March 18, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မူဆယ် နယ်စပ်ဂိတ် လ၀က မှ မွတ်စလင် ၃ ဦးကို အကြောင်းမဲ့ ပြဿနာရှာ၍ ငွေညှစ်

ရွှေလီ - မူဆယ် နယ်စပ် (ဓါတ်ပုံ - John Meckley/Flickr)

RB News
20.8.2013

ရွှေလီ ။ ။ တရုတ် နိုင်ငံ၊ ရွှေလီ မြို့တွင် အခြေစိုက်ပြီး စီးပွားရေး လုပ်ကိုင် နေသူ မွတ်စလင် ၃ ဦးကို မူ ဆယ်မြို့ အလယ်ပေါက် ရွှေနန်းတော် ဂိတ်တွင် တာဝန်ကျ လ၀က ၀န်ထမ်းမှ အကြောင်း မဲ့ ပြဿ နာ ရှာ ၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ နံနက်ပိုင်းတွင် မူဆယ်မြို့မှ ရွှေလီမြို့သို့ ပြန်သွားနေသော မွတ်စလင် ခရီးသွား ၃ ဦးကို တ ရုတ် နိုင်ငံမှ ထုတ်ပေးသည့် ကဒ်ပြားကို ကိုင်ဆောင် ထားသည်ကို အကြောင်းပြ ပြဿနာ ရှာ၍ တစ်ဦး ထံ မှ ငွေကျပ် ၂ သိန်း၊ နောက်နှစ်ဦး ထံမှ ငွေကျပ် ၃ သိန်းစီ တောင်းယူ ခဲ့ကြောင်း ရွှေလီ မြို့တွင် နေ ထိုင် သူ တစ်ဦးမှ RB News သို့ပြောပါသည်။

အဆိုပါ မွတ်စလင် ခရီးသွား ၃ ဦးသည် ရွှေလီမြို့တွင် နေထိုင်၍ စီးပွား ရှာဖွေ စားသောက် နေသည်မှာ အချိန်ကာလာ ကြာမြင့်လာပြီ ဖြစ်သောကြောင့် တရုတ် နိုင်ငံတွင် ယာယီ နေထိုင်ခွင့် ကဒ်ပြား ရရှိထားသူ များဖြစ်သည်။ ထိုကဒ်ပြားသည် တရုတ်နိုင်ငံ တွင်နေထိုင်ရန် သာဖြစ်ပြီး၊ ၎င်းတို့သည် မြန်မာ နိုင်ငံ လ၀က မှ နယ်စပ် ဖြတ်သန်းခွင့် လက်မှတ် ကိုလည်း ကိုင်ဆောင် ထားသူများ ဖြစ်သည်။ 

“ကျွန်တော်တို့ ကိုင်ထားတဲ့ မြန်မာ Border Pass က ၆ ညအိပ် ၇ ရက် နေလို့ ရတယ်။ ၇ ရက် ပြည့်ရင် မူဆယ်ဖက် ကိုဝင်ပြီး သက်တမ်း ပြန်တိုး ရတယ်။ တရုတ်ပြည်က ကဒ်ပြား ရဖို့က တော်တော်လေး မလွယ်ဘူး။ အခု မူဆယ် အလယ်ပေါက် ရွှေနန်းတော်ဂိတ် ကနေပြန်အထွက်မှာ တရုတ်ကဒ် ကိုင်ထား တယ် ဆိုပြီး အကြောင်းမဲ့ ငွေညှစ် တာပါ။ တရုတ်ပြည်မှာ လုပ်ကိုင် စားသောက် နေတဲ့သူတွေ တော်တော် များများမှာ အဲဒီ တရုတ်ကဒ် ရှိတယ်။ လ၀က တွေက မွတ်စလင် တွေကို ရွေးပြီး ပြဿနာ ရှာတာပါ။” ဟု ရွှေလီမြို့မှ မွတ်စလင် တစ်ဦးမှ RB News သို့ပြောပါသည်။

“ဒီနေ့ ကျွန်တော် တို့ထဲက ၃ယောက်ကို တ ရုတ်ကဒ် ကိုင် တယ် ဆိုပြီး တစ်ယောက်ဆီက ၂သိန်း ၊ နောက် နှစ် ယောက် ဆီ က ၃ သိန်းဆီ ယူလိုက် ပါတယ်။ ငွေယူတဲ့ လ၀က က ယူနီဖောင်း အ င်္ကျီချွတ် ထားပြီး စွတ်ကျယ် ၀တ်ထားတော့ နာမည်နဲ့ ရာထူးကို မှတ်လို့ မရလိုက်ဘူး။ ငွေယူတဲ့ အ ချိန် မြန်မာ စံတော်ချိန် ၁၀ နာရီခွဲ လောက်မှာပါ။ အလယ်ပေါက် ရွှေနန်းတော် ဂိတ်မှာပါ။” ဟု ၎င်းမှ ဆက် လက် ပြောပါသည်။ 

မွတ်စလင် ခရီးသွား များကို ယခုကဲ့သို့ ပြဿနာ ရှာ၍ ငွေညှစ် နေခြင်းမှာ ယခုမှ မဟုတ်ဘဲ အချိန် အတော် ကြာပြီ ဖြစ်ကြောင်း သိရှိ ရပါသည်။ 

Comment ရေးရန်

Pages 22123456 »
Rohingya Exodus