နေ့ထူးနေ့မြတ် အတွက် ဈေးဝယ်လာသူ များကို လုံထိန်းများ ရိုက်နှက်
RB News
6.8.2013
မောင်တော ။ ။ အစ္စလာမ် ဘာသာဝင် များ၏ ရာမ်ဒွါန်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့ ကြားည သည် နေ့ ထူး နေ့မြတ်၏ ညတစ်ည ဖြစ်သည်။ ထိုသို့ နေ့ထူး နေ့မြတ်၏ ညတွင် ဥပုသ် စောင့်တည်ရန် အတွက် ဆင်းရဲသူ များပင် အကောင်းဆုံး ချက်ပြုတ် စားသောက် ကြသည်မှာ မြန်မာ နိုင်ငံရှိ မွတ်စလင် များ၏ ဓလေ့ ထုံးထမ်း စဉ်လာ တစ်ခု ဖြစ်ပါသည်။
ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ဇင်ပိုင်ည ကျေးရွာမှ ဦးဖ၀ါစ်နှင့် ဦးဆိဒီခ် တို့သည် အမဲသား ၀ယ်ရန် အတွက် ကျီးကန်းပြင်ရွာ (ဟ၀ါလ်ဘီလ်) သို့ သြဂုတ်လ (၅) ရက်နေ့တွင် သွားရောက် ခဲ့သည်။ အမဲသား ၀ယ်ယူ၍ အပြန်တွင် ဇင်ပိုင်ည ကျေးရွာ အ၀င်တွင် တာဝန် ကျနေသော လုံထိန်း ရဲများက ၎င်း တို့ နှစ် ဦး အား ခေါ်၍ အကြောင်းမဲ့ ရိုက်နှက် ခဲ့ကြောင်း သိရှိ ရပါသည်။
“ကျီးကန်းပြင်ရွာမှာ အမဲသား သွားဝယ်တာပါ။ ဇင်ပိုင်ညရွာ အ၀င်မှာ စစ်ဆေးရေး ဂိတ်ရှိတယ်။ အဲဒီ စစ်ဆေးရေး ဂိတ်မှာ ရှိတဲ့ လုံထိန်း တွေက သူတို့ နှစ်ယောက်ကို ခေါ်ပြီး ဘယ်သွားတာလဲ၊ ဘာလုပ်ဖို့ သွားတာလဲ လို့မေးတယ်။ ကျီးကန်းပြင်ရွာက အမဲသား ၀ယ်ပြီး ပြန်လာတာ လို့ပြောတော့ ဘာလို့ အဲဒီမှာ သွားဝယ်ရလဲ ဒီမှာ ၀ယ်ရင် မရဘူးလား ဆိုပြီး နှစ်ယောက်လုံးကို လူမဆန်အောင် ရိုက်တယ်” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြော ပါသည်။
ဈေးဝယ်ရာတွင် မိမိတို့၏ လွတ်လပ်ခွင့် ရှိသော်လည်း လုံထိန်းများမှ နစက ဖျက်သိမ်း ပြီးနောက် ရရှိ လာသော အာဏာကို အလွှဲသုံးစား ပြုလုပ်၍ စိတ်ထင်တိုင်း ညှင်းပန်း နှိပ်စက် ခြင်း ဖြစ် သည်။ နိုင် ငံတော် အစိုးရမှ နစက ကိုဖျက်သိမ်း လိုက်သော်လည်း နစက၏ လုပ်ပိုင် ခွင့် အာဏာ များအားလုံးကို လုံထိန်း များသို့ အပ်နှင်း လိုက်ပြီး၊ လုံထိန်း များမှ နစက များကဲ့သို့ပင် ရိုဟင်ဂျာ လူမျိုး များကို ဆက်လက် ၍ ညှင်း ပန်း နှိပ်စက် လျက်ရှိသည်။