ပင်လုံညီလာခံလို တိုင်းရင်းသား စုံညီ ညီလာခံ ကျင်းပဖို့ ABSDF တိုက်တွန်း
5.8.2013
ပင်လုံ ကဲ့သို့သော ညီလာခံကြီး တစ်ရပ် ကျင်းပနိုင်ဖို့ အစိုးရက အမှန် တကယ် ဆောင်ရွက် ပေးမယ် ဆိုရင် ၂၅ နှစ်တာ ကာလက အတွေ့အကြုံ တွေကို တိုင်းပြည် အတွက် ပေးဆပ်ရာ ရောက်လိမ့် မယ်လို့ ABSDF ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ တပ်ဦး အဖွဲ့ ဥက္ကဌ ကိုသံခဲက ဒီနေ့ ပြောကြား လိုက်ပါ တယ်။
ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာမှာ ပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ABSDF ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ တပ်ဦးတို့ ပြည်နယ် အဆင့် အပစ် အခတ် ရပ်စဲရေး လက် မှတ် ရေးထိုး ပွဲမှာ ခုလို ပြောလိုက် တာပါ။
“တိုင်းပြည်ရဲ့ ပြဿနာဟာ နှစ်ဖွဲ့တည်းနဲ့ ပြီးတဲ့ ပြဿနာ မဟုတ် ပါဘူး၊ ဒီတော့ သက်ဆိုင်ရာ အင်အား စု တွေဖြစ်တဲ့ အစိုးရ၊ စစ်တပ်၊ နိုင်ငံရေး ပါတီ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံး စု ဆုံပြီး ဖြေရှင်းမှ ရမယ်၊ ဒါကြောင့် အားလုံးေ ပြောနေတဲ့ ပင်လုံ ကဲ့သို့သော ညီလာခံ မျိုးဟာ တိုင်းပြည် အ တွက် လိုအပ်တယ်၊ ဒီခရီးစဉ် ကြီးကို လျှောက်မယ် ဆိုရင် ကျနော် တို့ရဲ့ပေးဆပ် ခဲ့တဲ့ ၂၅ နှစ်တာ ထဲ က အတွေ့ အကြုံ တွေကို တိုင်းပြည် အတွက် ပေးဆပ်ဖို့ အသင့် ပါပဲ ဆိုတာ ကိုလည်း ကျနော်တို့ ပြောချင် ပါတယ်”
လက်ရှိ အစိုးရ သက်တမ်း ကာလ အတွင်း မှာပဲ အပစ် အခတ် ရပ်စဲရေး သဘော တူညီ ထားတဲ့ တိုင်း ရင်း သား လက်နက်ကိုင် အဖွဲ့ အစည်း တွေနဲ့အတူ လွှတ်တော်၊ အစိုးရ၊ နိုင်ငံရေး၊ လူမှုရေး အဖွဲ့ အ စည်း တွေ ပါဝင်တဲ့ ညီလာခံ ကျင်းပ နိုင်ဖို့ လိုအပ် တယ်လို့လည်း ဥက္ကဌ ကိုသံခဲက ပြောပါတယ်။
ABSDF အဖွဲ့ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလ အပြီး ထိုင်းမြန်မာ နယ်စပ်မှာ ဖွဲ့စည်း ခဲ့တဲ့ လက်နက်ကိုင် ကျောင်းသား တပ်မတော် ဖြစ်ပါတယ်။