နောက်ဆုံးသတင်း/ဆောင်းပါးများ

ရှေ့နေငှားခွင့် မပေးခြင်းသည် ဥပဒေ စိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်သည်ဟု ဦးရွှေမောင်ပြော



RB News
31.8.2013

လွန်ခဲ့သည့် အပတ်က ရိုဟင်ဂျာ ၇၆ ဦးကို ရခိုင် ပြည်နယ် တရားရုံး များက လွန်ခဲ့သည့် နှစ်တွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက် မှုများတွင် ပါဝင်သူ များဟု စွပ်စွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ် ခဲ့သည်။ ထိုင်းနိုင်ငံအခြေစိုက်ရိုဟင်ဂျာအရေးလှုပ်ရှားသည့် အာရ်ကာန် ပရောဂျက်မှ ဘူးသီးတောင်နှင့် မောင်တော မြို့နယ် တရားရုံး များမှ အမိန့်ချမှတ် ခဲ့သည်ဟု ဧရာဝတီ သတင်း ဌာနမှ ထုတ်ပြန် သည့် သြဂုတ်လ (၃၀) ရက်နေ့ သတင်းတွင် ရေးသား ဖော်ပြထား ပါသည်။ 

သြဂုတ်လ (၂၀) နှင့် (၂၁) ရက်နေ့ များတွင် မောင်တော မြို့နယ် တောင်ပိုင်း ဘဂုံးနား ကျေးရွာ အုပ်စုမှ ရိုဟင်ဂျာ ၄၃ ဦးကို ၂၀၁၂ ခုနှစ် ဇွန်လ အကြမ်းဖက် မှုများတွင် ပါဝင်သူ များဟု ဆို၍ ၃၅ ဦး ကို ထောင် ဒဏ် ၁၇ နှစ်၊ ၄ ဦး ထောင်ဒဏ် ၆ နှစ်နှင့် ကျန် ၄ ဦးကို ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချ မှတ် ခဲ့ သည်ဟု အာရ်ကာန် ပရောဂျက်မှ ကုလ သမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ တာ သော မတ်စ် ကင်တားနားကို တင်ပြသည့် အစီရင်ခံစာ တွင်ရေးသား ထားသည်ဟု ဧရာဝတီမှ သတင်း တွင် ရေး သား ထားသည်။ 

အာရ်ကာန် ပရောဂျက်ကို ဦးဆောင်သူ မစ္စ ခရစ် လေ၀ါမှ သြဂုတ် ၂၂ ရက်နေ့တွင် မောင်တော မြို့နယ် တရားရုံးတွင် ရိုဟင်ဂျာ ၃၃ ဦးကို ထပ်မံ၍ တရား စီရင် ခဲ့သော်လည်း တရားစီရင် ခြင်းနှင့် ပတ်သက်သည့် အတိအကျ သတင်းကို လေ့လာနေဆဲ ဟုဆိုသည်။ 

တရား စီရင် ခံရသူ များကို လွန်ခဲ့သည့်နှစ် မှစ၍ ဖမ်းဆီး ထားခဲ့ပြီး၊ ဘူးသီးတောင် မြို့နယ် အကျဉ်းထောင် ၌ ထား၍ ယခုမှသာ တရားရုံးတင်၍ ထောင်ဒဏ် ချမှတ်ခြင်း ဖြစ်သည်။ အာရ်ကာန် ပရောဂျက်မှ ဘူး သီးတောင် အကျဉ်းထောင်တွင် ရာပေါင်း များစွာသော ရိုဟင်ဂျာ များကို အကျဉ်းချ ထားပြီး၊ ကလေး များနှင့် အန်ဂျီအို ၀န်ထမ်း ၄ ဦးလည်း ပါဝင်သည် ဟုဆိုသည်။ ထို့အပြင် အကျဉ်းချ ထားသူများကို ညှင်း ပန်း နှိပ်စက် မှုများစွာ ရှိသည်ကိုလည်း ထပ်သွင်း ပြောကြား သွားသည်။ ဖမ်းဆီး ထားသူ များအားလုံးကို ၂၀၁၂ ခုနှစ် ဇွန်လ အကြမ်းဖက်မှု တွင်ပါဝင်သည်ဟု စွပ်စွဲ၍ ဖမ်းဆီး ထားခြင်း ဖြစ်သည်။ 

အာရ်ကာန် ပရောဂျက် အကြီးအကဲ မစ္စလေ၀ါက လွန်ခဲ့သည့် အပတ်က တရားစီရင် မှုသည် တရားခံဟု စွပ်စွဲ ခံရသူ များ၏ အခြေခံ အခွင့်အရေး များကို ချိုးဖောက်၍ တရားစီရင် ခဲ့ခြင်းသာ ဖြစ်ပြီး၊ မတရား သည့်၊ ပြင်းထန်သည့် တရားစီရင် မှုဖြစ်သည်ဟု ဆိုသည်။ ၎င်းက တရားစီရင်မှု များကို နှိုင်းယှဉ် လျှင် အ ကြမ်း ဖက်မှု ကျူးလွန်သော ဗုဒ္ဓဘာသာ အနည်းငယ် ကိုသာ ဖမ်းဆီးပြီး ပြစ်ဒဏ် ချမှတ်မှု မှာ လည်း အ လွန် သေးငယ်သည့် ပြစ်ဒဏ် မျိုးသာ ချမှတ် နေသည်ကို ထောက်ပြ ဝေဖန် ထားသည်။ 

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီမှ ရိုဟင်ဂျာ နိုင်ငံရေး လှုပ်ရှားသူ တစ်ဦး ဖြစ်သူ ဦးမျိုးသန့်က ရ ခိုင် ပြည် နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ မိသားစု များမှာ ၎င်းတို့၏ ဆွေမျိုးများ အကျဉ်းချ ခံနေ ရသော် လည်း၊ ဆက်သွယ်၍ မရသည့် အပြင်၊ တရားခံ စွပ်စွဲ ခံရသူများမှာ တရားရုံးတွင် မိမိတို့ ကိုယ်မိမိသာ ခုခံ နေရ သည်ဟု ဆိုသည်။ 

ဦးမျိုးသန့်၏ ညီဖြစ်သူ ဦးကျော်နိုင်ကို ဇူလိုင်လ ၁၂ ရက်နေ့က မောင်တော မြို့နယ် တရားရုံးမှ လွန်ခဲ့သည့်နှစ် အကြမ်းဖက်မှု တွင်ပါဝင်သူ ဟူ၍ စွဲချက်တင်ပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခဲ့ကြောင်း ဧရာဝတီ သတင်းဌာန သို့ပြောပါသည်။ တရားစီရင် ချက်ချမှတ်သည့် အချိန်တွင် မိသားစုကို အကြောင်း မကြားသောကြောင့် ရှေ့နေ ငှားရမ်းရန် အခြေအနေ မရခဲ့ကြောင်း၊ တရား စီရင်မှုမှာ တရားမျှတမှု မရှိသော် လည်း မိသားစု အနေဖြင့် ယခု အချိန်ထိ ထုတ်ဖော် ပြောရန်ပင် ကြောက်နေကြောင်း ၎င်းကဆို သည်။ 

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဘူးသီးတောင် မြို့နယ် ကိုယ်စားပြု လွှတ်တော် အမတ် ဖြစ် သူ ဦးရွှေမောင်က မောင်တော မြို့နယ်တွင် တစ်ဖက်သတ် ဖမ်းဆီးမှုနှင့် တရားစီရင် ရာတွင် ဘက်လိုက်မှု များရှိနေကြောင်း ပြောသည်။ 

“ဖမ်းဆီး ခံရတဲ့သူတွေက တရားရုံးမှာ ပြန်လည် ချေပခွင့် မရတာက တရား ဥပဒေ စိုးမိုးမှု မရှိလို့ ဖြစ်ပါ တယ်။ တရားရုံးက တစ်ဖက်သတ် အချက် အလက် တွေကို နားထောင်ပြီး တရားစီ ရင်တော့ ဖမ်းဆီး ခံရတဲ့သူ တွေဒုက္ခ ရောက်တယ်။ ရှေ့နေ ငှားခွင့် မရတဲ့ အတွက် သူတို့ မိသားစုတွေက တရားရုံးကို သွား ပြီး ခု ခံ ကာကွယ် ချေပ ခွင့် မရကြဘူး” ဟု လွှတ်တော် အမတ် ဦးရွှေမောင်က ဧရာဝတီ သတင်းဌာန ကို ပြော ကြား ခဲ့ပါသည်။

Comment ရေးရန်

Rohingya Exodus