March 15, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရှစ်လေးလုံး ငွေရတု အခမ်းအနားသို့ မြန်မာ မွတ်စလင် အစည်းအရုံးမှ သ၀ဏ်လွှာပေးပို့



ရှစ်လေးလုံး ငွေရတု အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

၁။ လူမျိုး ဘာသာ မရွေး တစ်နိုင်ငံလုံး အုံကြွ ပေးဆပ် ခဲ့ရသော သမိုင်းဝင် ရှစ်လေးလုံး မဟာ အရေးတော် ပုံကြီး (၂၅) နှစ်ပြည့် ကာလသည် လက်ရှိ အနေ အထားကို သုံးသပ်ရန် အကောင်းဆုံး အချိန် အခါ ဖြစ်၏။

၂။ ရှစ်လေးလုံး အရေးတော်ပုံ ကြီးက တစ်ပါတီ စစ်အာဏာရှင် စနစ်ကို ဖြုတ်ချနိုင် ခဲ့သော်လည်း၊ စစ်အာ ဏာရှင်က မျက်နှာဖုံး ပြောင်းပြီး နှစ်နှစ်ဆယ်ကျော် ပြင်းထန် တင်းကြပ်စွာ ဆက်လက် ဖိနှိပ် အုပ် ချုပ် နိုင် ခဲ့ သည်။ ၄င်းစစ်အာဏာရှင်က သည်ပင်လျှင် ၂၀၀၈ဖွဲ့စည်းပုံက ကျားကန် ပေးထားသော စစ်အာ ဏာရှင် အသွင်သစ် တစ်မျိုးဖြင့် နိုင်ငံတော် အာဏာ သုံးရပ်လုံးကို ယနေ့တိုင် ခိုင်မြဲစွာ ချုပ်ကိုင် ထားဆဲ ဖြစ်၏။

၃။ အလုပ်သမား၊ လယ်သမားနှင့် ပြည်သူ များ၏ အဖိနှိပ်ခံ ဘဝများ၊ ပြည်တွင်းစစ်၊ ဘာသာရေး လူမျိုးရေး အစွန်းရောက် အကြမ်းဖက် မှုများ၊ ဒီမိုကရေစီ ရေးနှင့် လူ့အခွင့်အရေး ချိုးဖေါက်မှု များအောက်တွင် လွှတ်တော်တွင်း လွှတ်တော် ပြင်ပရှိ ဒီမိုကရေစီ အင်အားစု များသည် အင်အားချိနဲ့ နေဆဲ ဖြစ်သည့် အပြင် အဆိုး ဝါးဆုံးမှာ ဒီမိုကရေစီရေးနှင့် စစ်အာဏာရှင် စနစ် ဆိတ်သုဉ်းရေး အတွက် လက်တွေ့ ကျကျ အလုပ် ဖြစ်အောင် ပူးပေါင်း လုပ်ဆောင် နိုင်သော ဘုံလုပ်ငန်းစဉ် ဟူ၍ မရှိ သလောက် ရှားပါး နေ ခြင်း ဖြစ်ပေ ၏။

၎။ မြန်မာ့ လူ့အဖွဲ့ အစည်း၏ အရင်းခံ ပဋိပက္ခသည် ပြည်တွင်းစစ်၊ လူမျိုးရေး၊ ဘာသာရေး၊ ဆင်းရဲ ချမ်းသာ ပဋိပက္ခများ မဟုတ်။ ဖိနှိပ်သူ စစ်အာဏာရှင်နှင့် အဖိနှိပ်ခံ လူထု၏ ပဋိပက္ခသာ ဖြစ်သည်ကို ဒီမိုကရေစီ အင်အားစုတွေ မျက်ခြေပြတ် လာကြသည်။ လက်အောက်ခံ ပဋိပက္ခ များတွင် နစ်မြော အချိန် ကုန် သဘောကွဲ လာကြသည်။ ရန်ဖက်ကို မိတ်ဖက် ထင်လာသည်။ မိတ်ဖက်ကို ရန်ဖက် ထင်လာ သည်။ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် လူမျိုးစုံ ဘာသာစုံတို့ စည်းလုံး ညီညွှတ်စွာ အတူ လက်တွဲ တိုက်ပွဲဝင် ခဲ့ကြသော ရှစ်လေးလုံး စိတ်ဓါတ် များသည် ၂၅နှစ် ကြာလာသော အခါ ပိုမိုမြင့်တက် လာရမည့် အစား တစတစ ပြိုကွဲယိုင်နဲ့ လာသည်ကို ကြေကွဲဖွယ်ရာ တွေ့မြင် လာရသည်။

၅။ သမိုင်းကို ပြန်ကြည့်သော် ဖက်ဒရယ်ကို လက်ညှိုးထိုးပြီး စစ်အာဏာရှင်က အာဏာသိမ်း သက်ဆိုး ရှည်ခဲ့သည်။ ကွန်မြူနစ်ကို တရားခံလုပ်ပြီး စစ်အာဏာရှင်တွေ အသက်ဆက် ခဲ့သည်။ ယနေ့ကာလ ဖက်ဒရယ်နှင့် ကွန်မြူနစ် သုံး၍ ခြောက်ရန် မဖြစ်နိုင်တော့ သောအခါ လူမျိုးရေး၊ ဘာသာရေး မှိုင်းများနှင့် လူထုကို အကြောက် တရား ဖိစီးစေသည်။ အကွဲ အပြဲများကို ဖန်တီးသည်။ ဒီမိုကရေစီ အင်အားစု များကို ချိနဲ့စေ သည်။

၆။ ဗိုလ်ချုပ် အောင်ဆန်းက အမျိုး၊ ဘာသာ၊ သာသနာကို ကိုင်စွဲ၍ ပြည်ထောင်စု တည်ဆောက်၍ မရဟု လွန်ခဲ့သော နှစ်ခြောက်ဆယ်ကျော် ပင်လုံ (ဖေဖေါ်ဝါရီ ၁၁၊ ၁၉၄၇) ၌ ပြတ်ပြတ် သားသား ပယ်ချ ခဲ့သော် လည်းအမျှော် အမြင်နည်း ပါးသော ယနေ့နိုင်ငံရေး သမား အချို့သည်စစ်အာဏာရှင်များ ခင်းပေးသော နှပ်   ကြောင်း အ  တိုင်း အမျိုး ဘာသာ သာသနာကို ခုတုံးလုပ် ၍ နိုင်ငံရေး ဖြတ်လမ်း လိုက် လို ကြ သည်။ လူမျိုး စုံ၊ ဘာ သာစုံ တို့၏ သွေးချွေးဖြင့် တည်ဆောက်ခဲ့ ရသော နိုင်ငံတော်ကို လူမျိုးရေး အရ၊ ဘာ သာရေး အရ စိတ်ဝမ်း ကွဲပြားမှုတွေ ဖန်တီးပြီး ကိုယ်ကျိုးရှာ များ၏ အသုံးချခံ ဖြစ်မှန်း မသိ ဖြစ်လာ ကြသည်။

၇။ အစ္စလာမ် သာသနာသည် ၁၉၄၇ ဖွဲ့စည်းပုံမှ စ၍ ယနေ့ ၂၀၀၈ ဖွဲ့စည်းပုံတိုင် မြန်မာပြည်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှန်သမျှတွင် နိုင်ငံတော်၏ သာသနာ တစ်ရပ် အဖြစ် ဂုဏ်ပေး အသိအမှတ်ပြု ထားသော သာသနာ ဖြစ်၏။ အစ္စလာမ် သာသနာသည် မြန်မာမြေတွင် အစဉ် တင့်တယ်စွာ တည်ရှိ နေမည်ဖြစ်၏။

၈။ မြန်မာ မွတ်စလင် (ပသီ) နှင့် ရိုဟင်ဂျာ အပါအဝင် အစ္စလာမ် သာသနာဝင် တိုင်းရင်းသား များသည် လည်း မူလဘူတ တိုင်းရင်းသား (၁၄၄) မျိုး စာရင်းဝင် တိုင်းရင်းသား များဖြစ်၏။ တိုင်းရင်းသား များကို တိုင်းရင်းသား စာရင်းမှ ပယ်ဖျက် နိုင်သော အခွင့် အာဏာ မည်သည့် အစိုးရ တွင်မှ မရှိ။

၉။ နှစ်တစ်ထောင်ကျော် မြန်မာ့ သမိုင်း၏ တိုင်းပြုပြည်ပြု လုပ်ငန်းများနှင့် လွတ်လပ်ရေး တိုက်ပွဲများတွင် လက်တွဲခေါ်စရာ မလိုဘဲ၊ တာဝန်သိသိ ဒိုးတူပေါင်ဖက် ပုခုံးချင်းယှဉ် ထမ်းဆောင်ခဲ့ ကြသည့် မြန်မာ မွတ်စလင် များသည် တိုင်းရင်းသားများ ဖြစ်သည်ဟု NLD နာယက ဦးတင်ဦးက အသိအမှတ်ပြု ပြောကြား ခဲ့ပေ သည်။ မြန်မာ မွတ်စလင် များသည် စာပေ၊ ယဉ်ကျေးမှု၊ ဂီတ၊ အနုပညာ၊ အားကစား၊ ပညာရေး၊ စီး ပွါး၊ လူမှု စသော ကဏ္ဍစုံ တင်သာမက ရှစ်လေးလုံး၊ ရွှေဝါရောင် အပါအဝင် နိုင်ငံရေး၊ ဒီမိုကရေစီရေး တိုက်ပွဲ မှန်သမျှတွင် ဦးပဲ့ ကျရာ ထမ်းနေကြသော အစမ်း သတ်ခံပြီး သေဖေါ်သေဖက် များလည်း ဖြစ်ကြ သည်။ ပြည်ထောင်စု မြန်မာနိုင် ငံတော် ကို ကနဦး တည်ထောင်သူ များလည်း ဖြစ်ကြ၏။

၉။ တိုင်းရင်းသား ပေါင်းစုံ ပြည်သူ လူထုကြီးသည် တစ်ချိန်က ဖက်ဒရယ်နဲ့ ဟောက်စား၊ ကွန်မြူနစ် နဲ့ ခြောက် စား ခဲ့သော စစ်အာဏာရှင်၏ နောက်ဆုံးပေါ် လှည့်ကွက် ဖြစ်သည့် မြန်မာ မွတ်စလင် ဆန့် ကျင်ရေး မှိုင်းမိပြီး မြန်မာ့ ပြဿနာများ၏ ရင်းမြစ် စစ်အာဏာရှင် စနစ် အမြစ် ပြုတ်ရေးကို မျက်ခြေပြတ် ကြပါက ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေး ထပ်မံ အလှမ်းဝေး ကြပြီး စစ်အာဏာရှင် များ၏ အမျိုးမျိုးသော လှည့်ကွက် များဖြင့် ဖိနှိပ် အုပ်ချုပ်မှုများ အောက်မှ လွတ်မြောက်ဖွယ် မရှိတော့သည်ကို အ ထူး သတိချပ်ရာ၏။

၁၀။ မြန်မာ လူမျိုးစု ပြီးလျှင် ဒုတိယ လူဦးရေ အများဆုံး အုပ်စုဖြစ်သော တိုင်းရင်းသား မွတ်စလင် များကို ချန်လှပ်ပြီး မြန်မာပြည်တွင် ဒီမိုကရေစီ စနစ် အမြစ်တွယ်ရန် မည်သို့မျှ မဖြစ်နိုင်ပါ။ ထို့ကြောင့် တာဝန်သိ၍ တာဝန်ရှိသော တိုင်းရင်းသား မွတ်စလင် များနှင့် ခိုင်ခိုင်မြဲမြဲ လက်တွဲ၍ ပြည်ပ စွက်ဖက်မှု ကင်းပြီး အချုပ်အခြာ အာဏာပိုင် တန်းတူညီမျှ တည်ငြိမ် တိုးတက်သော ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော် သစ်ကြီးကို တည်ဆောက် ကြပါရန် တိုင်းရင်းသား ပေါင်းစုံ ပြည်သူ လူထုကြီးကို အလေးအနက်ထား ပန်ကြားသည်။


မြန်မာ မွတ်စလင် အစည်းအရုံး 
သြဂုတ်လ ၈၊ ၂၀၁၃


Media Contact; - ကိုကျော်စွာ +44 782 842 6801 (UK) kyawzwa@b-m-a.org; ကိုမျိုးဝင်း 0950 70304 (မြန်မာ) starmywin@gmail.com; ဒေါ်မော်လီ +1 416 516 7383 Canada law4women@gmail.com; Ma Yasmin +1 408 250 6227(USA) yasnohana@sbcglobal.net; ကိုကျော်ဝင်း +44-740-345-2378 (UK) kyawwin78@gmail.com

Comment ရေးရန်

Pages 22123456 »
Rohingya Exodus