစ်မီကပင် အစ္စလာမ် ဘာသာဝင်များ ဖြစ်နေကြပြီး ဆိုဗီယက်က သိမ်းပိုက် အုပ်ချုပ် ခဲ့ ခြင်း သာဖြစ် သည်ဟု ကျွန်ုပ် မှတ်သားဘူး ပါသည်။

ဒီနေရာမှာ RFA သတင်းဌာနမှ ဦးခင်မောင်ညိမ်း ၊ ဦးအောင်မိုးဝင်းနှင့် ဒေါက်တာ ခင်စောဝင်း တို့ကို ပြော ချင် သည်မှာ အကယ်၍သာ ရိုဟင်ဂျာ တို့သည် မြန်မာ နိုင်ငံ၏ တိုင်းရင်းသား များဖြစ်ကြောင်း လက်ရှိ ခိုင်လုံသော သက်သေ ပြချက်များ ကို မြန်မာ နိုင်ငံ၏ အစိုးရ တရပ်ရပ် သို့မဟုတ် လွှတ်တော် တရပ်ရပ်က လက်ခံ လိုက်ချိန်တွင် အမျိုးသားရေး၊ လုံခြုံရေး အကြောင်းပြ ချက်တွေနဲ့ ရိုဟင်ဂျာ တွေကို ခွဲခြား ဆက်ဆံသူ တွေဟာ သမိုင်း တရားခံများ ဖြစ်သွား ပါလိမ့်မည်။

မြန်မာ နိုင်ငံ၏ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း၊ ပါကစ္စတန် ခေါင်းဆောင် အလီဂျင်း နား၊ မြန်မာ နိုင်ငံကို ဗုဒ္ဓ ဘာသာ နိုင်ငံအဖြစ် ကြေငြာသူ ဦးနု၊ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်၊ ဒုတိယ ဝန် ကြီး ချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဦးဗဆွေနှင့် မေယုခရိုင်ကို အုပ်ချုပ် ခဲ့သော ဗိုလ်ချုပ် အောင်ကြီး တို့က တိုင်းရင်းသား အဖြစ် လက်ခံသော သမိုင်းဝင် ရိုဟင်ဂျာ လူမျိုး တို့ကို ဗိုလ်ချုပ် နေဝင်းနှင့် လက်ရှိ ဦးသိန်း စိန်အစိုးရက မျက်စေ့စုံမှိတ် ငြင်းနေခြင်းသာဖြစ် သည်။ သို့သော် ပြည်နယ် တိုင်းဒေသ ကြီး လွှတ်တော်နှင့် ပြည် ထောင်စု လွှတ်တော် အသီးသီးတွင် ရိုဟင်ဂျာ တိုင်းရင်းသား များသည် လွှတ်တော် ကိုယ် စားလှယ် အဖြစ် တက်ရောက် နေကြ ပါသည်။

ဦးအောင်မိုးဝင်း၏ ပြောစကား များကို နားထောင် ပြီးနောက် ဦးအောင်မိုးဝင်းကို လူ့အခွင့် အရေးမသိ၊ ဥပဒေ မသိရုံမက ဆေးပညာ ကျင့်ဝတ်ကို လျှစ်လျှူ ရှုသော ဥပဒေ အထက်တွင် နေချင်သည့် အမျိုး သားရေး ဝါဒီ၊ မျက်ကန်း မျိုးချစ် ဘာသာရေး အစွန်းရောက် ဝါဒီ အဖြစ် ကျွန်ုပ်က သတ်မှတ်မည် ဆိုလျှင် သင့်တော်၏၊ မတော်၏ စာရှုသူ ကိုယ်တိုင် RFA ၏ ထုတ်လွှင့်ချက်ကို အင်တာနက်မှ တဆင့် တိုက်ရိုက် နားထောင်ပြီး ဆုံးဖြတ် ကြည့်စေ ချင်ပါသည်။

ဥပဒေ မစိုးမိုးခြင်းနှင့် ဝါဒ မဖြူစင်ခြင်းသည်သာ တိုင်းပြည် များကို ပြိုကွဲ စေသော တရားခံ အ စစ် ဖြစ်သည်။

ဥပဒေ မစိုးမိုးလျှင်၊ သို့မဟုတ် ဥပဒေ အထက်တွင် လူတန်းစား တရပ် ရှိနေမည် ဆိုလျှင် ပြည်သူ ပြည် သားတို့၏ အခွင့်ရေးသည် တူညီ စရာ အကြောင်း မရှိ၍ ထိုတိုင်းပြည်၏ ဝါဒသည် ဖြူစင်စရာ အကြောင်း မရှိသောကြောင့် တိုင်းရင်းသား များအကြား ရင်ကြား စေ့ရန်လည်း မဖြစ်နိုင် ပါသဖြင့် တိုင်းပြည် ပြိုကွဲရန် လမ်းစ ဖြစ်သော ပြည်တွင်း စစ်ကို ဖိတ်ခေါ် နေပါ လိမ့်မည်။ ပြည်တွင်း စစ်ဖြစ်လျှင်လည်း ထိုနိုင်ငံ မျိုး များ တွင် ငြိမ်းသတ် ရန်မလွယ်ပါ။ မကြာမီက ပြည်တွင်း စစ်ကြောင့် ပြိုကွဲ သွားသော ဆူဒန် နိုင်ငံကို နမူနာ ယူသင့် ပါသည်။

ဂျာမဏီ ပြိုကွဲခြင်းသည် လူမျိုးကြီး ဝါဒ၊ နာဇီ ဝါဒ ကြောင့်သာ ဖြစ်၏၊ ဆိုဗီယက် ပြည်ထောင်စု ပြို ကွဲ ခြင်း သည် တစ်ပါတီ အာဏာရှင် ဗဟို ဦးစီး စနစ်ကြောင့်သာ ဖြစ်၏။ ရခိုင် လူမျိုးကြီး ဝါဒကြောင့် ရိုဟင်ဂျာနှင့် ပဋ္ဋိပက္ခ ဖြစ်၏။ မြန်မာ လူမျိုးကြီး ဝါဒကြောင့် ရှိသမျှ ကျန်တိုင်းရင်းသား အားလုံးနှင့် မတည့်၍ အနှစ် ၆၀ ကြာပြည်တွင်းစစ် ဖြစ်နေသည့် အပြင် ဘာသာရေး အထိကရုံး များလည်း မကြာ ခဏ ဖြစ်ပေါ် နေရုံမက လူမျိုးတုံး သတ်ဖြတ်မှုများ (Genocide & Ethnic Cleansing) အထိ ဖြစ်ပေါ်  နေလေသည်။

ဥပဒေ စိုးမိုးမှု (Rule of Law) မရှိသော၊ လူမျိုးကြီး ဝါဒ ထွန်းကားသော၊ နှစ်ပေါင်း ၆၀ ကြာ ပြည် တွင်း စစ် ဖြစ်နေသော၊ ကြံ့ခိုင်ရေး တစ်ပါတီ အာဏာရှင် စနစ် ကြီးစိုးသော၊ လူမျိုးရေး ဘာသာရေး အထိ ကရုံး များ တစ်မြို့ပြီး တစ်မြို့ပြောင်း ဖြစ်နေသော၊ စသည့် အကြောင်း များကြောင့် များမကြာမီ ပြိုကွဲရန် အလား အလာ ရှိနေသော မြန်မာ နိုင်ငံ တော်ကြီး မပြိုကွဲရန် အတွက်ဟု အကြောင်းပြ၍ ရိုဟင်ဂျာ အိမ်ထောင် သည် အမျိုးသမီး မှန်သမျှ မဖြစ်မနေ သားဆက်ခြားရန် ဥပဒေ ပြဌာန်း ခြင်းသည် အလွန် ညံ့ဖျင်းသည့် အတွေး အခေါ် ဖြစ်ကြောင်း ဦးအောင်မိုးဝင်းကို သိစေ အပ်ပါသည်။ 

ထိုဒေသ ဆိုင်ရာ ခွဲခြား ဆက်ဆံသည့် ဥပဒေကိုပြဌာန်း လိုက်ခြင်းသည် Genocide အသွင်ကို ပို မို ပေါ်လွင် စေသောကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေး တပ်များ ကုလ သမဂ္ဂမှ မလွှတ်၊ လွှတ်အောင် ဖိတ်ခေါ် လိုက်သည်နှင့် တူနေပါသည်။

မွတ်ဆလင် များကို မုန်းချင်မုန်းပါ၊ သမားကျင့်ဝတ်၊ ဆေးလောကနှင့် သမား စိတ်ဓါတ် တို့ကို မဖျက် ဆီးသင့်ပါ။

ရောဂါ အသည်း အသန် ခံစား နေရသူ လူနာက ၎င်းအား သေဆေး ပေးရန် တောင်းဆို မှုကို ဆရာဝန် တစ်ဦးသည် လူနာ ကောင်းကျိုး အတွက် သမား ကျင့်ဝတ် အရ လိုက်လျှောမှု မပြုရပါ ဟု ဒေါက် တာ ဒေါ်ခင်စောဝင်းက ပြောပါသည်။ Ethics က Don’t harm the patient. ဟုဆိုသောကြောင့် မှန်ပါ သည်။ လူနာအား သေစေသော ဆေးဝါးကို မပေးရန် ဆရာဝန်တိုင်း ကျမ်းကြိမ် ကတိပြု ထားရ ပါသည်။ ထို့ကြောင့် လူနာကို ညှင်သာစွာ သေအောင် (Euthanasia) လုပ်ပေးခွင့် မရှိပါ။

(က) Consent ။ ။ ရိုဟင်ဂျာ အမျိုးသမီး များအတွက် ခွဲခြား ပြဌာန်းသော Two Child Policy သည် မိခင်ရော ကလေး အတွက်ပါ ကျန်းမာရေး၊ လူမှုရေးနှင့် ပညာရေး အတွက် ကောင်းကျိုး ရစေသည် သာ ဖြစ်၍ တရားမျှတ သောကြောင့် မဖြစ်မနေ လိုက်နာ ရမည်ဟု ဒေါက် တာ ဒေါ်ခင်စောဝင်းက ဆို လိုက် ခြင်းသည် Ethics နှင့် လုံးဝ လွဲသွား ပါတော့ သည်။

မည်သို့သော ဆေးကုသ မှုကို မဆို လူနာ၏ သဘော တူညီမှု (Consent) ရှိမှ ပေးခွင့် ရှိသည်ကို ကထိက ဒေါ်ခင်စောဝင်း လက်ခံမည်ဟု ယုံကြည် ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ဆရာဝန် အသင်း မျိုးဆက်ပွား ကျန်းမာရေး (RH, reproductive health) စီမံချက်၊ IUD Project နှင့် PSI တို့မှ လုပ်ဆောင် လျှက်ရှိသော သားဆက်ခြား (Contraception) ပေးခြင်း လုပ်ငန်း အားလုံး မလုပ်ဆောင်မီ အရင် (Informed Consent) ယူပြီး နည်းလမ်း အမျိုးမျိုး ရှိသည့် အနက် Client အကြိုက် ကိုသာ ရွေး ချယ် စေ ရပါသည်။ 

လက်ရှိ မြန်မာ နိုင်ငံတွင် အနာကြီး ရောဂါရှိ သူများနှင့် HIV/AIDS ရှိသူ အိမ်ထောင်သည် များကိုပင် ၎င်းတို့နှင့် အများ အကျိုး အတွက်ဟု ဆိုကာ အတင်းအဓမ္မ သားဆက်ခြားခွင့်၊ သားကြောဖြတ် ခွင့်မရှိ ပါ။ ဒေါက်တာ ဒေါ်ခင်စောဝင်းက အများပြည်သူ စုဝေးရာတွင် ဆေးလိပ် မသောက်ရ အမိန့်နှင့် ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးသည် ခလေး နှစ်ယောက်ထက် ပိုမမွေးရ ဥပဒေသည် အများ ကောင်း စားရေး ဖြစ် သောကြောင့် လူ့အခွင့် အရေး ချိုးဖေါက်ခြင်း မဟုတ်ဟု အခြေခံချင်း လုံးဝ မတူညီသည့် ကိစ္စရပ် နှစ်ခု ကို နှိုင်းယှဉ် ပြသွား ပါသည်။ ဆေးလိပ် သောက်ခြင်းသည် အမူအကျင့် (Behavior) သာဖြစ်ပြီး၊ ကိုယ် ဝန် ဆောင်ခြင်းသည် မလွဲရှောင် နိုင်သော လူ့သဘာဝ (Nature) ဖြစ်၏။

Patient has the right to refuse the treatment. ဟု Ethics ကဆို၏။ ဥပမာ လူနာက သူ၏ နှလုံးခုံခြင်း ရပ်သွားလျှင် နှလုံးကို စက်ဖြင့်နှိုးခြင်း (CPR) မပြုလုပ်ရန် ကြိုတင် ပြောထားလျှင် မည်သို့ ပင် ကောင်း ကျိုးကို ဆောင်စေကာမူ CPR လုပ်ပေးခွင့် မရှိပါ။ 

တဖန် ထောင်တွင်း ယုံကြည် ချက်ကြောင့် အစာငတ်ခံ ဆန္ဒပြ၍ အားနည်း သွေးပေါင်ကျ နေသူ အကျဉ်းသား တစ်ဦးကို အကြောတွင်း ဆေးရည်သွင်း ကုသရန် သို့မဟုတ် နှာခေါင်း ပိုက်သွင်း၍ အစာ ထည့်ရန် ထောင်ပိုင်ကြီးက ခိုင်းစေ သော်လည်း လူနာက လက်မခံလျှင် ဆရာဝန် တစ်ဦးသည် လူ နာ ကောင်း ကျိုးကို အကြောင်း ပြ၍ အတင်း အကြပ် သွင်းခွင့် မရှိပါဟု Ethic Lecture တစ်ခု တွင် ဒေါက် တာ မြင့်ဦး (GP) ပြောဘူး ပါသည်။

ထို့အတူ ဆရာဝန် တစ်ဦးသည် လူနာ၏ အတွင်းရေးကို လူနာ၏ သဘော တူညီချက် (Consent) မရှိဘဲ ထုတ်ဖေါ် ခွင့်မရှိပါ။ တရာရုံးတွင် တရားသူကြီး၏ ခွင့်ပြုချက် ဖြင့်၎င်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရဲစ ခန်းနှင့် ထောက်လှမ်းရေးမှ အလွတ်သဘော မဟုတ်ဘဲ တရားဝင် ရုံးစာထုတ် မေးမြန်းမှသာ လူနာ၏ အတွင်းရေးကို ထုထ်ဖေါ်ခွင့် ရှိသည့် အတွက် ဆရာဝန် တစ်ဦးအဖို့ Ethics သည် ဥပဒေ အထက်တွင် ရှိ သယောင် ထင်ရသည်ဟု ဒေါက်တာ မြင့်ဦး (ဂျီပီ) က Lecture ပို့ချရာ တက်ရောက် နားထောင် သူများ အမှတ် မမှားစေရန် အတွက် ဒေါက်တာ ဒေးဗစ်ကျော်မှ Ethics အထက်တွင် ဥပဒေ အမြဲ ရှိကြောင်း ထောက်ပြ ပါသည်။ Ethics အကြောင်း ပြောဆိုလျှင် ထိုကဲ့သို့ Check & Balance ရှိသင့် ပါ သည် ဟု RFA ဦးဘအောင်ကို ပြောချင် ပါသည်။

ဒေါက်တာ ဒေးဗစ်ကျော်နှင့် ဒေါက်တာ မြင့်ဦး (GP) တို့ဆွေးနွေး သည်ကို နားထောင် ပြီးနောက် လူနာနှင့် ပတ်သက် လာလျှင် နုတ်မိန့် အထက်တွင် (Ethics) ရှိကြောင်း ရှင်းလင်းစွာ သိလိုက် ရ ပါ သည်။ 

(ခ) Equity ။ ။ ဆရာဝန် တစ်ဦးသည် အသားအရောင်၊ လူမျိုး၊ ကျားမ လူတန်းစား မခွဲခြား ဘဲ စမ်းသပ် ခကို လူနာတိုင်း အပေါ်တွက် အညီ အမျှ ယူပြီး ကုသမှု ကိုလည်း အညီ အမျှ ပေးရန် သမား ကျင့်ဝတ် ကပြဌာန်း ထားသောကြောင့် မြန်မာ တပြည် လုံးမှာမှ ရခိုင်ပြည်နယ် တစ်ခုတည်း၊ ရခိုင် ပြည်နယ် တွင် ၄ ခရိုင် ရှိသည့်အနက် မောင်တော ခရိုင် တစ်ခုတည်း၊ မောင်တော ခရိုင်တွင် မြို၊ ခမွီ၊ ဒိုင်းနက်၊ သက်၊ မရမာကြီး၊ ချင်းနှင့် ရိုဟင်ဂျာ လူမျိုး တို့ ပျံ့နှံ့ နေထိုင် ကြသည့် အနက် ရိုဟင်ဂျာ လူမျိုး တစ်စု တည်းသာ Two Child Policy ကို လိုက်နာရန် ပြဌာန်းခြင်းသည် Ethics အရ တရား မျှတမှု ရှိပါ သလား ဟု ဒေါက်တာ ဒေါ်ခင်စောဝင်းကို မေးချင် ပါသည်။ 

(ဂ) Medical Neutrality ။ ။ ရန်သူ ဃီလာန ကိုပင် ဆရာဝန်သည် ဆေးကုသမှု ပေးရမည်ဟု ကျမ်းကျိမ် ကြရ ပါသည်။ ရခိုင် ဒုက္ခသည် စခန်း များတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ဆရာဝန် အသင်းမှ အဖွဲ့တစ်ခု သွားရာတွင် ရခိုင် ဒုက္ခသည် စခန်းများမှ ဆေးကုသ မှုပေးပြီး ပြန်လာ ချိန်တွင် ပြုံးရွှင်စွာ ကြိုဆို ခဲ့သော စစ်တွေ ဆေးရုံမှ ဆေးဝန်ထမ်း တို့သည် ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှ ဆေးကုသမှု ပေးပြီး ပြန်လာ ချိန်တွင် ဆေးဝန်ထမ်း ကျင့်ဝတ် ကင်းမဲ့စွာ မကြေနပ်သည့် ဟန်အမူ အယာများ တွေ့လိုက် ကြရရာ ဆရာဝန် ကလေးများ အံ့သြ ထိတ်လန့် ခဲ့ရသည် ဟုဆို၏။ ထို့ကြောင့် ထိုအစီစဉ်ကို ဆရာဝန် လေးများ လုံခြုံရေး အတွက် ခေတ္တ ရပ်ဆိုင်း လိုက်ရသည်။ 

ယ္ခု ရက်ပိုင်း အတွင်း အခြေအနေ အတန်ငယ် အေးချမ်း လာသောကြောင့် ဆရာဝန် အသင်းမှ ရခိုင် ဒုက္ခသည် စခန်းများသို့ ဆရာဝန်များ စေလွှတ်၍ ဆေးကုသမှု ပေးစေရာ တွင်လည်း ရိုဟင်ဂျာ ဒုက္ခသည် စခန်း များသို့ သွားရောက် ကုသမှု ပေးသူ ဆရာဝန် တည်းခိုသည့် အိမ်ကို ခဲပေါက် ခံရခြင်းနှင့် ဝိုင်းဝန်း ဆန္ဒပြခြင်းများ တွေ့ကြုံရ ကြောင်းကြား သိရပါသည်။

လူမျိုးရေး ပဋိပက္ခ ဖြစ်နေသော နေရာတွင် ဆေးဝန်ထမ်း တို့၏ ပေးသော ကျန်းမာရေး စောင့်ရှောက် မှုသည် နှစ်ဖက် စလုံးတွင် ညီမျှမှု (Medical Neutrality) ရှိရမည် ဆိုသည့် အချက်ကို ဆရာဝန် အသင်းမှ ဆရာဝန် များက လက်တွေ့ ကျကျ လိုက်နာ သည်ကို အဘယ် အတွက်ကြောင့် ဒေသခံတို့က အ ပြစ် မြင်နေ ကြသနည်း။

(ဃ) ဘက်လိုက်ခြင်း (Bias) ။ ။ စစ်တွေ ဆေးရုံမှ ဆေးဝန်ထမ်း တို့သည် သမား ကျင့်ဝတ်နှင့် ကျမ်းကျိမ် ခဲ့ရသည် တို့ကို မေ့လျှော့ သွားသည် အထိ ရိုဟင်ဂျာ တို့အပေါ် အမုန်း ပွားကြ လေ ရာ ဒေါက် တာ ဒေါ်ခင်စောဝင်း သည်လည်း ရခိုင် လူမျိုး ဖြစ်လေ သောကြောင့် Ethics ကတားမြစ်သော ဘက်လိုက် မှု (Bias) ဖြစ်သွား လေသလားဟု စေ့ငု နေမိပါသည်။ 

လက်ရှိ မွတ်ဆလင်ကို အလွန် မုန်းသော အစိုးရပင် ပြန်လည် သုံးသပ်ပါဦး ဟုဆိုကာ မဆုံးဖြတ် ရ သေးသော Two Child Policy ပြဿနာကို ဦးဘအောင်တို့ တသိုက် ထောက်ခံချက် မြန်လွန်း သည်ဟု ထင်ပါသည်။ အလွန်ရှုပ်ထွေးသောပြဿနာ(Issue)ကြီးတစ်ခုကို ခပ်လွယ်လွယ် အပေါ်ယံ ရှပ် ဆွေးနွေးပြီး အဖြေ မထုတ်သင့်ပါ။

(င) Pantient Centered ။ ။ လူနာနှင့် လူနာ၏ ဂုဏ်သိက္ခာ (Dignity)၊ ဘာသာ၊ နိုင်ငံရေး ယုံကြည်ချက်၊ ယဉ်ကျေးမှု ဓလေ့စရိုက် စသည်တို့ကို ဗဟိုပြု စဉ်းစားရန် အရေးကြီး ပါသည်။

ရခိုင်ပြည်မှ ရိုဟင်ဂျာ အမျိုးသမီး များကို ခလေး နှစ်ယောက် မွေးပြီးနောက် သားကြော ဖြတ်ခွင့် ပေးခြင်း ကို အထူး အခွင့်ရေး ပေးသည် ဟုထင်၍ အခြား ပြည်နယ် များမှ အမျိုးသမီး များက သူတို့ကိုလည်း ခလေး နှစ်ယောက် မွေးပြီးနောက် သားကြော ဖြတ်ပေးရန် ဆန္ဒပြ တောင်းဆို လာလျှင် လိုက်လျှော နိုင် ပါ မည်လား။

သန္ဓေ တားရန် အသုံး ပြုသည့် မည်သည့် နည်းမဆို ၁၀၀% ကိုယ်ဝန် မရရန် အာမ မခံနိုင်ပါ။ Failure rate ရှိပါသည်။ ပိုမို သေချာအောင် သားကြောဖြတ် လိုက်သည် ထားဦး၊ အမျိုးသမီး များတွင် ဥပြွန် မှားဖြတ်၍ သော်၎င်း၊ ယောကျာင်္ံး များတွင် သုတ်ပြွန် မှားဖြတ်၍ သော်၎င်း၊ သားဆက်ခြားထား သော်လည်း သားသမီး ရနိုင် ပါသေးသည်။ Technical Failure ကြောင့် ထိုသို့ ရရှိလာသော နှစ်ဦးထက် ပိုလာသည့် ခလေး အတွက် မိဘ များကို ထောင်ချလျှင် တရားပါသလား။ မွေးလာသော ထိုခလေး ကို ကျောင်း တက်ခွင့် မပေးလျှင် တရား ပါသလား၊ ထိုကိုယ်ဝန် (Unwanted or Illegal Pregnancy) ကို တရားဝင် ဖျက်ချခွင့် ပေးမှာလား။ ဒါဆိုရင် အခြား ပြည်နယ်များက အမျိုးသမီးများ လွယ်ထားသော Unwanted Pregnancy များကိုရော တရားဝင် ဖျက်ချပေးမှာလား၊ ဒါမှမဟုတ် သေချာ သည်ထက် သေချာအောင် Ethics ကခွင့်မပြုသည့် ရိုဟင်ဂျာ ယောကျာင်္း များကို ဝှေးစေ့ဖြတ် သင်းကွပ်ခြင်း (Castration) လုပ်ဖို့ ဒေါက်တာ ဒေါ်ခင်စောဝင်း တိုက်တွန်း အကြံပေး မည်လား။ ထိုမေးခွန်း များကို အရင် စဉ်းစားပြီး မှသာ ဥပဒေ တစ်ခု ပြုသင့် ပါသည်။

မှတ်ချက်။ ။ ၈ လေးလုံး ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက မတရားမှု တို့ကို မေးခွန်းများ မေးခြင်းဖြင့် အလွယ် တကူ ကာကွယ် တားဆီး နိုင်သည် ဆိုသောကြောင့် မေးခွန်းများ တရစပ် မေးနေ ရခြင်း ဖြစ် ပါ သည်။

(စ) Religion and Culture ။ ။ သမား ကျင့်ဝတ်သည် လူနာ၏ ဘာသာရေး၊ နိုင်ငံရေး ယုံကြည်ချက်နှင့် ယဉ်ကျေးမှု အလေ့ အထ တို့ကို အလေး ထားရန် ညွှန်ပြ ထားပါသည်။

လူနာ ကောင်းကျိုး အတွက် ဟုဆိုကာ ဟီဗရူးနှင့် ယေဟောဝါ ဘာသာဝင် တို့ကို သွေးသွင်း ကုခြင်း ပြု လုပ်ခွင့် မရှိပါ။ Patient has the right to refuse treatment. ဟုဆို၏။ 

ဥပမာ ပေးသည့် အနေဖြင့် ကျွန်ုပ်၏ အတွေ့ အကြုံ တစ်ခုကို ပြောပြချင် ပါသည်။ တနေ့တွင် ကျွန်ုပ် ၏ ဆေးခန်းသို့ ကုလားထိုင် ပေါ်မှ လိမ့်ကျ၍ ခေါင်းပေါက် သွားသော ၁ နှစ်ခွဲ အရွယ် ဆံပင် ရှည်ရှည် ဟိန္ဒူ ခလေးငယ် တစ်ဦးလာ ပြရာ ကျွန်ုပ်က Dressing လုပ်ရန် အတွက် ဆံပင်ကို ညှပ်ဖို့ ပြင်ဆင် နေစဉ် အတူပါသူ ခလေး၏ မိခင်က ဟိန္ဒူ ဘာသာတွင် အသက် ၂ နှစ်ပြည့်မှ ဆံပင် ရိတ်ရ ပါသည် ဟု ပြော လာ သောကြောင့် ဆံပင်ကို မဖြတ်၊ မရိတ်ဘဲ ဆေးကုသမှု ပေးခဲ့ ရပါသည်။

ပဋိသန္ဓေ တားပေးသော မိသားစု စီမံကိန်း ဆေးခန်း (Family Planning Clinic) များကို ရိုမန် ကက်သလစ် ဘာသာဝင်တို့ တိုက်ခိုက် လေ့ရှိ သည်ကို အမေရိကားတွင် နေထိုင်သော ဒေါက်တာ ဒေါ်ခင်စောဝင်း သိပါ လိမ့်မည်။ ရခိုင်ပြည်တွင် ရှိသော ကက်သလစ် ဘာသာဝင် အမျိုးသမီး တစ်ဦးကို သားဆက်ခြားရန် အတွက် ဒေါက်တာ ဒေါ်ခင်စောဝင်း ကျန်းမာရေး ပညာပေးလျှင် လက်ခံမည်ဟု ထင်ပါ သလား။ ဒါမှမဟုတ် လူနာ ကောင်းကျိုး အတွက် ထိုကက်သလစ် ဘာသာဝင် အမျိုသမီးကို အတင်း အဓမ္မ ဥပဒေ ပြု၍ သားဆက် ခြားပေးမည်လား၊ သားကြော ဖြတ်မည်လား။ ကက်သလစ် ဘာသာဝင် အတွက် Ethics ရှိပြီး ရိုဟင်ဂျာ အမျိုးသမီးများ အတွက် Ethics မရှိဟု ဆိုလျှင် ဒေါက်တာ ဒေါ်ခင်စောဝင်း တယောက် နာဇီ လက်သစ် ဖြစ်သွား ပါလိမ့်မည်။

ဒေါက်တာဒေါ်ခင်စောဝင်းအနေဖြင့် မွတ်ဆလင်များကို မုန်းချင်လျှင် မုန်းနိုင် ပါသည်။ သို့သော် ဆေး လော ကကြီး ဂုဏ်သရေ တင့်စေရန် သမား ကျင့်ဝတ် တို့ကိုတော့ ခါးဝတ် ပုဆိုး ကဲ့သို့ မြဲစေ ချင်ပါသည်။

ဘက်လိုက်ပြီး တစ်ဖက် စောင်းနင်း ရေးတတ်သော ဥပဒေနှင့် လူကို လူလို ရှု့မြင်သော ဆေးပညာ ကျင့်ဝတ် တို့သည် တခါတရံ ထိပ်တိုက် ရင်ဆိုင် ဆန့်ကျင်ဖက် ဖြစ်နေ လေ့ရှိ ပါသည်။ နိုင်ငံ တကာတွင် လုပ်ရန် လွယ်ကူ သော Therapeutic Abortion ကို မြန်မာ နိုင်ငံတွင် လုပ်ပေးရန် အလွန် ခဲယဉ်း လက်ဝင် သည်ကို ဒေါက်တာ ဒေါ်ခင်စောဝင်း သိပါသည်။ သမား ကျင့်ဝတ် အထက်တွင် ဥပဒေ ရှိသည်ဟု ဆိုသည့် စကားရပ် အတွက် အကောင်းဆုံး ဥပမာ ဖြစ်ပါသည်။

အော်ကြီး ဟစ်ကျယ် ပြန်လည် တောင်းပန် သင့်သည်။ 

၈ လေးလုံး ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက မတရားမှု များကို မေးခွန်း မေးခြင်းဖြင့် ဆန့်ကျင်နိုင် သည်ဟု ဟောပြော ပါသည်။

အကယ်၍သာ ဒေါ်အောင်ဆန်း စုကြည်က လက်ခံမည် ဆိုလျှင် ဤကိစ္စနှင့် ပတ်သက်၍ ဦးခင်မောင်ငြိမ်း၊ ဦးအောင်မိုးဝင်း နှင့် ဒေါက်တာ ခင်စောဝင်းတို့ ၃ ဦးသည် ဒေါ်စုနှင့် မျက်နှာ ချင်းဆိုင် အကြေ အ လည် ပြောဝန့် (Debate လုပ်ဝန့်) ပါသလားဟု မေးလိုက် ချင်ပါသည်။ 

မည်သူ့တွင် တာဝန် ရှိသည် ဖြစ်စေ ဤကိစ္စနှင့် ပတ်သက်၍ သမိုင်းတွင် နာဇီ အဖြစ် သတ်မှတ်မှု မခံ ရ စေ ရန် RFA သတင်းဌာန၊ ဒေါက်တာ ခင်စောဝင်းနှင့် ဦးအောင်မိုးဝင်းတို့ အလျှင် အမြန်နှင့် ကျယ် ကျယ် လောင်လောင် ၃ ရက်ခန့် ဆက်တိုက် တောင်းပန် သင့်ပါသည်။

အကြံပေးရင်း တောင်းဆို ချင်ပါသည်။ 

(၁) မြန်မာနိုင်ငံ အကျဉ်းထောင် များအတွင်းတွင် နိုင်ငံရေး အကျဉ်း သမား မရှိပါဟု ဇွတ်ငြင်း ခဲ့သော သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ယ္ခင်ခေတ် အဆက်ဆက်က (၎င်းကိုယ်တိုင် ပါသော ခေတ်က) နိုင်ငံရေးနှင့် ရာဇတ်မှုတို့ကို ရောထွေးကာ တရားစီရင် ခဲ့မှုများကြောင့် ထောင်ကျ ခံနေရသော နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပါ တော့မည်ဟု ဇွန်လ ၄ရက်နေ့ ညနေပိုင်းတွင် ကြေငြာ ခဲ့ပါသည်။

မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာ လူမျိုး မရှိပါဟု တစ်ချိန်လုံး ငြင်းဆို နေရာမှ ထိုင်းနိုင်ငံတွင် လုပ်သော ဖိုရမ် တစ်ခုတွင် ရခိုင် လူမျိုး သမိုင်းဆရာ ဒေါက်တာ အေးချမ်းက သမိုင်းဝင် ရှေးဟောင်း ရိုဟင်ဂျာ လူမျိုး ဆိုသည်မှာ ရခိုင် ဗုဒ္ဓဘာသာဝင် များကို ခေါ်ဆိုခြင်း ဖြစ်ကြောင်း ဇွတ်ရော အဓမ္မပါ ကြေငြာ ပါတော့သည်။

အထက်ပါ ဦးသိန်းစိန်နှင့် ဒေါက်တာ အေးချမ်း တို့၏ လုပ်ရပ် များကို အခြေခံ စဉ်းစားသော် မူလ ဒေသခံ ရိုဟင်ဂျာနှင့် ခိုးဝင်လာသူ ဘင်္ဂလီ များကို ရောထွေး ပြဿနာ ရှာနေမှု များကို ရပ်တန့်ပြီး သမိုင်း ဝင် ဒေသ ခံ ရိုဟင်ဂျာ တို့ကို မြန်မာ နိုင်ငံသား အဖြစ် အသိ အမှတ် ပြုပါတော့ မည်ဟု တနေ့ နေ့ တွင် ကြေငြာရန် အလား အလာ ရှိပါသည်ဟု ဒဿနိက ဗေဒ (Logic) နည်းဖြင့် တွက်ကြည့် လျှင် မမှားနိုင်ကြောင်း သမိုင်း ကို နှံ့စပ် သူတိုင်း သိပါ လိမ့်မည်။ ထိုအချိန်တွင် ရိုဟင်ဂျာ များအတွက် Two Child Policy ပြဌာန်း သူနှင့် ထောက်ခံ သူတို့ ဒုက္ခ တွေ့မည်ကို မြင်ယောင် နေမိ ပါသည်။

(၂) ယနေ့ ခေတ်သည် နာဇီ ဟစ်တလာခေတ် မဟုတ်သောကြောင့် လူသားတို့ အတွက် သာမက တိရိစ္ဆာန် တို့ အတွက် ကုသရေးနှင့် ဆေးသုတေသန ဆိုင်ရာ ဥပဒေ များကို ပြဌာန်း သည့်အခါ ဥပဒေ ပညာရှင် တို့သည် သမား ကျင့်ဝတ် (ဆေးပညာ ကျင့်ဝတ်) ပညာရှင် များနှင့် ညှိနှိုင်း ရေးဆွဲ ပြဌာန်း ကြရပါသည်။ 

(၃) M.B.,B.S အောင်ရုံ၊ MRCP ရရုံမျှနှင့် သမား ကျင့်ဝတ်များ တတ်သိ နားလည်ပြီဟု မမှတ်ယူ သင့်ပါ။ ဆေးသုတေသနနှုင့် ကုသရေး အပိုင်းတွင် သာမက ကိုယ်ခန္ဓာ အစိတ် အပိုင်းများ အစားထိုး ကု သခြင်း ဆိုင်ရာ ကျယ်ဝန်းသည့် ဆေးပညာ ကျင့်ဝတ် (Medical Ethics) များကို သီးသန့် အထူး ပြု လေ့လာ ထားမှသာ ကျင့်ဝတ် ချိုးဖေါက် မှုများကို ချက် (ဂျက်) ကျကျ ထောက်ပြ နိုင်ပါမည်။

ထို့ကြောင့် ဆရာဝန်တိုင်း သိသင့်သည့် Medical Governance and Humanity workshop ကို ဇွန် ၁၇၊ ၁၈၊ ၁၉ သုံးရက် တိတိ မြန်မာနိုင်ငံ ဆရာဝန် အသင်း တိုက်တွင် အထွေထွေ ရောဂါကု အသင်း ဆေးပညာ ကျင့်ဝတ် ကော်မတီမှ ဦးစီးကျင်းပရန် ရှိပါသဖြင့် ဒေါက်တာ ဒေါ်ခင်စောဝင်း တက်လို ပါက myintoogp@gmail.com ကိုဆက်သွယ်ကာ စာရင်း ပေးသွင်း နိုင်သည့် အကြောင်း သတင်းကောင်း ပါးအပ် ပါသည်။

(၄) RFA မှ ဦးခင်မောင်ငြိမ်းကို အကြံ ပေးချင် ပါသည်။ ဆေးပညာရှင် သမား ကျင့်ဝတ် များနှင့် ပတ်သက် လျှင် Ethics ပညာရှင် များဖြစ်သော မာမီကြီး ဒေါက်တာ ဒေါ်မြင့်မြင့်ခင်၊ ဒေါက်တာ ဦးရဲသွေး၊ မှုခင်း ဆရာဝန်ကြီး ဒေါက်တာ ဦးသိန်းဇော်၊ ဒေါက်တာ ဒေးဗစ်ကျော်နှင့် လူငယ် လက်တက် ဒေါက်တာ မြင့်ဦး (ဂျီပီ) တို့နှင့် ဒုတိယ ဆွေးနွေးခြင်း (Second Consultation) မလုပ်ဘဲ မထုတ်လွှင့် သင့်ကြောင်း RFA အသံလွှင့် ဌာနကို အကြံ ကောင်း တစ်ခု ပေးချင်ပါသည် ခင်ဗျား။

Comment ရေးရန်

Rohingya Exodus