နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲတွင် ဓါးပြတိုက်သူများ ရဲတပ်ရင်းမှူးနှင့် ဆက်နွယ်မှု ရှိနိုင်ဟု ဒေသခံများ ယူဆ

RB News
13.9.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၊ ကျွန်းပေါက် ပြု စု ကျေးရွာ အုပ်စု၊ ဖက်လီပြင်ရွာရှိ ဦးဘာဆဲရ် (ဘ) ဦးအုမာရ် ဟမ်ဇား၏ နေအိမ်ကို လက်နက် ကိုင် ဆောင်ထားသူ (၁၂) ဦးမှ စက်တင်ဘာလ (၄) ရက်နေ့ ည ၁၁ နာရီခွဲ ခန့်တွင် ၀င်ရောက်၍ ဓါးပြ တိုက်ခဲ့ သည်။ 

လက်နက်ကိုင် ဆောင်ထားသူ (၁၂) ဦးမှ ဦးဘာဆဲရ်အား တရားမ၀င် လက်ကိုင်ဖုန်း စစ်ဆေးရန် ရှိ၍ တံ ခါး ဖွင့်ပေးရန် ဗမာ စကားဖြင့် ပီပီသသ ပြောဆို ခဲ့သည်။ သို့သော်လည်း အိမ်ရှင် ဖြစ်သူ ဦးဘာဆဲရ်က တံ ခါး ဖွင့်မပေးသည့် အခါ အဆိုပါ ဓါးပြ များမှ လက်ကိုင်ဖုန်း စပီကာကို ဖွင့်၍ တစ်ဖက်သို့ “ဗိုလ်ကြီး တံခါးဖွင့် မပေးဘူး” ဟု ပြောဆို ခဲ့သည်။ တစ်ဖက်မှ “ခြေထောက်နဲ့ ကန်ဖွင့်ကွာ” ဟု ပြောဆိုသော အသံကို ဦးဘာဆဲရ် တို့ မိသားစုမှ ကြားခဲ့ ရသည်။ ထိုသို့ ပြောဆိုသံ ကြားပြီးနောက် ဓါးပြ များမှ တံခါးကို ကန်ဖွင့်၍ နေအိမ် အတွင်းရှိ မိသားစု အားလုံးကို သံကြိုးဖြင့် ချည်နှောင် ဖမ်းဆီးပြီး၊ နေအိမ်ရှိ ငွေကျပ် သိန်း ၂၀ ကျော်၊ ရွှေနှင့် အခြား ပစ္စည်းများကို လုယူ သွားခဲ့သည်။ ယင်းနောက် ၎င်းတို့သည် သန်းခေါင်းယံ ၁ နာရီ ကျော်အချိန်တွင် ကျွန်းပေါက် ပြုစု ကျေးရွာ အုပ်စု၊ ဘော်တလီ (၂) ရွာတွင်လည်း အိမ်တစ်အိမ်ကို ဓါးပြတိုက် ခဲ့သည်။ 

ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု၊ ဖက်လီပြင်ရွာနှင့် တစ်ဖာလုံခန့် အကွာတွင် အမှတ် ၃၅၃ တပ် မတော် ခြေ လျင် တပ်ရင်းမှ ဗိုလ်ကြီး ဇေယျာထွန်း ဦးဆောင်သော တပ်ခွဲ တစ်ခွဲ သည် ကျောက်ချောင်း ကျေးရွာ စာသင်ကျောင်း တွင် ရှိခဲ့သော်လည်း ဓါးပြ တိုက်နေခြင်းကို အချိန်မှီ ကာကွယ် ပေးနိုင်ခြင်း မရှိဘဲ၊ ဦးဘာ ဆဲရ်၏ အိမ်ကို သွားရောက် စစ်ဆေး နေချိန်တွင် အဆိုပါ ကျေးရွာ အုပ်စုတွင် အခြား အိမ်တစ်အိမ်ကို ဓါးပြ တိုက်ခဲ့သည် ကိုလည်း အကာ အကွယ် မပေးနိုင် ခဲ့ကြောင်း သိရှိ ရပါသည်။ 

ဓါးပြ တိုက်ခံ ရသည့် မိသားစု များကို အာဏာပိုင် များက ခေါ်ယူ စစ်ဆေးပြီး၊ ထွက်ဆိုချက် ယူရာတွင် ကာယကံရှင် များက ၎င်းတို့ မြင်သည့် ကြားသည့် အတိုင်း ထွက်ဆိုသော်လည်း၊ ခြိမ်းခြောက် ဆဲဆို၍ အာဏာပိုင် များ၏ စိတ်တိုင်းကျ အတိုင်းသာ ထွက်ဆိုချက် များကို ရေးသား ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

လုံထိန်း အမှတ် (၂) တပ်ရင်း၊ တပ်ရင်းမှူး ဒု-ရဲမှူးကြီး အောင်ကိုဦးသည် ယခင် နစက ကသတ်မှတ် ခဲ့ သည့် နယ်မြေ ၄၊ ၅၊ ၆ ကို လုံခြုံရေး တာဝန် ယူထားသူ ဖြစ်ပြီး၊ ယင်း နယ်မြေ များကို ကွပ်ကဲနေသူ တစ် ဦး ဖြစ်သည်။ ၎င်းသည် လူကြီးတစ်ဦး ဖြစ်သော်ငြားလည်း တိရစ္ဆာန်ရိုင်း ထက်ပင် ဆိုးရွားကြောင်း အဆို ပါ ဒေသခံမှ ပြောပါသည်။

စက်တင်ဘာလ (၉) ရက်နေ့ ညနေပိုင်းတွင် ကြိမ်ချောင်း ရဲစခန်းမှ ၎င်းနေထိုင်ရာ နယ်မြေ (၅) ငါးခူရ သို့ပြန်လာချိန်တွင် လမ်းတွင် တွေ့သည် ရိုဟင်ဂျာ များကို ခြေ၊ လက်များ သုံး၍ ရိုက်နှက် ခဲ့သည်။ အလား တူပင် စက်တင်ဘာလ (၁၀) ရက်နေ့ နေ့လည် ၂ နာရီနှင့် ၃ နာရီ ကြားတွင် ၎င်း တပ်ရင်းမှူး ဒု-ရဲမှူး ကြီး အောင်ကိုဦးသည် အရက်မူး၍ ငါးခူရ ဈေးသို့ ၀င်ပြီး လူပေါင်း ၃၀ ခန့်ကို ဆဲဆို တိုင်းထွာ၍ ရိုက်နှက် ခဲ့သည်။ ရိုက်နှက် ခံရသူ များတွင် -- 

(၁) ဦးမာမတ်ဆလာမ် (ဘ) ဦးနူရ်အစ္စလာမ် (ငါးခူရ ကျေးရွာမှ)
(၂) ဦးဂျူနိုက် (ဘ) မော်လ၀ီ ဦးဂျမီလ် (ငါးခူရ ကျေးရွာမှ မူလတန်းပြ ဆရာ)
(၃) ဦးဘော်ဒီယာ (ဘ) ဦးရာဇူမျာ (ငါးခူရ ကျေးရွာမှ)
(၄) မော်လ၀ီ ဦးရရှစ် (အထက်ပြူးမ ကျေးရွာမှ) -- တို့ အပါအ၀င် ဖြစ်သည်။ 

ဓါးပြ တိုက်ခံရသည့် မိသားစု များကို ဓါးပြ တိုက်သူ များမှာ ရဲများ မဟုတ်ဘဲ ဘင်္ဂလီများဟု သာ ထွက် ဆိုရန် အများဆုံး ခြိမ်းခြောက် ဆဲဆို၍ ဖိအားပေး ခဲ့သူမှာ အဆိုပါ တပ်ရင်းမှူး ဖြစ်သည်။ စက်တင် ဘာလ (၄) ရက်၊ (၈) ရက်နှင့် (၉) ရက်နေ့ များတွင် ဓါးပြ တိုက်ခံ ရသည့် အိမ်များမှာ ကျွန်းပေါက် ကျေး ရွာ အုပ် စု၊ လောင်းဒုံး ကျေးရွာနှင့် ငန်းချောင်း ကျေးရွာ အုပ်စု တို့သည် ၎င်း၏ အပိုင် နယ်မြေ များတွင် ရှိ သည့် ကျေးရွာ များဖြစ်ပြီး၊ ရဲများဟု မထွက်ဆိုရန် ဖိအားပေးမှုကြောင့် အဆိုပါ ဓါးပြမှု များတွင် ရဲတပ် ရင်း မှူး ဒု-ရဲမှူးကြီး အောင်ကိုဦးနှင့် ဆက်နွယ်မှု ရှိသည်ဟု ယူဆရကြောင်း ဒေသခံ များက ဆိုသည်။


Comment ရေးရန်

Rohingya Exodus