March 15, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

၁၅ နှစ်ကြာ နစက၏ ဘာသာပြန် လုပ်လာသူကို တပ်ရင်းမှူးမှ ဖမ်းဆီး၍ ငွေ သိန်း ၁၀၀ တောင်းနေ

RB News
6.8.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြင့်လွတ် ကျေးရွာတွင် အခြေစိုက်သော နစက နယ်မြေ (၈) နယ်မြေရုံးတွင် ၁၅ နှစ်ကြာခန့် ဘာသာပြန် လုပ်ခဲ့သူ ဦးအဗ်ဒူလာ (ဘ) ဦးဖော်ဇော် အဟ မတ်ကို ဇူလိုင်လ (၃၀) ရက်နေ့က အမှတ် (၃၅၃) ခြေလျင် တပ်ရင်းမှ တပ်ရင်းမှူး ကိုယ်တိုင် ဖမ်းဆီး ၍ ငွေကျပ် သိန်း ၁၀၀ တောင်းခံ လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ်၊ မြင့်လွတ်ကျေးရွာမှ ဦးအဗ်ဒူလာသည် လွန်ခဲ့သည့် ၁၅ နှစ်ခန့် မှစ၍ နစက နယ်မြေ (၈) နယ်မြေရုံးတွင် ဘာသာပြန် အဖြစ် ဆောင်ရွက် ခဲ့သည်။ ယခု အခါ နစက ဖျက်သိမ်း ပြီးနောက် ၎င်း အား ဇူလိုင်လ (၃၀) ရက်နေ့ ညနေ ၄ နာရီခန့်တွင် မြင့်လွတ် ဈေးရှိ ဆိုင်တစ်ဆိုင်တွင် ထိုင်နေစဉ် အမှတ် (၃၅၃) ခြေလျင် တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဇော်လင်းဦး ကိုယ်တိုင် လာရောက်၍ ဖမ်းဆီး သွားကြောင်း သိရှိ ရပါသည်။ 

ထို့နောက် ၎င်းအား တပ်ရင်းမှူးမှ တပ်ရင်းရှိရာ ကျောက်ပန္ဒူးရွာ သို့ခေါ်ဆောင် သွားခဲ့သည်။ ဦးအဗ်ဒူလာ ၏ မိသားစုဝင် များမှ ၎င်းလွတ်မြောက် ရေးအတွက် တပ်ရင်းမှူးနှင့် သွားရောက် ညှိနှိုင်းခဲ့ရာ တပ်ရင်း မှူးမှ ငွေကျပ် သိန်း ၁၀၀ ပေးလျှင် ပြန်လွှတ် ပေးမည်ဟု ပြောကြားကြောင်း ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။ ဦးအဗ်ဒူလာ၏ မိသားစုဝင် များမှ ငွေကျပ် သိန်း ၅၀ ယူ၍ ပြန်လွှတ် ပေးရန် ညှိနှိုင်း သော် လည်း တပ်ရင်းမှူးမှ ငွေကျပ် သိန်း ၁၀၀ မပေးလျှင် ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့လိုက်မည် ဟု ပြောဆို ခဲ့သည်ဟု သိရပါသည်။ 

တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဇော်လင်းဦးသည် ကျောက်ပန္ဒူးရွာမှ ရိုဟင်ဂျာ လူမျိုးများ ပိုင်ဆိုင်သော လယ်မြေများ သိမ်းယူပြီး၊ လယ်ထွန်ရန် အတွက် အတင်း အဓမ္မ ခိုင်းစေမှု များလည်း ပြုလုပ်လျက် ရှိကြောင်း ဒေသခံများ၏ ပြောကြားချက် များအရ သိရပါသည်။


Comment ရေးရန်

Pages 22123456 »
Rohingya Exodus