March 17, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

အာဏာပိုင်များ မလေးရှားသို့ လူကုန်ကူးသည့် စက်လှေများ စတင်ထွက်ခွာ





(ဓါတ်ပုံ ရှင်းလင်းချက် ။ ။ ဓါတ်ပုံ များမှာ ယနေ့ နံနက် အလယ်သံကျော် ကျေးရွာ အုပ်စု၊ လေယာဉ်ကွင်း ရွာမှ ထွက်ခွာသည့် စက်လှေ ဖြစ်သည်)

RB News
20.8.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပိုင်းရှိ ဒေသဆိုင်ရာ အာဏာပိုင် များမှ လွန် ခဲ့သည့် ၅ ရက်ခန့်မှ စ၍ မလေးရှား နိုင်ငံသို့ လူကုန်ကူးရန် လူစုလျက် ရှိရာ ယနေ့ ၁၁ နာရီကျော် တွင် မောင်တော မြို့နယ်၊ တောင်ပိုင်းမှ စက်လှေ ငါးစီး ထွက်ခွာ သွားသည်ဟု သတင်း ရရှိပါသည်။

ယနေ့ နံနက် ၁၁း၄၀ နာရီတွင် မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာ အုပ်စု၊ လေ ယာဉ် ကွင်းရွာမှ စက်လှေ တစ်စီး ထွက်ခွာ သွားသည်။ အဆိုပါ စက်လှေတွင် ရိုဟင်ဂျာ အမျိုးသား ၃၀ ဦး တင်ဆောင် သွားကြောင်း သိရှိ ရပါသည်။ ထို့အပြင် အလယ်သံကျော် ကျေးရွာမှ အခြား စက်လှေ တစ်စီးနှင့် မြင်းလွတ် ကျေးရွာမှ စက်လှေ ၃ စီးတို့ နံနက် ၁၁း၅၀ နာရီတွင် ထွက်ခွာ သွားသည်။ ယနေ့ နံနက်ပိုင်းတွင် အလယ်သံကျော်နှင့် မြင်းလွတ်တို့မှ စက်လှေ စုစုပေါင်း ၅ စီး ထွက်ခွာ သွားပြီး ခန့်မှန်းခြေ အားဖြင့် လူပေါင်း ၁၅၀ ကျော် လိုက်ပါ သွားကြောင်း ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။

အဆိုပါ စက်လှေ များပေါ်တွင် လိုက်ပါလာသူ များကို ဘင်္ဂလား ဒေ့ရှ် နိုင်ငံ၊ စိန့်မာတင်ကျွန်း အနီးရှိ စက်လှေကြီး ပေါ်သို့ ပို့ဆောင်၍ ထိုမှ တဆင့် မလေးရှား နိုင်ငံသို့ ထွက်ခွာမည်ဟု သိရပါသည်။ 

အလယ်သံကျော်နှင့် မြင်းလွတ်မှ ထွက်ခွာရာတွင် အသုံးပြုသည့် စက်လှေငယ် များ၏ ပိုင်ရှင် များမှာ - အလယ်သံကျော် ကျေးရွာမှ ဦးမွန်ဇူရာမန် (ဘ) ဦးဆလီမုလ္လာ၊ ဦးဟမိတ်ဟူစိန်း (ဘ) ဦးအဗ်ဒူ ကရီးမ် နှင့် မြင်းလွတ် ကျေးရွာမှ ဥက္ကဌဟောင်း ဦးအေနာသုလ္လာ (ခ) ဦးဖော်ဇော် ကရီးမ် တို့ဖြစ်ပါသည်။ 

ယခုကဲ့သို့ မလေးရှား နိုင်ငံသို့ လူကုန်ကူးသည့် လုပ်ငန်းတွင် အဓိက ပါဝင် လုပ်ကိုင် နေသူများမှာ - အလယ်သံကျော် အခြေစိုက် အလယ်သံကျော် တာဝန်ခံ စစ်တပ်မှ ဗိုလ်ကြီး၊ အလယ်သံကျော် တာဝန်ခံ ရဲမှူး၊ SB မှ ဦးအောင်ကျော်ဇင်၊ စရဖမှ တပ်ကြပ်ကြီး ကြည်ဟန်၊ လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ဦးတင်ထွန်း၊ အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်နှင့် အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဟောင်း ဦးဇော်ထူး တို့ဖြစ်ကြောင်း သတင်း ရရှိပါသည်။ 

စက်လှေဖြင့် လိုက်ပါ သွားမည့်သူများ၏ အသက် အန္တရာယ် အတွက် အလွန် စိုးရိမ် ရသောကြောင့် နိုင်ငံတော် အဆင့်မြင့် အာဏာပိုင် များမှ ကြိုတင် တားဆီး နိုင်ရန် သြဂုတ် ၁၈ ရက်နေ့က သတင်း ရေးသား၍ အ သိပေး ခဲ့သော်လည်း ဒေသ ဆိုင်ရာ အာဏာပိုင် များကို အရေးမယူဘဲ လွှတ်ထား ခြင်းသည် နိုင်ငံတော် အစိုးရ ကိုယ်တိုင် ရိုဟင်ဂျာ အများစုကို နိုင်ငံတွင်းမှ ထွက်ခွာ သွားစေရန် တိတ်တဆိတ် ကူညီပေး နေခြင်း ဖြစ်သည်ဟု ဒေသခံ အများစုက ဆိုသည်။ 

Comment ရေးရန်

Pages 22123456 »
Rohingya Exodus