March 17, 2025
 Roh

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

စစ်တွေရှိ ရိုဟင်ဂျာ ဒုက္ခသည် များထံမှ ကွန်ပျူတာနှင့် ဖုန်းများကို ရဲများက သိမ်းဆည်း

စစ်တွေမြို့ သဲချောင်း ဒုက္ခသည် စခန်း
RB News
26.7.2013

စစ်တွေ ။ ။ ရခိုင် ပြည်နယ်၊ စစ်တွေမြို့ရှိ မွတ်စလင် ဒုက္ခသည် စခန်းများသို့ ညစဉ် ညတိုင်း ရဲများ ၀င်ရောက် စီးနင်းပြီး လပ်တော့ ကွန်ပျူတာ များနှင့် ဖုန်းများ သိမ်းဆည်း နေကြောင်း ယနေ့ထုတ် မြန်မာတိုင်းမ် သတင်း အင်္ဂလိပ်ပိုင်း အင်တာနက် စာမျက်နှာတွင် ရေးသား ဖော်ပြထား ပါသည်။ 

ထိုကဲ့သို့ ၀င်ရောက် စီးနင်း၍ သိမ်းဆည်း နေခြင်းမှာ နိုင်ငံခြား သားများ၊ အဖွဲ့အစည်း များနှင့် ဆက်သွယ် နေမှု များကို ထိန်းချုပ်ရန် ဖြစ်သည်။ ဒုက္ခသည် စခန်းရှိ ရိုဟင်ဂျာ မွတ်စလင် များကို သွားလာခွင့် ကန့်သတ် ထားပြီး၊ အချို့သော သူများသာ အင်တာနက်ဖြင့် နိုင်ငံတကာသို့ ဆက်သွယ် နိုင်ကြသည်။ 

သက္ကေပြင် ဒုက္ခသည် စခန်းမှ အမည် မဖော်လိုသော ဒုက္ခသည် တစ်ဦးမှ ဇွန်လ အစောပိုင်း မှစ၍ ရဲများ တပတ် အတွင်း အကြိမ်ပေါင်း များစွာ လာ၍ ဒုက္ခသည် စခန်း အတွင်းရှိ လပ်တော့ ကွန်ပျူတာ များနှင့် အင်တာနက် သုံးစွဲ နိုင်သော ဖုန်းများကို ရှာဖွေ ခဲ့သည်ဟု ပြောကြားသည်။ သို့သော်လည်း ရခိုင်ပြည်နယ် အစိုးရ ပြောရေး ဆိုခွင့် ရှိသူမှ ဤကိစ္စကို ငြင်းဆန် လိုက်ကြောင်း အဆိုပါ သတင်းတွင် ရေးသား ဖော်ပြ ထားသည်။ 

ရဲများ လာရောက်ပြီး ကြမ်းကြမ်း တမ်းတမ်း စစ်ဆေး မေးမြန်းခြင်း၊ ရိုက်နှက်ခြင်း များပြုလုပ် သည်ဟု အမည် မဖော်လိုသော ဒုက္ခသည်မှ ပြောသည်။ ရဲများမှ လာရောက် ရှာဖွေသည့် အချိန်တိုင်းတွင် အင်တာနက် သုံး၍ သတင်းမှား များဖြန့် နေသည်ဟု စွပ်စွဲကြောင်း ၎င်းက ဆိုသည်။ 

“သူတို့က ကျွန်တော်တို့ကို နိုင်ငံခြားသား တွေနဲ့ ဆက်သွယ်တာကို ရပ်တန့် စေချင်တယ်” ဟု အမည် မဖော်လို သည့် ဒုက္ခသည်မှ ပြောသည်။ ၎င်းသည် အကြမ်းဖက်မှု များမဖြစ်ပွားမှီက တက္ကသိုလ် ပညာဆည်းပူး နေသော တက္ကသိုလ် ကျောင်းသား တစ်ဦး ဖြစ်သည်။ ၎င်းမှ အင်တာနက်ကို ဥရောပရှိ အစ်ကို ဖြစ်သူနှင့် ဆက်သွယ်ရန်နှင့် မလေးရှားရှိ စာနာ ထောက်ထားသော အုပ်စုများနှင့် ဆက်သွယ်ရန် အသုံးပြုခြင်း ဖြစ်သည်။ 

“ရိုဟင်ဂျာတွေက သူတို့ရဲ့ အတိဒုက္ခ တွေကို နိုင်ငံ တကာကို သိစေချင်လို့ သတင်း အချက် အလက်တွေကို ပေးပို့ ရခြင်း ဖြစ်တယ်” 

ရိုဟင်ဂျာ အရေး လှုပ်ရှားသူ တစ်ဦး ဖြစ်သည့် ဦးအောင်ဝင်းက လွန်ခဲ့သော လတွင် ၈၀ ဦးကျော် ထံမှ ကွန်ပျူတာ များနှင့် ဖုန်းများ သိမ်းဆည်း၍ ဖမ်းဆီး ခဲ့သည်ဟု ဆိုသည်။ 

“ကျွန်တော်လည်း လပ်တော့ သုံးတယ်။ လျှို့ဝှက် သုံးနေတာ။ အဲဒီလိုဘဲ အားလုံးက လျှို့ဝှက် သုံးကြတယ်။ ဒုက္ခသည် စခန်းတွေ အားလုံးမှာ ဒီလိုပါဘဲ”

ဒုက္ခသည် စခန်းများတွင် အခြေခံ လိုအပ်ချက် များဖြစ်သော ရေနှင့် လျှပ်စစ်မီး လုံလောက်စွာ မရှိခြင်းကြောင့်၊ အီလက်ထရောနစ် ပစ္စည်းများ အားဖြည့်ရန် လွန်စွာ ခက်ခဲသည်။ အများစုမှာ ၁၅ ၀ပ်ရှိ နေရောင်ခြည် စွမ်းအင်သုံး အကန့် တကန့်ကို ၁၅၀၀၀ ကျပ်ဖြင့် ၀ယ်ယူ၍ အားဖြည့်ရန် အတွက် သုံးကြသည်။ 

ရခိုင်ပြည်နယ် အစိုးရ ပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ရဲများ ကျူးလွန်သည့် အမှုများကို ၀န်မခံ သည့်အပြင် ဦးအောင်ဝင်းနှင့် အပေါင်း အပါများမှာ ယခုကဲ့သို့ သတင်းမှား များဖြန့်ဖြူးရန် ငွေရသည်ဟု စွပ်စွဲ ပြောဆိုကြောင်း မြန်မာတိုင်းမ်၏ သတင်းတွင် ရေးသား ဖော်ပြ ထားပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus