ဘူးသီးတောင် မြို့တွင် တပ်ကြပ်ကြီး တစ်ဦးမှ အီးဒ်နေ့တွင် သောက်စား မူးယစ်ပြီး ဘာသာရေး စော်ကား
RB News
11.8.2013
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့တွင် သြဂုတ်လ (၉) ရက်နေ့၌ ကျရောက်သော အီးဒ်နေ့က အမြောက် တပ်ရင်း (၃၇၈) မှ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဘသန်း၏ ကိုယ်ရေး အရာ ရှိ ဖြစ်သူ တပ်ကြပ်ကြီး မင်းမြင့်မှ သောက်စား မူးယစ်၍ ဒေသခံ ရိုဟင်ဂျာ အချို့ကို ရိုက်နှက် ခြင်းနှင့် ဘာ သာရေး စော်ကားမှုများ ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိပါသည်။
“အီးဒ်နေ့ ညနေပိုင်း မှာပါ။ ကျွန်တော်တို့ ဘူးသီးတောင် မြို့ထဲက ခွဆုံကို အမြောက်တပ် ၃၇၈ က တပ်ကြပ်ကြီး မင်းမြင့် လာပြီး အဲဒီ အနီး တ၀ိုက်မှာ တွေ့သမျှ လူတွေကို ရိုက်တယ်။ ပြီးတော့ လဘက်ရည် ဆိုင်က ခုံတွေကို ရိုက်ချိုး ပစ်တယ်။ ပြီးတော့ မင်းတို့ ကုလားတွေကို အီးဒ် လုပ်ခွင့် မပေးနိုင်ဘူး။ မင်းတို့ ကုလားတွေ အကုန်လုံးကို သတ်ပစ်မယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီး တော့လည်း ရစရာ မရှိအောင် စော် ကားတယ်။” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
တပ်ကြပ်ကြီး မင်းမြင့်သည် ယခုမှ မဟုတ်ဘဲ အမြောက် တပ်ရင်းသို့ ရောက်ရှိသည့် အချိန်မှ စ၍ ဘူး သီးတောင် မြို့ပေါ်ရှိ ဒေသခံ ရိုဟင်ဂျာ များနှင့် ရွာများရှိ ရိုဟင်ဂျာ များကို နည်းမျိုးစုံဖြင့် ညှင်းပန်း နှိပ် စက် လျက် ရှိသည့်အပြင် ဘာသာရေး အရလည်း အမြဲတစေ စော်ကားမှု များပြုလုပ်လျက် ရှိကြောင်း သိရ သည်။
“တပ်ထဲမှာတော့ ဆရာကြီး မင်းမြင့်ပေါ့ဗျာ။ ကျွန်တော်တို့ မြို့ပေါ်နဲ့ ရွာထဲမှာ နည်းပေါင်းစုံနဲ့ နှိပ်စက် ညှင်း ပန်း နေတာ ကြာပါပြီ။ သူ့မှာ အသက်ကြီးငယ် လေးစား မှုလည်း မရှိဘူး။ ဆိုင်ကယ်စီး သွားတဲ့လူကို တား ပြီး ဆိုင်ကယ်လု ချင်ရင် လုတယ်။ လမ်းလျှောက် သွားနေတဲ့ လူရဲ့ အိတ်ထဲ ပါတဲ့ ပိုက်ဆံကို လုချင် လည်း လုတယ်။ အဆိုးဆုံး ကတော့ မုတ်ဆိတ် ရှိတဲ့ လူတွေကို မုတ်ဆိတ် ဆွဲပြီး ရိုက်နှက် တာ တွေ ပါ” ဟု ၎င်း က ဆက်လက် ပြောပါသည်။
ရွာများသို့ သွားလည်းလျှင် အမျိုးသမီး ကလေး မကျန် ရိုက်နှက် စော်ကားမှု များပြုလုပ်၍ ရသမျှ ပစ္စည်း ယူခြင်း၊ အိမ်မွေးကြက်ပါ မကျန် ယူခြင်းများ ပြုလုပ်သည်ဟု ဆိုသည်။
“ဘူးသီးတောင်မှာ အဲဒီ တပ်ကြပ်ကြီး လောက်ဆိုးသွမ်းတဲ့ စစ်သား မရှိဘူး။ ဥပဒေက ကျွန်တော်တို့ ဘက် မှာ မရှိတော့ အမှုဖွင့်ရင် အမှုဖွင့်တဲ့သူ ငွေညှစ်ခံ ရမှာမို့ ကျွန်တော်တို့ အမြဲသည်းခံ နေရတယ်” ဟု အဆို ပါ ဒေသခံမှ ပြောပါသည်။