March 19, 2025
 Ro

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

သတိထားပါ ဦးဥာဏ်ဝင်း

1.7.2013

ဘုရား ဂုဏ်တော်၊ တရား ဂုဏ်တော်၊ သံဃာ ဂုဏ်တော် တွေကို ကိုယ်စား ပြုပြီး သတ္တဝါ အပေါင်းပေါ် ဗြဟ္မစိုရ် တရား လေးပါးနဲ့ ပြည့်စုံတဲ့ ၉၆၉ ကို ဘယ်သူ ကမှ အပြစ် မတင်နိုင် ပါဘူး။ အခု ပြည်တွင်း ပြည်ပမှာ အပြစ် ပြောစရာ ဖြစ်လာ တာက ၉၆၉ ကို အသုံး ပြုပြီး နိုင်ငံသားချင်း မုန်းတီး မှုတွေ၊ ရာဇဝတ် မှုတွေကို လှုံ့ဆော် ကျူးလွန် နေမှု တွေကိုသာ အပြစ်တင် နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ၉၆၉ ကို မကောင်း ဘူးလို့ ပြောကြ ခြင်းဟာ ၉၆၉ သင်္ကေတနှင့် ၉၆၉ ရဲ့ အဓိပ္ပါယ်ကို အပြစ် ပြောခြင်း မဟုတ်၊ ၉၆၉ ကို တစ်လွဲ သုံးပြီး မြန်မာ မွတ်စလင် တွေရဲ့ လူမှု ဘဝ ရပ်တည် ရေးကို ဖျက်ဆီးရေး၊ မုန်းတီး ရေးနှင့် ရာဇဝတ် မှုတွေ ကျူးလွန် ရေးကို လှုံ့ဆော် ကျူးလွန် နေခြင်း ကိုသာ ဖြစ်တယ် ဆိုတာ အသိဉာဏ် ရှိသူတိုင်း သိနိုင် ကြပါတယ်။

ထို့ကြောင့်လည်း ဦးဥာဏ်ဝင်းကို ရိုက်တာ သတင်းထောက်က ၉၆၉ အပေါ် သဘောထား မေးမြန်းခြင်း ဖြစ်ပါတယ်။ မေတ္တာ ဗြဟ္မစိုရ် အသင်း၊ ကိုကျော်သူရဲ့ နာရေး အသင်း အကြောင်းကို မေးနေတာ မဟုတ် ပါဘူး။ ပါတီ ဝင်တိုင်း၊ မြန်မာ နိုင်ငံ သားတိုင်း ဝန်ထမ်း တွေပါ၊ လုပ်ခွင့် ရှိတဲ့ သာမန် လုပ်ရိုး လုပ်စဉ် လူမှုရေး လုပ်ငန်းတွေ အကြောင်းကို မေးနေတာ မဟုတ်ပါဘူး။

ဒါတွေကို သိထားတဲ့ အင်အယ်လ်ဒီ ပြောရေး ဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်းက ဒီလို မေးခွန်း မျိုးကို အထူး သတိ ကြီးစွာ ထားပြီး ဖြေကြားဖို့ လိုအပ် ပါတယ်။ သို့သော် အငြင်းပွါး စရာ ၉၆၉ ကို သာမာန် လူမှုရေး လုပ်ငန်း တွေလို ပါတီဝင် တွေရဲ့ လွတ်လပ်စွာ လုပ်ပိုင် ခွင့်ဘဲလို့ ပေါ့ပေါ့ တန်တန် တာဝန်မဲ့ ပြောဆို လိုက်ခြင်းသည် လူထု ပါတီ တစ်ရပ် အနေနှင့် ယနေ့ တိုင်းပြည်နဲ့ အဝှန်း အကြီး အကျယ် စိတ်မချမ်းမြေ့ စရာ ဖြစ်နေတဲ့ ပြဿနာ တွေကို ဂရုမစိုက်သည့် သဘော၊ မြန်မာ မွတ်စလင် တွေရဲ့ ခံစားချက်၊ နစ်နာချက် တွေကို မစာနာသည့် သဘော သက်ရောက် သဖြင့် ပါတီရဲ့ ရပ်တည် ချက်နှင့် ပါတီရဲ့ ဂုဏ်သိက္ခာကို အကြီး အကျယ် ထိခိုက် စေပါတယ်။

တစ်ကယ်တော့ မြန်မာ မွတ်စလင် တွေကို ဘယ်သူ ကမှ ချေမှုံး ပစ်လို့ မရပါဘူး။ ဘယ်သူ ကမှ ဒူးထောက်ခိုင်း လို့လည်း မရပါဘူး။ မြန်မာ ပြည်ရှိ နေသရွေ့ မြန်မာ ပြည်သား မြန်မာ မွတ်စလင်တွေ ဂုဏ်ကျက်သရေ ရှိစွာ တည်ရှိ နေမှာ ဖြစ်တယ်။

မြန်မာ မွတ်စလင်တွေ ရသင့် ရထိုက်တဲ့ အခွင့် အရေးနဲ့ တာဝန် တွေကို တိုင်းရင်းသား ပေါင်းစုံ၊ ဘာသာ ပေါင်းစုံ မြန်မာ ပြည်သူ များနဲ့ လက်တွဲ ကာကွယ် သွားမှာ ဖြစ်တယ်။ ခက်ခဲ ကြမ်းတမ်း လှတဲ့ ယနေ့ ကာလ ဆိုးကြီးမှာ မြန်မာ မွတ်စလင် တွေကို စာနာ ထောက်ကူ သူများ ကိုလည်း မြန်မာ မွတ်စလင် များက အစဉ် သတိရ ကျေးဇူး တင်နေမှာ ဖြစ်ပါတယ်။

သို့သော် ကျနော် ရင်လေး မိတာက ကျနော်တို့ ပါတီရဲ့ အနာဂတ် ဖြစ်ပါတယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ် ဖြစ်ပါတယ်။

အောင်တင်
------------------------------------------------------------------------------------------------
စာမြီး - 

(ပါတီရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်း ကတော့ ဒီလှုပ်ရှား မှုမှာ NLD ပါတီဝင် အချို့ ပါဝင် ပတ်သက်တဲ့ အကြောင်း ပြောပါတယ်။ “ဒါပေမယ့် ပါတီဝင် တွေရဲ့ လွတ်လပ်တဲ့ အခွင့် ရေးကို NLD အနေနဲ့ ကြားဝင် စွက်ဖက်ဖို့ မရှိပါဘူး၊ လူမှုရေး ကိစ္စတွေမှာ သူတို့ ဘာသာ သူတို့ လွတ်လွတ် လပ်လပ် ဆောင်ရွက် နိုင်ခွင့် ရှိပါတယ်” လို့ ဦးဥာဏ်ဝင်းက ဆိုပါတယ်။

တက္ကစီ ဒရိုင်ဘာ တစ်ဦး ဖြစ်သူ မင်းသက်လင်းဟာ သာကေတ မြို့နယ်က NLD ခေါင်းဆောင် တစ်ဦးဖြစ် ပြီး သူ့ကားရဲ့ ရှေ့ရော နောက်မှာပါ ၉၆၉ စတေကာ တွေကို ကပ်ထား ပါတယ်။ သူဟာ မွတ်စလင် ဆန့်ကျင်ရေး ရန်ကုန် မြို့နယ် အလုပ် သမား လူတန်းစား အဖွဲ့ဝင် တယောက်လည်း ဖြစ်ပါတယ်။ ဗမာ မွတ်စလင် အသင်း ကတော့ ၉၆၉ လက်ကမ်း စာစောင်တွေ ဖြန့်ဝေတဲ့ အထဲမှာ NLD ပါတီဝင် တွေလည်း ပါတယ်လို့ စွပ်စွဲ ပါတယ်။)

***************************************************************
မွတ်စလင် ဆန့်ကျင်ရေး ဘုန်းကြီး တွေကို မြန်မာ အစိုးရ ကောင်းချီးပေး (ရိုက်တာ) ဘာသာပြန် ဆောင်းပါးကို ဤနေရာ  http://on.fb.me/11Usa1s တွင်ဖတ်ပါ။ 

Comment ရေးရန်

Pages 22123456 »
Rohingya Exodus