နိုင်ငံတကာသို့ လိမ်ညာ၍ အလှူခံရန် စစ်တွေမြို့၌ ဓါတ်ပုံ ရိုက်ကူး
RB News
5.6.2013
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေ မြို့တွင် ယမန်နှစ်က အကြမ်းဖက် မှုများ ဖြစ်ပွား ပြီးနောက် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားသည့် ဒုက္ခသည် ကလေးများမှာ အစိုးရ ကျောင်းများတွင် ပညာဆက်လက် သင်ကြားခွင့် မရတော့ဘဲ ဒုက္ခသည် စခန်းများတွင် ကိုယ်ထူ ကိုယ်ထ ထူထောင် ထားသော စာသင်ကျောင်း များတွင် စေတနာ့ ၀န်ထမ်း များဖြင့် သင်ကြား နေရသည်။ အချို့ ဒုက္ခသည် စခန်းများတွင် ရှိသော်လည်း အချို့ ဒုက္ခသည် စခန်းများတွင် မရှိသော်လည်း ကလေး အချို့မှာ ပညာရေးနှင့် လုံးဝ ဝေးလျက် ရှိနေသည်။
ပြည်နယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရသည် ရိုဟင်ဂျာ လူမျိုး များ၏ လိုအပ်ချက် များကို ဖြည့်ဆည်း မပေး သော်လည်း နိုင်ငံ တကာ ရှေ့မှောက်တွင် ဖြည့်ဆည်း ပေးသယောင် ပြုလုပ်၍ ငွေကြေး အကူအညီ များတောင်း ခံလျက် ရှိသည်။ ဒုက္ခသည် ကလေးများ ပညာသင်ကြားရေး ကိုတစ်စုံ တစ်ရာ စီစဉ် မပေး သော်လည်း ယခုအခါ နိုင်ငံတကာ သို့ပြသရန် အတွက် ကိုယ်ထူ ကိုယ်ထ စာသင်ကျောင်း များသို့ ပြည်နယ် ၀န်ကြီး တစ်ဦးနှင့် ဆရာမ ၅ ဦး လာရောက်၍ လိုအပ်သည့် အနေ အထား များတွင် သရုပ်ဆောင်၍ ဓါတ်ပုံ ရိုက်ကူး သွားကြောင်း သတင်း ရရှိပါသည်။
“ဒီနေ့ ပြည်နယ် ၀န်ကြီးနဲ့ ဆရာမ ၅ ယောက်တို့ မွတ်စလင် ရွာတွေမှာ ရှိတဲ့ ကိုယ်ထူ ကိုယ်ထ ကျောင်းတွေ ကိုသွားပြီး ကျောင်းဆရာမ သရုပ်ဆောင် လုပ်ကြတယ်။ ဘုမေကျောင်းက ကျောင်းသားလေး နှစ်ယောက်ကို ကျောင်းသုံး စာအုပ်တွေ အစုံပေးနေတဲ့ပုံ ဓါတ်ပုံ ရိုက်ယူတယ်။ ပြီးတော့ အဲဒီ ဆရာမတွေက စာသင်နေတဲ့ ပုံစံ လုပ်ပြီး ကလေးတွေနဲ့ အတူ ဓါတ်ပုံ ရိုက်တယ်။ ပြီးတော့ ပြန်သွားကြတယ်” ဟု စစ်တွေမြို့မှ ဒေသခံ တစ်ဦးမှ RB News သို့ပြောသည်။
“ဒါက စစ်တွေမှတင် မဟုတ်ဘူး။ ဇတ်လမ်း ပေါင်းစုံ လုပ်ပြီး ဗီဒီယို ရိုက်နေတာ ရှိသလို၊ ဓါတ်ပုံ ရိုက်နေတာ လည်းရှိတယ်။ အဓိက မျောက်ပြပြီး ဆန်တောင်းဖို့ပေါ့။ အရှေ့အလယ် ပိုင်းက မွတ်စလင် နိုင်ငံတွေက ချမ်းသာ တယ်လေ။ အဲဒီလို ဒရမာတွေ ပြပြီး ငွေတောင်း ဖို့ပေါ့ဗျာ” ဟု ဒေသခံမှ ဆက်လက် ပြောသည်။