နောက်ဆုံးသတင်း/ဆောင်းပါးများ

မဟုတ်မမှန် စွပ်စွဲ၍ ညီအစ်ကို ၅ ဦးကို ရဲများက ဖမ်းပြီး ညှဉ်းပန်း နှိပ်စက်ရာတွင် တစ်ဦးသေဆုံး

RB News
12.9.2013

မောင်တော ။ ။ စက်တင်ဘာလ ၉ ရက်နေ့ ညတွင် ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ငန်းချောင်း ကျေး ရွာ အုပ်စုရှိ ဦးအက်ဘာရ်၏ နေအိမ်ကို ရဲများက ၀င်ရောက်၍ ဓါးပြတိုက် ခဲ့သော်လည်း ရိုဟင်ဂျာ လူမျိုး ၅ ဦးကို မတရား စွပ်စွဲ၍ ဖမ်းဆီး ခဲ့သည်။ ဖမ်းဆီး ခံရသူ များမှာ ညီအစ်ကို ၅ ဦး ဖြစ်ပြီး၊ ညှဉ်းပန်း နှိပ်စက် မှုကြောင့် တစ်ဦး သေဆုံး သွားကြောင်း သတင်း ရရှိပါသည်။ 

မောင်တော ခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ လုံထိန်း အမှတ် (၂) တပ်ရင်းမှူး၊ နယ်မြေ ၄၊ ၅၊ ၆ တို့၏ တာဝန်ခံ ဒုတိယ ရဲမှူးကြီး၊ လုံခြုံရေး တာဝန် ထမ်းဆောင် နေသော တပ်မတော် တပ်ရင်းမှူး၊ ကြိမ်ချောင်း ရဲတပ်ဖွဲ့၊ ကြိမ်ချောင်း သတင်း တပ်ဖွဲ့၊ စရဖ အဖွဲ့၊ ငါးခူရ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းအောင်၊ ခြံပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးချေနှင့် မြို့သစ် ကျေးရွာ အုပ်စုမှ ဦးဘချစ် တို့သည် စက်တင်ဘာလ (၁၀) ရက်နေ့ နံနက်ပိုင်းတွင် ဘူးရား ချိတ္တာ ဖာရာ သို့သွားရောက်ပြီး ဦးရှဉ့်ကျ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသား ညီအစ်ကို ၅ ဦး ဖြစ်သည့် -- ဦးအဘူတာဟဲရ်၏ သားဖြစ်များ ဖြစ်သည့် -- (၁) မိုဟာမတ် အာမီးန် (အသက် ၂၅ နှစ်)၊ (၂) ရှော်မူလုခ် (အသက် ၃၂ နှစ်)၊ (၃) နူရ်ဟာရှင်မ် (အသက် ၃၀ နှစ်)၊ (၄) မိုဟာမတ် ဟာရှင်မ် (အသက် ၂၈ နှစ်) နှင့် (၅) မိုဟာမတ် စလင်း (အသက် ၁၈ နှစ်) တို့ကို ခေါ်ယူ စစ်ဆေး ခဲ့ သည်။

ထိုသို့ စစ်ဆေးရာတွင် တရားခံ မဟုတ်သူ များဖြစ်သဖြင့် တပ်မတော် တပ်ရင်းမှူးမှ ပြန်လွှတ် ပေးခဲ့သည်။ သို့သော်လည်း ငါးခူရ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ခြံပြင် အုပ်ချုပ်ရေးမှူးနှင့် မြို့သစ် ကျေးရွာမှ ဦးဘချစ် တို့ ၏ စွပ်စွဲမှု များကြောင့် ဌာန ဆိုင်ရာ များမှ အဆိုပါ ညီအစ်ကို ၅ ဦးကို ဖမ်းဆီး၍ ကြိမ်ချောင်း ရဲစခန်း သို့ ခေါ်ဆောင် သွားခဲ့သည်။

စခန်း အရောက်တွင် အာဏာပိုင် များအလိုကျ အတိုင်း ထွက်ဆိုရန် ရိုက်နှက်၍ ဖိအားပေး ညှဉ်း ပန်း နှိပ် စက်ခဲ့ရာ၊ ယင်းနေ့ နေ့လည် ၁ နာရီ ကျော်တွင် မိုဟာမတ် အာမီးန် (အသက် ၂၅ နှစ်) မှာ ရဲများ၏ လူမ ဆန် မှုကြောင့် သေဆုံး သွားခဲ့သည်။ အလောင်းကို ရဲစခန်းမှ မောင်တော ဆေးရုံသို့ ချက်ချင်း ပို့ခဲ့သည်။ ထိုအချိန်တွင် ဦးရှဉ့်ကျ ကျေးရွာ အုပ်ချုပ်ရေးမှူး မှာလည်း မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူးထံ သွားနေ သည့် အချိန် ဖြစ်ပြီး အဆိုပါ သေဆုံးမှု သတင်း ရပြီး မောင်တော ဆေးရုံသို့ သွားရောက် စစ်ဆေး ခဲ့သည်။ ထိုမှ တဆင့် မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူးအား အလောင်းကို မိသားစုသို့ လွှဲအပ် ပေးရန် အကူ အ ညီ တောင်းခဲ့သည်။ မောင်တော အုပ်ချုပ်ရေးမှူးမှ ခရိုင် ရဲတပ်ဖွဲ့မှူးကို အလောင်း ထုတ်ပေးရန် ပန်ကြား ရာ၊ ခရိုင် ရဲတပ်ဖွဲ့မှူးက အလောင်း ထုတ်ပေးရန် ငြင်းဆန် ခဲ့သည်။ 

သေဆုံး သွားသူ မိုဟာမတ် အာမီးန် သည် ဦးရှဉ့်ကျရွာတွင် ငွေကြေး ချမ်းသာသူ တစ်ဦး ဖြစ်ပြီး၊ ပုဇွန်ကန် လုပ်ငန်း လုပ်ကိုင်သူ တစ်ဦး ဖြစ်သည်။ ထို့အပြင် ဌာန ဆိုင်ရာ၊ အစိုးရ အဖွဲ့အစည်း များကို အမြဲ ကူညီ နေ သူ တစ်ဦး ဖြစ်သည်။ ဒေသခံ တစ်ဦးက ငါးခူရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းအောင်၊ ခြံပြင် ကျေး ရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးချေ နှင့် မြို့သစ် ကျေးရွာမှ ဦးဘချစ် တို့၏ မနာလို မုန်းတီးမှုကြောင့် ယခုကဲ့သို့ ဓါးပြမှု တွင်ပါဝင်သည်ဟု မဟုတ် မမှန် စွပ်စွဲ၍ လုပ်ကြံခြင်း ဖြစ်ကြောင်း RB News သို့ပြောပါ သည်။ 

ဦးဇော်ဝင်းအောင်၊ ဦးဖိုးချေနှင့် ဦးဘချစ် တို့သည် ၂၀၁၂ ခုနှစ်တွင် အကြမ်းဖက် မှုများ ဖြစ်ပေါ်ရန် လှုံ့ဆော် သူ များ ဖြစ်ပြီး၊ နယ်စပ်ရှိ ရခိုင် သူပုန် များနှင့်လည်း အဆက် အသွယ် ရှိသူ များဖြစ်သည်။ ၎င်းတို့ သည် ရဲများနှင့် ပူးပေါင်း၍ ရိုဟင်ဂျာ လူမျိုး များကို အမြဲတစေ ဒုက္ခပေး သူများ ဖြစ်သည်။ 

ရဲများ လူမဆန်စွာ နှိပ်စက်၍ သေဆုံး ခဲ့ရသူ မိုဟာမတ် အာမီးန်၏ အလောင်းကို မိသားစု များထံ ပြန် မပေးဘဲ၊ ယနေ့ နေ့လည် ၃ နာရီတွင် ငါးခူရ ကျေးရွာ အုပ်စု၊ အမှတ် (၂) ရပ်ကွက်ရှိ သင်္ချိုင်းတွင် ရဲများ သွား၍ သဂြိုဟ် ခဲ့ကြသည်။ ထိုသို့ သဂြိုဟ် ရာတွင် အစ္စလာမ် ဘာသာ ထုံးထမ်း စဉ်လာ အရ ဂျနာဇား နမားဇ် (သေဆုံးသူ အတွက် စုပေါင်း ၀တ်ပြုခြင်း) ကိုပင် မပြုလုပ်ဘဲ သဂြိုဟ်ရန် ရဲများက ပြုလုပ်သဖြင့်၊ အဝေးမှ လာရောက် ကြည့်ရှု နေသော ဆွေမျိုးများက အနည်းဆုံး ဂျနာဇား နမားဇ် ၀တ်ပြု၍ သဂြိုဟ် ရန် တောင်းဆိုရာ၊ နောက်ဆုံးတွင် ရဲများက ဘာသာရေး ဆရာ တစ်ဦး ခေါ်လာပြီး ဂျနာဇား နမားဇ် ၀တ်ပြု ခိုင်းပြီး သဂြိုဟ် လိုက်ကြောင်း သိရှိ ရပါသည်။ မိသားစုကို အလောင်းကို မအပ်နှံ သည့်အပြင် ကြည့်ရှု ခွင့်ပင် မပေးခဲ့ကြောင်း၊ သို့သော်လည်း မိသားစု များမှာ သင်္ချိုင်း၏ အပြင်မှ ရပ်၍ အဝေးမှသာ ကြည့်ရှုခွင့် ရခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။


Comment ရေးရန်

Rohingya Exodus