နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ရဲများမှ အကြောင်းမဲ့ ဖမ်းဆီး ရိုက်နှက်မှုများ ပြုလုပ်လျက်ရှိ

RB News
30.8.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်ရှိ ရဲများမှ ရိုဟင်ဂျာ လူငယ် များကို အကြောင်းမဲ့ ဖမ်း ဆီးခြင်း၊ ရိုက်နှက်ခြင်း များပြုလုပ် လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

ယမန်နေ့ နေ့လည် ၃ နာရီ အချိန်တွင် မောင်တော ရဲစခန်းမှ ရဲများဖြစ်သည့် ဦးလှမြင့်နှင့် ဦးမောင်ရှေ တို့ နှစ် ဦး ဦးဆောင်သည့် ရဲတပ်ဖွဲ့ ၁၅ ဦးခန့်တို့သည် အမှတ် (၅) ရပ်ကွက်သို့ ၀င်ရောက် လာပြီး အိမ် တစ် အိမ်သို့ ၀င်ရောက်၍ ရိုဟင်ဂျာ လူငယ် တစ်ဦးကို ရိုက်နှက်၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း သိရှိ ရပါသည်။

“ဘာကြောင့် ဖမ်းတယ် ဆိုတာလည်း မပြောဘူး။ အဲဒီလူငယ်ရဲ့ အိမ်ထဲကို ၀င်ပြီး ရိုက်တယ်။ ပြီးတော့ လမ်းပေါ် မှာလည်း လူတွေရှေ့မှာ ရိုက်နှက် ပြီးတော့ ကားပေါ်တင် ခေါ်သွားတယ်။ ဖမ်းခံရတဲ့ လူငယ်က အသက် ၂၂ နှစ် အရွယ် ဦးမိုဟာမတ် အီဆာခ် ရဲ့သား မိုဟာမတ် ယာစင်းန် ဖြစ်ပါတယ်” ဟု ဒေသခံ တစ် ဦး မှ RB News သို့ပြောပါသည်။

ထို့အပြင် ညနေ ၅ နာရီတွင် တစ်ဖန် နောက်တစ်အိမ်သို့ ၀င်ရောက်၍ အိမ်ထဲရှိ ပစ္စည်း များအားလုံး ကို မွှေနှောက် ရှာဖွေ ခဲ့ကြောင်း သိရသည်။

ရဲနှစ်ဦး ဖြစ်သည့် ဦးလှမြင့်နှင့် ဦးမောင်ရှေ တို့သည် ညပိုင်းတွင် မောင်တောမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ အ လယ်တန်း ကျောင်းဘေးတွင် ကင်းစောင့်ပြီး ည ၇ နာရီကျော် နောက်ပိုင်းတွင် ဖြတ်သွား ဖြတ်လာ လုပ် သည့် ရိုဟင်ဂျာ များကို ရိုက်နှက် လေ့ရှိကြောင်း သိရှိ ရပါသည်။ 

“ကျွန်တော်တို့ မောင်တောမှာ အဆိုးဆုံး ရဲနှစ်ယောက် ကတော့ ဦးလှမြင့်နဲ့ ဦးမောင်ရှေ တို့ဘဲ ဖြစ်ပါတယ်။ ည ၇ နာရီကျော် နောက်ပိုင်း ဖြတ်သွား ဖြတ်လာ လုပ်တဲ့ လူတွေကို အကြောင်းမဲ့ ရိုက်နှက်တာ တွေ နေ့ တိုင်းလိုလို လုပ်နေတယ်။ လွန်ခဲ့တဲ့ တနင်္လာနေ့ကလည်း ည၈နာရီလောက်မှာ အလယ် တန်းကျောင်း ရှေ့ကဖြတ် လာ တဲ့ လူငယ် ၅ ယောက်ကို အဲဒီ ရဲနှစ်ယောက်နဲ့ အခြား ၇ ယောက် လောက် က ဖမ်း ပြီး ရိုက်တယ်။ ကိုယ့်အိမ်ကိုယ် ပြန်နေတဲ့ လူငယ် ၅ ယောက်ပါ” ဟု ၎င်းမှ ဆက်လက် ပြော ပါသည်။


Comment ရေးရန်

Rohingya Exodus