နောက်ဆုံးသတင်း/ဆောင်းပါးများ

နိုင်ငံတော် သမ္မတရုံး သတင်းထုတ်ပြန်ချက် ၁၀/၂၀၁၃


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

သတင်း ထုတ်ပြန်ရေး အဖွဲ့

သတင်း ထုတ်ပြန်ချက် ( ၁၀ / ၂၀၁၃ )

၁၃၇၅ ခုနှစ် ၊ ဝါဆိုလပြည့်ကျော် ၄ ရက်

( ၂၀၁၃ ခုနှစ် ၊ ဇူလိုင်လ ၂၆ ရက် )


၁။ ပြည်ထောင်စု မြန်မာ နိုင်ငံတော် အစိုးရသည် ပြည်သူ လူထု တစ်ရပ်လုံး၏ ဆန္ဒနှင့် အညီ အေးချမ်း သာယာ၍ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် သစ်ကို စည်းလုံး ညီညွတ် စွာဖြင့် အားကြိုး မာန်တက် တည်ဆောက် လျက်ရှိ ပါသည်။

၂။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ နိုင်ငံသား အားလုံးသည် ဗုဒ္ဓ ဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ် ဘာသာ၊ ဟိန္ဒူ ဘာသာနှင့် နတ်ကိုးကွယ်သည့် ဘာသာ တို့ကို လွတ်လပ်စွာ ကိုးကွယ် ပိုင်ခွင့် ရှိသည်။ သမိုင်းစဉ် တစ်လျောက် မတူညီသော ဘာသာဝင် များအကြား စည်းလုံး ညီညွတ်စွာ သဟဇာတ ဖြစ်ဖြစ် နေထိုင်လျက် ရှိပါသည်။

၃။ ၂၀၁၂ ခုနှစ်၊ မေလက ရခိုင် ပြည်နယ်၌ ဖြစ်ပွား ခဲ့သော ရာဇဝတ် ပြစ်မှု တစ်ခု အပေါ် အခြေခံ၍ လူမှု အသိုက် အဝန်း နှစ်ခု အကြား ဇွန်လနှင့် အောက်တို ဘာလ တို့တွင် ဖြစ်ပျက် ခဲ့သော အကြမ်း ဖက်မှု ဖြစ် စဉ် များသည် နိုင်ငံ တစ်ဝန်းရှိ တိုင်းရင်းသား ပြည်သူများ အတွက် များစွာ စိတ်မချမ်း မြေ့ဖွယ်ရာ ဖြစ်စဉ် များ ဖြစ်ခဲ့ ပါသည်။ ၂၀၁၃ ခုနှစ်၊ မတ်လတွင် မန္တလေး တိုင်းဒေသကြီး၊ မိတ္ထီလာ မြို့၌ ဈေးဝယ် သူချင်း အချင်း များရာ၌ အုပ်စုချင်း အကြမ်းဖက် လုပ်ရပ် များနှင့် ပဲခူးတိုင်း ဒေသကြီးရှိ မြို့နယ် အချို့၌ အကြမ်း ဖက်မှု ဖြစ်စဉ်များ ဖြစ်ပွား ခဲ့သည်။ ၂၀၁၃ ခုနှစ်၊ မေလတွင် ရှမ်းပြည် မြောက်ပိုင်း လားရှိုး မြို့တွင်လည်း ဆူပူသည့် ဖြစ်စဉ် တစ်ရပ် ဖြစ်ပွား ခဲ့သည်။

၎။ မြန်မာ နိုင်ငံတော် အစိုးရသည် ဤဖြစ်စဉ်များ၊ အကြမ်းဖက် မှုများကို အမြန်ဆုံး ရပ်တန့်ရန် နှင့် တရား ဥပဒေ စိုးမိုးရေးကို အချိန်တို အတွင်း ပြန်လည် ထိန်းသိမ်း ဆောင်ရွက် ခဲ့ပါသည်။ ဤသို့ ဆောင်ရွက် ရာတွင်လည်း အင်အား အလွန် အကျွံ သုံးစွဲခြင်း မပြုရန် သတိကြီးစွာဖြင့် ဆောင်ရွက် ခဲ့သလို အကြမ်း ဖက်မှု ကျူးလွန်သူ မည်သူ့ကို မဆို ဥပဒေနှင့် အညီ တားဆီး ဆောင်ရွက် ခဲ့ပါသည်။ ဥပဒေ ချိုးဖောက် သူ များ ကိုလည်း မည်သည့် လူမျိုးနှင့် ဘာသာဝင် မဆို ခွဲခြားခြင်း မပြုဘဲ ကျူးလွန်သည့် ပြစ်မှု အတိုင်း အ တာ အရ ဥပဒေနှင့် ညီညွတ်သော ပြစ်ဒဏ်များ ချမှတ် အရေးယူ ခဲ့ပါသည်။ ဖမ်းဆီး အရေးယူမှု၊ ပြစ်ဒဏ် ချမှတ်မှုများ၊ စစ်ဆေးဆဲ ပြစ်မှုများ ကိုလည်း သတင်းစာ များတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

၅။ မြန်မာ နိုင်ငံတော် အစိုးရသည် သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၊ ရခိုင် ပြည်နယ် အစိုးရ၊ ကုလ သမ ဂ္ဂ အေဂျင်စီများ၊ အိုင်အင်ဂျီအိုများ၊ အင်ဂျီအို များနှင့် ပူးပေါင်း၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသူ များအား ဘာ သာရေး၊ လူမျိုးရေး ခွဲခြားမှု မရှိဘဲ လူသားချင်း စာနာ ထောက်ထားမှု အကူ အညီများ ပေးအပ်ခဲ့ ပါ သည်။ စေတနာရှင် နိုင်ငံ အသီးသီး၏ အစိုးရများမှ တစ်ဆင့် ထောက်ပံ့ ကူညီမှု များကိုလည်း နှစ်ဖက် အသိုက် အဝန်းသို့ မျှတစွာ ထောက်ပံ့ ဖြန့်ဝေ ပေးခဲ့ ပါသည်။ ရခိုင် ပြည်နယ်တွင် ပြည်ထောင်စု အစိုးရက တာဝန်ယူ ဆောက်လုပ် ပေးသော လူနေ အဆောက် အဦ လုံးချင်းအိမ် (၉၆၀) လုံး ဆောက်လုပ်ရန် အ နက် (၉၄၅) လုံး ဆောက်လုပ် ပြီးစီးပြီး၊ တဲတန်းလျား (၁၄၄၃) လုံး ဆောက်လုပ်ရန် အနက် (၁၄၁၃) လုံး ဆောက်လုပ် ပြီး၍ ဒုက္ခသည် များအား နေရာချ ထားပေးပြီး ဖြစ်ပါသည်။ ကုလ သမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့ အစည်း များမှ တာဝန် ယူသော အဆောက် အဦ လုံးချင်းအိမ် (၂၈၂) လုံး ဆောက်လုပ်ရန် အနက် အားလုံး ဆောက်လုပ် ပြီးစီးပြီး၊ တဲတန်း လျား (၉၃၇) လုံး ဆောက်လုပ်ရန် အနက် (၅၃၈) လုံး ဆောက် လုပ် ပြီးစီးပြီး ဖြစ်ပါသည်။ အိုးမဲ့ အိမ်မဲ့ ဖြစ်သူ များအား ပြန်လည် နေရာ ချထားရေး၊ ပြန်လည် ထူထောင်ရေး များကိုလည်း ဆက်လက် အကောင် အထည် ဖော်ဆောင်ရွက် လျက်ရှိ ပါသည်။

၆။ ဗုဒ္ဓ ဘာသာနှင့် မူဆလင် ဘာသာ ဝင်များ အကြား ယုံကြည်မှုနှင့် သဟဇာတ ဖြစ်မှု တို့သည် မြန်မာ ပြည်သူများ အကြား ရေရှည် တည်ငြိမ် အေးချမ်းမှု အတွက် အရေး ကြီးကြောင်း မြန်မာ နိုင်ငံ နိုင်ငံတော် အစိုးရနှင့် လူမှု အဖွဲ့ အစည်းများ၊ ဘာသာရေး အသီးသီးမှ ခေါင်းဆောင် များက ကောင်းစွာ သိမြင် သလို အလေးထား ဆောင်ရွက် နေသည့် ကိစ္စရပ်လည်း ဖြစ်သည်။ မြန်မာ နိုင်ငံတွင် လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် ရှိသကဲ့သို့ အပြန် အလှန် ယုံကြည် လေးစားမှုနှင့် နားလည် စာနာ သည်းခံမှု များရှိရန်လည်း လိုအပ်သည်။ ထို့ပြင် ဘာသာရေး အစွန်း ရောက်သည့် ရန်လို မုန်းတီးမှု များကို ဆန့်ကျင် တိုက်ဖျက် သွားရန် နှင့် ဘာသာရေး ပဋိပက္ခများ ကြီးထွားအောင် မတည် မငြိမ် ဖြစ်အောင် လုပ်ဆောင် နေသူ များကို ဝိုင်းဝန်း ဆန့်ကျင် သွားရန်လည်း လိုအပ် ပါသည်။

၇။ ယနေ့ အချိန် အခါတွင် မြန်မာ နိုင်ငံ၌ တည်ငြိမ် မှုများ ပြန်လည် ရရှိ နေပြီ ဖြစ်သော်လည်း ပြည်တွင်း ပြည်ပမှ အချို့ အဖွဲ့ အစည်း များက မြန်မာ နိုင်ငံ အတွင်း ဘာသာရေး ခွဲခြားမှု၊ လူမျိုးရေး ခွဲခြား မှုများ ပြင်းထန်စွာ ဖြစ်ပွားနေ သကဲ့သို့ ပုံဖော် စွပ်စွဲ မှုများ ပေါ်ပေါက် လျက်ရှိ ပါသည်။ ထိုသို့သော ပုံဖော် စွပ်စွဲမှု များကြောင့် ပြဿနာများ ပို၍ ရှုပ်ထွေး သွားစေ နိုင်မည်ကို သတိပြုသင့် ပါသည်။

၈။ တိုင်းရင်းသား ပြည်သူ လူထုများ၊ နိုင်ငံသားများ အားလုံး လူမျိုး ဘာသာ ခွဲခြားမှု မရှိဘဲ ငြိမ်းချမ်း ညီ ညွတ် စွာဖြင့် သမိုင်းစဉ် တစ်လျောက် ဂုဏ်သိက္ခာ မြင့်မားစွာ နေထိုင် ခဲ့သည့် ပြည်ထောင်စု မြန်မာ နိုင်ငံ ၏ အစဉ် အလာကို စောင့်ထိန်းလျက် အနာဂတ် ကာလ တွင်လည်း ယင်းသို့ ညီညွတ်စွာ နေထိုင် သွားရေးကို ရှေးရှု ဆောင်ရွက် သွားကြ ရမည် ဖြစ်သည်။ တစ်ချိန် တည်းမှာပင် နိုင်ငံရေး၊ စီးပွားရေး၊ စနစ်သစ် တစ်ရပ် အား အောင်မြင်စွာ တည်ဆောက် နိုင်ရေးကို နိုင်ငံသား တိုင်း၏ အဓိက တာဝန် အဖြစ် ခံယူ ကြိုးပမ်း ဆောင်ရွက် သွားကြရန် အလေး အနက် မေတ္တာ ရပ်ခံ တိုက်တွန်း အပ်ပါသည်။

၉။ နိုင်ငံတော် အစိုးရသည် လူမျိုး ဘာသာ မခွဲခြားဘဲ အထက်ပါ ဖြစ်စဉ် များကြောင့် ထိခိုက် နစ်နာ ခဲ့သူ များအား ပြန်လည် နေရာ ချထားရေး၊ ပုံမှန် ဘဝသို့ ပြန်လည် ထူထောင်ရေး၊ ရေရှည် တည်တံ့ ခိုင်မြဲသော သ ဟဇာတ ဖြစ်မှု၊ ငြိမ်းချမ်း မှုကို ဆောင်ကျဉ်း နိုင်ရေး အတွက် စေတနာရှင် နိုင်ငံများ၊ ကမ္ဘာ့ ကုလ သမဂ္ဂ နှင့် နိုင်ငံ တကာ အဖွဲ့ အစည်းများ၊ ပြည်တွင်းမှ စေတနာရှင် အဖွဲ့ အစည်း များနှင့် ပူးပေါင်း ဆောင် ရွက် သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

Comment ရေးရန်

Rohingya Exodus