နောက်ဆုံးသတင်း/ဆောင်းပါးများ

သမိုင်းမှတ်တိုင်

ဌေးလွင်ဦး
RB News
21.7.2013

မြန်မာ့ ထီးနန်းကို ကာကွယ်ဘို့ ကျုပ်တို့ မွတ်ဆလင်တွေ ရှေ့တန်းက ပါဝင် ခဲ့တယ်။ မြန်မာ့ လွတ်လပ်ရေး ရရှိဘို့ ကျုပ်တို့ မွတ်ဆလင်တွေ ရှေ့တန်းက ပါဝင်ခဲ့တယ်။ ဒီမိုကရေစီ တိုက်ပွဲမှာ ကျုပ်တို့ မွတ်ဆ လင်တွေ ရှေ့ တန်းက ပါဝင် ခဲ့တယ်။ ရွှေဝါရောင် တော်လှန်ရေး မှာလည်း တိုင်းပြည် အပေါ် စေတနာ ထား တဲ့ ဦးဇင်းများကို ကျုပ်တို့ မွတ်ဆလင်တွေ ရှေ့ဆုံးက ကူညီပေး ခဲ့တယ်။ ဒါတွေဟာ သမိုင်းမှာ ပနက် ရိုက် ထားတဲ့ မှတ်တိုင် တွေပါ။

အခုအခါ မြန်မာ တစ်ပြည်လုံးမှာတန်းတူညီမျှအခွင့်အရေးတွေ ဆုံး ရှုံး ပျောက် ကွယ် နေတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ တန်းတူညီမျှ အခွင့် အရေး ကို တွန့်တို နေတဲ့ အာဏာ မက်မောသူ တစ်စုနဲ့ မျက်ကန်း အမျိုးသားရေး ၀ါဒီတွေက သမိုင်း မှတ်တိုင် စိုက်ထူ ခဲ့တဲ့ မွတ်ဆလင် တွေကို သမိုင်း လိမ် ဖျောက်ဖျက်ပြီး- သမိုင်းထဲက ဆွဲထုတ် ပြီး လူမျိုးတုံး သတ်ဖြတ် မှုကို စတင်ချိန်မှာ ကျုပ်တို့ဘက်က ရပ်တည် ပေးသူလို့ ရှာမတွေ့ ရသလောက်ပါ။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပြီး ကိုယ့်သတ္တိ နဲ့ကိုယ် ရပ်တည် ခဲ့ရတယ်။ မွတ်ဆ လင်တို့ အကြီး အကျယ် နှိပ်ကွပ် သတ်ဖြတ် ခံနေရ ချိန်မှာ လူမျိုးရေး ဘာ သာရေးကို မကြည့်ဘဲ အမှန် တရားဘက်က ပြတ်ပြတ် သားသား ရပ်တည် ပေးခဲ့တဲ့ ဒေါက်တာ ဇာနည်လို ပုဂ္ဂိုလ်မျိုး၊ ရှေ့နေ ဦးအောင်ထူးလို ပုဂ္ဂိုလ် မျိုးနဲ့ တောင်ကုတ် ဇာတိ ဦးဇင်း ဦးပညာဝံသ လို ပုဂ္ဂိုလ်မျိုးနဲ့ ကျုပ်တို့ ဘက်က လျှို့ဝှက် ကူညီပေး ခဲ့တဲ့ ပုဂ္ဂိုလ် တွေကို အထူး အသိ အမှတ်ပြု ဂုဏ်ယူ ပါတယ်။ 

တစ်ပြိုင် နက်ထဲမှာ အတု အလိမ် သမိုင်း မှိုင်းတိုက်မှု၊ ဘာသာရေး မှိုင်းတိုက်မှုနဲ့ အမျိုးသားရေး ၀ါဒ မှိုင်းတိုက် မှုကို ခံခဲ့ ရသလား၊ ခံယူ လိုက်သလား မပြော နိုင်တဲ့ လူ့အသင်း အဖွဲ့ ခေါင်းဆောင် တစ်ချို့ အတွက်တော့ စိတ်မကောင်း ဖြစ်မိ ခဲ့ပါတယ်။ သို့သော်လည်း အခု နောက်ပိုင်း ဖုံးမရ နိုင်တဲ့ အမှန် တ ရား ပေါ်ပေါက် လာတဲ့အခါ- အဲ့ဒီ အမှန် တရားကို ဦးဦး ဖျားဖျား လက်ခံ ပေးတဲ့ ခေါင်းဆောင်များ၊ လူမှုရေး အသင်း အဖွဲ့မှ ပုဂ္ဂိုလ်များ၊ ဦးဇင်း များကိုလည်း ကျေးမစွပ်ဘဲ- ကျေးဇူး အထူး တင်လျှက် အသိ အမှတ် ပြုပါတယ်။ 

ကျုပ်တို့ တောင်းဆို နေတဲ့ တန်းတူညီ အမျှ အခွင့် အရေး ဆိုတာ- ရိုဟင်ဂျာ များအတွက်၊ မြန်မာ မွတ်ဆလင်များ အတွက် သီးသန့် မဟုတ်ပါ။ တစ်တိုင်းပြည် လုံးအတွက် ဖြစ်ပါတယ်။ တန်းတူ ညီမျှ အခွင့် အရေး မရှိရင် ၂၀၀၈ ဖွဲ့စည်းပုံ ဟာလည်း ဒီအတိုင်းပဲ ရှိနေမယ်။ စစ်သားနဲ့ အရပ်သားကြား ခွဲခြားမှုတွေ ရှိနေပြီး အရပ်သား ဘက်က ဘယ်တော့မှ သမ္မတ ဖြစ်လာ စရာ မရှိ သလို-၊ လူမျိုးကြီး ၀ါဒ မှိုင်းမိ ဘ ၀င် မြင့် နေတဲ့ လူတစ်စုနဲ့ တိုင်းရင်းသား များ အကြား ခွဲခြား ထားတဲ့ ဥပဒေ တွေက မင်းမူ နေဦး မှာပါ။ ဒါတွေ အားလုံးကို ဖျောက်ဖျက် ဘို့ရာ တန်းတူညီမျှ အခွင့် အရေး လိုအပ် ပါတယ်။ ဒါကို မြန်မာ တစ်ပြည် လုံးက တိုင်းသူ ပြည်သားတွေ သတိ ထားမိ စေလို ပါတယ်။ 

ကျုပ်တို့ဟာ ရိုဟင်ဂျာနဲ့ မြန်မာ မွတ်ဆလင်တို့ အတွက်သာ လှုပ်ရှား ဆောင်ရွက် ခဲ့တာ မဟုတ်ပါ။ ကချင် ပြည်နယ် အတွင်းက ခရစ်ယာန် ဘုရား ကျောင်းပေါင်း ၆၄ ကျောင်းကို ဖျက်ဆီး ခံရပြီး ကချင် လူမျိုး များကို အနိုင်ကျင့် သတ်ဖြတ် ခဲ့မှု အတွက်လည်း ပုပ်ရဟန်း မင်းကြီး ဆီထိ သိအောင် လုပ်ဆောင် ပေးခဲ့ ပါတယ်။ ချင်း လူမျိုးများ၊ ကရင် လူမျိုး များရဲ့ ဒုက္ခ အ၀၀ ကိုလည်း UN ထဲ ထိ ရောက်အောင် အသိ ပေးနိုင် ခဲ့ပါတယ်။ ဒီထက် မက အရှေ့ အလယ်ပိုင်း နိုင်ငံ တွေမှာ ရှိနေတဲ့ လူ နည်းစု ဂျူးဘာသာ ၀င်များနဲ့ ခရစ်ယာန် ဘာသာဝင် များကို ကာကွယ်ပေး ဘို့ရာ အဲ့ဒီ နိုင်ငံ တွေမှာ ရှိနေတဲ့ အလယ် အလတ် ၀ါဒီ လူသား ချင်း စာနာတဲ့ အုပ်စု တွေနဲ့ ပူးပေါင်း ဆောင်ရွက် ပေးနိုင် ခဲ့ပါ တယ်။ ဆက် လက်ပြီး ဆောင်ရွက် နေဆဲလည်း ဖြစ် ပါတယ်။ နောက်ဆုံး မြန်မာ ပြည်သူများ ကြိုက်ချင် ကြိုက် မကြိုက်ချင်နေ- မြန်မာ ပြည်တွင်းက ဗုဒ္ဓဘာသာ လူနည်းစု ဂိုဏ်းဖြစ်တဲ့ ပစ္စေက ကမ္မ ၀ါဒ ဂိုဏ်းကို မတ ရား အနိုင် ကျင့်မှု အပေါ်- ဒီကိစ္စနဲ့ ပတ်သက်ပြီး UN ထဲထိ သတင်း ပေးပို့ တင်ပြ နိုင်ခဲ့ ပါ တယ်။ ရွှေကျင်နဲ့ သုဓမ္မာ မတည့်လို့၊ သုဓမ္မာနဲ့ စတုဘုမ္မိက အသင့်မြတ်လို့- ဆိုတာတွေ ကျုပ်တို့နဲ့ မပတ် သက်ဘူး- ယဉ်ကျေး လာတဲ့ လူ့အသိုင်း အ၀ိုင်းမှာ အယူအဆ မတူတာကို ဆွေးနွေး စကား ဖလှယ်တဲ့ နည်းနဲ့ပဲဖြေရှင်း ရမယ်-ကြီးနိုင် ငယ်ညှင်း ပြုကျင့်လို့ မရဘူး ဆိုတာများကို မြန်မာပြည်သူပြည် သားတွေ နှလုံးသားမှာ စွဲငြိလာ ဘို့လို ပါမယ်။ ဆွေးနွေး ညှိနှိုင်း အယူ အဆ ဖလှယ်တဲ့ နည်းနာ များကို ပစ်ပါယ်ပြီး ကြီးနိုင် ငယ်ညှင်း လုပ်ခြင်းဟာ ရာဇ၀တ်မှု မြောက်ပါတယ်။ 

မြန်မာ တစ်ပြည်လုံးမှာ ၀ရုန်းသုန်း ကားနဲ့ အရေး အရာ ကိစ္စရပ်တွေ အများကြီးပါ။ အဲ့ဒီ အထဲ မှာမှ ကျုပ်တို့က ရိုဟင်ဂျာနဲ့ မြန်မာ မွတ်ဆလင် အရေး ကိစ္စကို ရှေ့တန်းတင် ပြောဆို ရခြင်းက-၊ တစ် တိုင်း ပြည်လုံးက ကိစ္စတွေ ထဲမှာ ရိုဟင်ဂျာနဲ့ မြန်မာ မွတ်ဆလင် များကို ဦးသိန်းစိန် အစိုးရ ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲ ပြစ်မှုက ကမ္ဘာ့ ဥပဒေ အရ လူမျိုးတုံး သတ်ဖြတ်မှု အထမြောက် နေလို့ပါ။ လူမျိုးတုံး သတ် ဖြတ် မှု အထမြောက်ပြီ ဆိုတာ ကိုလည်း ကမ္ဘာ့ လူမျိုးတုံး သတ်ဖြတ်မှု ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် များ က သက်သေခံ ခဲ့ပါပြီ။ ရိုဟင်ဂျာ ဆိုတာ မြန်မာမှာ မရှိ ပါဘူးလို့ လူမျိုး တစ်မျိုး လုံးရဲ့ သမိုင်းကို လူ သိ ရှင်ကြား ဖျောက်ဖျက် လိုက်က တည်းက အဲ့ဒီ အမှုက အထကံ မြောက်ခဲ့ ရတာပါ။ 

ကမ္ဘာ့ ဥပဒေကို ဗဟုသုတ မဲ့စွာနဲ့ သမ္မတရုံးက လူတွေ အားလုံးက ဗြောင်ငြင်းငြင်း နေခြင်းက သူတို့ ကျူးလွန် နေတဲ့ အမှုကို ထပ်ဆင့် ထပ်ဆင့် ၀န်ခံ နေခြင်းသာ ဖြစ်ပါတယ်။ ဒါကို အာဏာ လက်ကိုင် ထားပြီး သူတို့ လုပ်ချင် သလို လုပ်လို့ ရတယ်လို့ ထင်မှတ် နေခြင်းက ကျုပ်တို့ အတွက် ပိုကောင်း သွားပါတယ်။ ကမ္ဘာ့ ခေါင်းဆောင်တွေ ရှေ့မှာ ဒီလို သူတို့က ငြင်းလေ- သက်သေ ခိုင်မာ လေပါပဲ။ ပိုဆိုး တာက- ဦးသိန်းစိန် ကိုယ်တိုင် ပြင်သစ် ရုပ်သံ အမေး အဖြေမှာ လူမျိုးတုံး သတ်ဖြတ်တယ် ဆိုတာ မဟုတ် ပါဘူး-၊ ဒါဟာ အပုပ်ချရန် လှုံ့ဆော်ချက် ဖြစ်တယ် လို့ ပြောလိုက်တဲ့ စကားပါ။ ဒီစကားက Genocide ပြစ်မှု ကျူးလွန်ခြင်း အဆင့် ၈ Denial (ငြင်းဆန်ခြင်း သို့မဟုတ် အမှု ဖျောက်ဖျက်ခြင်း) ကို သက်သေ တည်လိုက်မှု ဖြစ်ပါတယ်။ ဒါဟာ Genocide အမှုမှာ ကျူးလွန်မှု အဆင့် ဆင့်ထဲက နောက်ဆုံး အဆင့်ထိ အထကံ မြောက် သွားပြီလို့ ၀န်ခံ လိုက်ခြင်း ဖြစ်ပါတယ်။ 

စစ်တပ် လက်ကိုင်ပြု အင်အား တစ်ရပ်နဲ့ ရပ်တည် နေတဲ့ အာဏာရှင် အာဏာမက် အစိုးရ တစ်ရပ်ကို ဖြိုလှဲ ဘို့ရာ တစ်ခု တည်းသော နည်းလမ်းမှာ နိုင်ငံတကာ ခုံးရုံး ICC ဖြစ်ပါတယ်။ လက်ရှိ မြန်မာ အစိုးရနဲ့ ရာဇ၀တ်ကောင် တွေကို ICC တင်ဘို့ တစ်ခု တည်းသော နည်းလမ်းက လူမျိုးတုံး သတ်ဖြတ်မှု Genocide ဖြစ်ပါတယ်။ လူယုတ် မာ တစ်စုကို မရှင်းပစ် နိုင်ရင် လူကောင်း သူကောင်းတွေ အတွက် အနာ ဂါတ်ဟာ အလှမ်း ဝေးနေ ဦးမှာပါ။ ပြည်သူတွေ အနေနဲ့ လူယုတ်မာများ အာဏာ တည်မြဲအောင် ရပ် တည် နေမလား-၊ သို့မဟုတ် လူယုတ်မာ တစ်စု ကို အပြစ်ပေးတဲ့ ဘက်က ရပ်တည်မလား- ဆိုတဲ့ သမိုင်း မှတ်တိုင် ကိုတော့ ပြည်သူတွေ ကိုယ်တိုင် ရွေးချယ်ခွင့် ရှိပါတယ်။ ဒါဟာ သမိုင်း မှတ်တိုင် ပါပဲ။ 

ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ 
အမေရိကန် ပြည်ထောင်စု

Comment ရေးရန်

Rohingya Exodus