March 15, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

စာအုပ်စင်

အိတ်ဖွင့်ပေးစာ

‌တရားဝင် ဓါးပြသကဲ့သို့ ငွေညှစ်နေသည့် အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်

အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်

RB News
27.7.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင် သက်နိုင်သည် ယခင်က နစက များနှင့် ပူးပေါင်း၍ ကျေးရွာ ပြည်သူ လူထု များကို မဟုတ် မမှန် စွပ်စွဲ အမှု ဆင်ပြီး ငွေကြေး အမြောက် အမြား ရယူခဲ့သည်။ ယခုလည်း ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ပြုပြင်ရန် အကြောင်း ပြပြီး ငွေအမြောက် အမြား ကောက်ခံ လျက်ရှိသည်။ 

ဦးမောင်သက်နိုင် သည်စစ်တွေမြို့မှ ရခိုင်လူမျိုး တစ်ဦးဖြစ်ပြီး၊ ယခင်နာမည် ဆိုးဖြင့် ကျော်ကြား ခဲ့သော ကျေး ရွာ အုပ်ချုပ်ရေး မှူးဟောင်း ဦးဇော်ထူး၏ ယောက်ဖ တော်စပ်သူ ဖြစ်ပြီး၊ လွန်ခဲ့သည့် သုံးလ အ တွင်း ရိုဟင်ဂျာများ ထံမှ ငွေကျပ် ၂၆၁ သိန်း ရယူခဲ့သည့် ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်၏ သား မက် ဖြစ်သည်။ 

အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူး ရရှိရန် အတွက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည် ဆန်း ကို လာဘ်ငွေ သိန်း တစ်ရာ ပေးအပ်ခဲ့သည် ဟုသိရှိ ရပါသည်။ 

ဦးမောင်သက်နိုင်သည် ရိုဟင်ဂျာ လူမျိုးများ ထံမှ လစဉ် ဆက်ကြေး သဖွယ် ကောက်ခံ လျက်ရှိပြီး၊ ဆိုင် လုပ်ငန်း လုပ်ကိုင်သူများ၊ စက်လှေ ပိုင်ရှင်များ၊ ငါးရောင်းဝယ်သူ များထံမှ ငွေကြေး အမြောက် အမြားကို နည်းလမ်း ပေါင်းစုံဖြင့် ရယူလျက် ရှိကြောင်း ဒေသခံများမှ သိရှိရသည်။ 

လယ်ပိုင်ရှင် တစ်ဦးဖြစ်သည့် ဦးဆယာဒုလ္လာ (ဘ) ဦးမော်ဂုလ် အဟမတ် ထံမှ ငွေကျပ် တစ်သိန်း၊ အ ထည်ဆိုင် ပိုင်ရှင် ဖြစ်သည့် ဦးအလီဂျိုဟာရ် (ဘ) ဦးဖာရုခ် ထံမှ ငွေကျပ် တစ်သိန်း၊ ငါးရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ တစ်ဦး ဖြစ်သည့် ဦးမိုဟာမတ်ရှဖီး (ဘ) ဦးအမီရ် ဂူလာလ် ထံမှ တစ်သိန်း၊ စက် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်သည့် ဦးဂျာဘဲရ် (ဘ) ဦးဖော်ဇောလ် ထံမှ ငွေကျပ် တစ် သိန်း အပြင်၊ ငါးဖမ်း စက်လှေပေါင်း ၁၂၅ စီးမှ တစ်စီးလျှင် ငွေကျပ် နှစ်သောင်း ငါးထောင်စီ၊ ငါးရောင်း ၀ယ်ရေး လုပ်ကိုင်သည့် စက်လှေပေါင်း ၄၀ စီးမှ တစ်စီးလျှင် ငွေကျပ် တစ်သိန်းစီနှင့် အလယ် သံကျော် ရှိ ဈေးဆိုင်ခန်းပေါင်း ၂၂၀ ခန့်မှ ငွေကျပ် တစ်သောင်းနှင့် တစ်သောင်း ငါးထောင်ကြား လတ်တလော ရယူ ခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။ 

“ကျွန်တော်တို့ရဲ့ ၀င်ငွေ တစ်ဝက်မက ရွာအုပ်ချုပ်ရေးမှူးကို ပေးနေရတယ်။ မပေးဘူး ဆိုရင် မဟုတ် မမှန် စွပ်စွဲပြီး ဖမ်းတယ်၊ ရိုက်တယ်။ နောက်ဆုံးတော့လည်း သူတို့တောင်းတဲ့ ငွေပေးလိုက် ရတာဘဲ။ ကျွန်တော် တို့ကိုဒေသဆိုင်ရာအာဏာပိုင်တွေကနေ အခုလို ညှင်းပန်းနှိပ်စက်ပြီး ငွေညှစ်နေ တာတွေ ကို ပြည်ထောင် စု အစိုးရနဲ့ ပြည်သူ့ လွှတ်တော်ကို သိစေချင် တယ်” ဟုဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus